ပတ်သက်သူမှ သက်ဆိုင်သူများသို့
ခင်မင်လေးစားရတဲ့
အမျိုးသားလူကြီး၊ လူငယ်များခင်ဗျား
…
ပင်မအမြစ်မရှိဘဲ၊ ရေလောင်းသူမရှိဘဲ သစ်ပင်ကြီးဘယ်လိုရှင်သန်ကြီးထွားနိုင်မှာလဲ။ မျိုးဆက်သစ်များ ဘယ်လို ပြန့်ပွားနိုင်မလဲ။ အတိတ်က မြိုခမိ
ရှိခဲ့လို့ ယခုတိုင်
မြိုခမိတွေ ရပ်တည်နေကြ တယ်ဆိုတာ ဘယ်သူမျှငြင်းလို့
မရတဲ့အချက်ပါပဲ။
ထင်းအောင်ကျောင်းနေတုန်းက ကြားခဲ့ရတဲ့
ဗဟုသုတတစ်ခုကို ပြောပြချင်ပါတယ်။ ထင်းအောင်
ကျောင်းမှထွက်ပြီး စစ်တွေမြို့
ဗဟိုဥယျာဉ်မှာကျေးလက်မှူးသင်တန်းတက်ရောက်ခဲ့ပါတယ်။ တစ်နေ့မှာ
စစ်တွေမြို့ မိဇံရပ်ကွက်သို့ အလည်သွားခဲ့တယ်။
စစ်တွေမြို့ မိဇံရပ်ကွက်မှာနေတဲ့ ကျင်သန်ဦးအောင်လေ
(မြေငူကျွန်း၊ ညောင်ပင်ချိုင်ရွာဦး မောင်ပိန်ရဲ့
ဘကြီး) က
ထင်းအောင်ကို ပြောပြပါတယ်။
“မင်းတို့ ငါတို့ဟာ ကုလားတန်မြစ်ဖျား၊ ဆမီးချောင်းဖျားမှ အတူတကွ ဆင်းလာသူများဖြစ်ကြတယ်။ မင်းတို့က ချောင်းဖျားမှာ ကျန်ခဲ့ပြီး ငါတို့က ချောင်းဝကို ရောက်သွားခဲ့ကြတယ်။ တစ်ချို့ကဘူးသီးတောင်၊ မောင်တောဘက်ကို ရောက်သွားကြပြီး တစ်ချို့က စစ်တကောင်းဘက်ကို ရောက်သွားကြတယ်။ ငါတို့ကို ချောင်းဝနေ ‘ဝါကုံး’
လို့ခေါ်ပြီး မင်းတို့ကို ချောင်းဖျားနေ ‘အရိုင်’
လို့ခေါ်ကြတယ်။ ဝတ်စားဆင်ယင်မှု၊ ယဉ်ကျေးမှုတွေလည်း တူကြတယ်။ တစ်ဦးနဲ့တစ်ဦး မခွဲခြားကြရဘူးနော်။ စစ်တွေမြို့ကို မင်းတို့ ငါတို့စကားနဲ့ ‘အင်ပေါက်ကုန်’ လို့ခေါ်ပြီး မြို့ဟောင်းမြို့ (ယခု မြောက်ဦး) ကို
‘လခုံးကုန်’ လို့ ခေါ်တယ်။ မှတ်ထားကြကွဲ့။ မြောက်ဦးမြို့ကို မင်းတို့ ငါတို့ ရှင်ဘုရင် ပဲဖြူမင်းက တည်ခဲ့တယ်လို့ ဓညဝတီ ရာဇဝင်မှာ ရေးထားတယ်။”
ထင်းအောင်လေ့လာသလောက်ဆိုရင် အတိတ်က
မြိုခမိတွေလည်း မိမိနိုင်ငံ၊
မိမိလူမျိုးအတွက် အခြားတိုင်းရင်းသားတွေနဲ့ လက်တွဲပြီး
ကိုလိုနီနယ်ချဲ့တွေကို စွမ်းစွမ်းတမံတော်လှန်ခဲ့ကြတယ်။ ကိုလိုနီခေတ်က တောင်မင်းဆိန်ဒါနဲ့
တောင်မင်းစပင်တို့ဟာ သူ့ကျွန်မခံတိုက်ပွဲ ဝင်ခဲ့ကြတယ်။
ဖက်ဆစ်တော်လှန်ရေးခေတ်တုန်းကလည်း ဆရာတော်ဦးပညာဝံသ
(ညောင်ပင်လှ ဆရာတော်)
ပါဝင်ခဲ့တယ်။ ၁၉၄၇
ခု မြေပုံကြာအင်းဆိပ်ညီလားခံမှာ ဗိုလ်ချုပ်အောင်ဆန်းတို့ တက်ရောက်ခဲ့တယ်လို့ သိရတယ်။
၁၉၈၈ အရေးအခင်းကာလမှာ စစ်တွေမြို့
ခေမာမဏ္ဍိုင်ကျောင်းတိုက်မှာ ဆရာတော်ဦးဝိသုဒ၊ ဦးကလျာဏနဲ့
ဦးသောနတို့ ဦးဆောင်
နာယကပြုလုပ်ပြီး မြိုခမိညီညွတ်ရေးကို တည်ဆောက်ခဲ့တယ်။
တစ်ခုတည်းသော အမည်ကို
ခံယူရန် ဆုံးဖြတ်ချက်ရရှိခဲ့ကြတယ်။
ခင်မင်လေးစားရတဲ့
အမျိုးသားလူကြီးလူငယ်များခင်ဗျား-
လူတိုင်းမှာ မီးခဲပြာဖုံးသော၊ လတ်ဆတ်သော
အတွေးအမြင်များ ကိုယ်စီ
ရှိကြမည်ပါ။ ကျွန်တော်တို့ ကိုယ့်အမြင်၊
သူ့အမြင် ဆွေးနွေးကြမယ်။ ဆွေးနွေးကြတဲ့အခါမယ်
ကိုယ့်အမြင်က ဥသုံမှန်ရမယ်။ သူ့အမြင်က
မဟုတ်ဘူးလို့ မခံယူသင့်ပါ။
မိမိတို့ရဲ့အတိတ်၊ ပစ္စုပန်၊
အနာဂတ်များကို မိမိတို့အသိ၊
အမြင်၊ အတွေ့အကြုံတွေကို အခြေခံပြီး
အပြန်အလှန်သုံးသပ်စကားဝိုင်း (Evaluation Talks) ပြုလုပ်ချင်တဲ့ဆန္ဒ ရှိခဲ့တယ်။
ဒါပေမယ့် အခြေအနေက
မပေးတော့ ဒီလိုပဲ
စာအားဖြင့် စကားဝိုင်းဖွဲ့ကြရအောင်ပါ။
ပတ်သက်သူ (စာရေးသူ)
မှ စကားဝိုင်းမှာ အချက်သုံးချက်ကို
တင်ပြပါ့မယ်။
(၁) လုပ်ဆောင်ချက်
(Performance) ကို ‘ အမြစ်’
ဟူ၍၎င်း၊
(၂) အကျိုးရလဒ်
(Profit) ကို ‘အသီး’
ဟူ၍၎င်း၊
(၃) ဆုံးရှုံးမှု
(Lost) ကို ‘အရွက်’
ဟူ၍၎င်း ဥပမာထားပြီး
တင်ပြပါ့မယ်။
“အမြစ်”
(၁) ရှေးလူကြီးများ
ရပ်ရွာပြည်ထောင်တည်ပြီး အုပ်ချုပ်ကြခြင်း၊ တရာစီရင်ကြခြင်း၊
မျှဝေခံစား ကူညီရိုင်းပင်းကြခြင်း
(၂) မိမိတို့ရဲ့
ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံ၊ ဝတ်စားဆင်ယင်မှု၊ အနုပညာတေးဂီတများကို
ထိန်းသိမ်းစောင့်ရှောက်ကြခြင်း
(၃) နိုင်ငံလွတ်လပ်ရေးကြိုးပမ်းမှုတွင်ပါဝင်ခြင်း
(၄) မိမိတို့သားသမီးများအား
ပညာသင်ပေးခြင်း
(၅) မြိုခမိကျောင်းသူ/သားများ
တက္ကသိုလ်ပညာသင်အသင်းဖွဲ့၍ ထောက်ပံ့ကူညီကြခြင်း
(၆) လူမျိုးတစ်မျိုးတွင်
စာပေရှိရန် အရေးကြီးခြင်းကို သိရှိကြ၍
မြိုခမိစာပေများကို တီထွင်ကြံဆကြခြင်း
(ရ) မြိုခမိစည်းလုံးညီညွတ်ရေး၊ တစ်ခုတည်းသော အမည်ကို
ရရှိရန် တည်ဆောက်ကြခြင်း
(၈) စီးပွားရေးရှာကြံကြခြင်း
“အသီး”
(၁)
ပညာတတ်ဘွဲ့ရများရှိလားခြင်း
(၂) နိုင်ငံဝန်ထမ်းများရှိလာခြင်း၊ အချို့အရာရှိအဆင့်
ရှိလာခြင်း
(၃) မြိုခမိစာပေရှိလာခြင်း
(၄) မိမိတို့မြိုခမိဘာသာစကားကို ဂုဏ်ယူစွာပြောဆိုလာခြင်း
(၅) တီထွင်ဆန်းသစ်သော မြိုခမိသီချင်းခွေအချို့ထုတ်ဝေနိုင်ကြခြင်း
(၆) စီးပွါးရေးအမြင်များရှိလာခြင်း
(၇) မြိုခေါ်ခမိပါတီကိုရရှိခြင်း
(၈) အမျိုးသားညီလာခံ တက်ရောက်ကြခြင်း
(၉)
ဗုဒ္ဒဘာသာ၊ ခရစ်ယာန် ဘာသာရေးဘွဲ့ရသူများ ရှိလာခြင်းနှင့်
အချို့နိုင်ငံခြားပညာသင်ကြခြင်း
(၁၀) ကျေးရွာ အိမ်ရာတည်ဆောက်ပုံများစနစ်ကျမှုရှိလာခြင်း
“အရွက်”
(၁) ဒေသစွဲ၊ ဂိုဏ်းဂနစွဲ၊ ပုဂ္ဂိုလ်စွဲရှိလာခြင်း
(၂) ဗဟုသုတခေါင်းပါး၍ ယုံလွယ်ကြခြင်း
(၃) ဆင်းရဲမွဲတေကြခြင်း
(၄) ဗေဒင်ယတြာကို အားကိုး၍ ကံကိုယိုးမယ်ဖွဲ့ကြခြင်း
(၅) နောက်ဆံတင်းကြခြင်း
(၆) အငှါးဘာသာစကားကို ပေါင်ဖွဲ့၍ပြောကြခြင်း၊ ဂုဏ်ယူကြခြင်း
(၇) မိမိလူမျိုးကို အထင်သေး၍ တစ်ပါးအမျိုးသားတို့အား
အထင်ကြီးလွန်းခြင်း
(၈) မိမိတို့ရိုးရာတေးကဗျာ၊ ပုံပြင်နှင့် ဝေါဟာရများပျောက်ကွယ်သွားကြခြင်း
(၉) မိမိတို့ရရှိထားသော စာပေကို လက်မခံသူအချို့ရှိကြခြင်း
(၁၀) စာတတ်မြောက်သူများ၊ နိုင်ငံဝန်ထမ်းများ အချို့
မိမိလူမျိုးခံရမှာကို ရှက်ကြောက်ခြင်း
(၁၁) မြို(ခေါ်)ခမိ ပါတီ နှစ်ခြမ်းကွဲသွားခြင်း
(၁၂) ခေါင်းဆောင်ကောင်းများများမရှိသေးသလို နောက်လိုက်ကောင်းများ
လိုအပ်နေသေးခြင်း
(၁၃) တက္ကသိုလ်ပညာသင်အသင်း မရှိတော့ခြင်း
နိဂုံးချုပ်အနေဖြင့်
တင်ပြချင်တာက--
ဖေါ်ပြခဲ့သော
စာရေးသူရဲ့ “အမြစ်၊ အသီး၊ အရွက်” အချက်အလက်များသည်
အားလုံးပြီးပြည့်စုံ၍ မှန်ကန်ပြီဟုမဆိုနိုင်ပါ။
သက်ဆိုင်သူများရဲ့ လတ်ဆတ်သောအတွေးအမြင်များ၊
ကိုယ့်အမြင်၊ သူ့အမြင်များဖြင့် ဒီကနေ့ မြိုခမိတွေ ရင်ဆိုင်နေရတဲ့ ဇစ်မြစ် (Main Cause) တွေက ဘာတွေလဲ။ ဖြေရှင်းရမည့် အရာတွေက
ဘာတွေလဲ ဆန်းစစ်သုံးသပ်ကြဖို့ အရေးကြီးနေပါပြီ။
သက်ဆိုင်သူလူကြီးလူငယ်များမှ အပြန်အလှန်
“သုံးသပ်ချက်” (Evalaution) စာတမ်းကို ရေးသားပို့ပေးကြမည်ဆိုပါက စုစည်းပြီး “စကားဝိုင်း”
စာအုပ်တစ်အုပ်အဖြစ် ထုတ်ဝေနိုင်ကြရန်ဖိတ်ခေါ်ကမ်းလှမ်းပါရစေ။
ထင်းအောင်(ကျောက်တော်)
၂၀၁၀
ပြည့်၊ နိုဝင်ဘာ (၂၁) ရက်
ဆက်သွယ်ရန်လိပ်စာ
ဦးလှပန်းအောင်
၃၈၃(ခ)၊
ကျိုက်လတ်လမ်း
အမှတ်(၁၀)
ရပ်ကွက်
ရွှေပြည်သာမြို့နယ်၊
ရန်ကုန်
ဖုန်း
၀၁-၆၁၀၄၀၀
(မြိုခမိသီချင်းများအားလုံး ကျွန်တော့်ဆီမှာ အပုဒ်ပေါင်း ၅၀ ကျော်လောက်ရှိသည်။ ငွေမလောက်သေးလို့ အားလုံး မတင်နိုင်သေးပါ။ mp3 ပလေယာ ဝယ်ရန် လိုအပ်သည်။ free ရခြင်းမှာ ၅ ပုဒ်သာဖြစ်သည်။ နောက်မှ တင်ပေးပါမည်။ လာလည်သူအားလုံးကို ကျေှးဇူးတင်ပါသည်။)
(မြိုခမိသီချင်းများအားလုံး ကျွန်တော့်ဆီမှာ အပုဒ်ပေါင်း ၅၀ ကျော်လောက်ရှိသည်။ ငွေမလောက်သေးလို့ အားလုံး မတင်နိုင်သေးပါ။ mp3 ပလေယာ ဝယ်ရန် လိုအပ်သည်။ free ရခြင်းမှာ ၅ ပုဒ်သာဖြစ်သည်။ နောက်မှ တင်ပေးပါမည်။ လာလည်သူအားလုံးကို ကျေှးဇူးတင်ပါသည်။)
No comments :
Post a Comment