မြိုခမိစာပေ အဖွဲ့ဝင်များဖြစ်ကြသော ဆရာထင်းအောင်၊ ဆရာကျော်မြနှင့်
ဆရာထွေးသာဖြူတို့သည် “တိုးရတနာ”
Express ဖြင့် ရခိုင်သို့
(၂၅.၃.၂၀၁၁)
နေ့ နံနက်
၈း၀၀ နာရီမှစတင်ခရီးထွက်ကြသည်။ ၂၆.၃.၂၀၁၁
နေ့ ကျောက်တော်ရောက်သည်။ ၂၈.၃.၂၀၁၁
နေ့တွင် မြိုခမိစာပေအဖွဲ့ဝင်များ ညှိနှိုင်း
အစည်းအဝေးပြုလုပ်ကြသည်။
၂၉.၃.၂၀၁၁
နေ့ ဆရာထင်းအောင်၊ ဆရာထွေးသာဖြူ၊
ဆရာမနီနီဝင်းနှင့် ဆရာမသန်းသန်းခိုင်တို့သည် စစ်တွေမှတဆင့် ပင်လယ်ပြင်ကိုဖြတ်၍
“စိုးမဲကျီ” ရွာသို့
မြိုခမိစာပေ သင်ကြားနိုင်ရန်သွားကြသည်။ စိုးမဲကျီမြိုခမိစာပေသင်ကြားသင်ယူမှုအကျိုးဆောင်အဖွဲ့က နွေးထွေးစွာ
ကြိုဆိုဧည့်ခံကျွေးမွေးသမှု ပြုကြပါသည်။
စိုးမဲကျီရွာ (ပေါက်တောမြို့နယ်)
ရှင်ဘုရင်မင်းဖလောင်း၏ မာန်အောင်ကျွန်းသူ စိုးမဲကျီမိဘုရား
ဆံတော်ရှင်ဘုရားဖူးမြော်ရန် လာသောလမ်းကမ်းနဖူးတွင်တည်ရှိသောကြောင့် ‘စိုးမဲကျီ’
ရွာဟု အမည်ခေါ်တွင်ကြောင်း သိရှိရသည်။
လွန်ခဲ့သောနှစ်ပေါင်း
(၁၀၀) ကျော်က
“မာအဲ့” မျိုးနွယ်
ဦးမောင်ခိုင်ဆိုသူက စမ္မဒီးကြိမ်ချောင်းဒေသမှ ပြောင်းရွှေ့ကာ ရွာတည်ခဲ့သည်ဟု
သမီးဖြစ်သူ အသက်
(၈၀) အရွယ်ဒေါ်အထွီးမက ပြောပြပါသည်။
1.
အိမ်ခြေ -
(၄၀၀) ကျော်
(ခမီး၊ ရခိုင်)
2.
လူဦးရေ -
(၁၆၀၀) ကျော်
(ခမီး၊ ရခိုင်)
3.
ပညာရေး -
i. မူလတန်း-
(၁၀၀)
ကျော်
ii. အလယ်တန်း-
(၆၀)
ဦး
iii. အထက်တန်း- (၁၀)
ဦး
iv. တက္ကသိုလ်ဘွဲ့ရ- (၃) ဦး
4.
စီးပွါးရေး -ငါးဖမ်း၊
တောင်ယာ၊ လယ်ယာ၊
ငါးရောင်းဝယ်ရေး
5.
ယုံကြည်ကိုးကွယ်မှု- ဗုဒ္ဓ၊
ခရစ်ယာန်၊ ရိုးရာနတ်
6.
အဆောက်အဦး- ဗုဒ္ဓကျောင်း၊
ခရစ်ယာန်ကျောင်း၊ မှုလတန်းလွန်ကျောင်းဆောင်
7.
လေ့လာစရာများ- ဆံတော်ရှင်ဘုရား
(နှစ်စဉ်ဘုရားပွဲရှိသည်)၊
ကျွန်းဦး ရှုခင်းသာ၊
ခြေတော်ရာ၊ သိမ်တော်ရာနှင့်
ပုဇွန်သားဖေါက်လုပ်ငန်း
မြိုခမိစာပေသင်ကြားသင်ယူမှု အကျိုးဆောင်အဖွဲ့
၁။
ဦးအောင်ကျော်မြင့် အဖွဲ့ခေါင်းဆောင်
၂။
ဦးစောလှထွန်း အဖွဲ့ဝင်
၃။
ဦးဇော်မြင့် ။
၎။
ဦးထွန်းသာကြီး ။
၅။
ဦးမောင်ခင်အောင် ။
၆။
ဦးခင်မောင် ။
၇။
ဦးဇော်မင်းထွန်း ။
မြိုခမိစာပေသင်ကြားခြင်း
စဉ် အတန်းအစား ကျား မ ပေါင်း
၁ သက်ငယ်တန်း ၁၈ ၁၄ ၃၂
၂ သက်လယ်တန်း ၁၂ ၁၉ ၃၁
၃ သက်ကြီးတန်း ၎
၎ ၈
စုစုပေါင်း ၃၄ ၃၇ ၇၁
သုံးသပ်အကြံပြုချက်များ
၁။ မိဘအများစုက
မိခင်ဘာသာစာပေကို လေ့လာသင်ယူသင့်ကြောင်း လက်ခံခဲ့ကြသည်။
၂။ အနည်းငယ်သောမိဘများက
ဝေဖန်မှုရှိကြသော်လည်း ကန့်ကွက်မှုမရှိကြပါ။
၃။ ဒုတိယဘာသာစကားနှင့်
ယဉ်ကျေးမှုများလွှမ်းမိုးမှုရှိနေသည်။
၎။ စီးပွါးရေးအမြင်အားနည်းနေသေးသည်။
၅။ မိခင်ဘာသာစကား၊
မြိုခမိစာပေကို ဆက်လက်သင်ယူရန် ဆန္ဒရှိနေသည်။
၆။ လောင်းကစားနှင့်
မှုးယစ်စားသောက်ခြင်းကို ဆင်ခြင်ရန်လိုအပ်သည်။
၇။ ပညာရည်မြင့်မားရန်အားပေးရမည်။
၈။ ပြန်လည်သုံးသပ်ရန်နှင့်
ပြုပြင်ခြင်းများလိုအပ်သည်။
၉။ သုံးရာသီ
ရေရရှိရေးလုပ်ငန်းဖြင့် ပညာရေးရံပုံငွေ ရရှိနိုင်သည်။
၁၀။ ကျန်းမာရေးအတွက်
ယင်လုံအိမ်သာများလိုအပ်သည်။
ကျေးဇူးစကား
စာပေသည်လူမျိုး၊ လူမျိုးသည်စာပေဖြစ်၍ စာပေမရှိက
လူမျိုးနိမ့်ကျမည်။ ‘စိုးမဲကျီ’ ရွာရှိ ကလေးများ မြိုခမိစာပေကို သင်ယူမှုပြုလုပ်ခြင်းသည်
“အချိန်မီလိုက်သည်” ဟုဆိုရမည်ဖြစ်ပါသည်။
ရေချိုးခြင်း၊ နေ့စဉ်အိပ်ရာနေရာနှင့် စာရေးသောက်ရေးများ
မနက်ကော်ဖီ၊ နေ့လည်ကော်ဖီနှင့် ဖက်လှဲတကင်း ဖေါ်ရွေခင်မင်စွာ ဧည့်ဝတ်ကျေပွန်သော ရွာသူရွာသား၊
ကလေးလူကြီးများ၊ မိဘများအားလည်းကောင်း၊ စိတ်အားတက်ကြွစွာဖြင့် ဆောင်ရွက်ပေးသော မြိုခမိစာပေအကျိုးဆောင်
(စိုးမဲကျီ) အဖွဲ့အားလည်းကောင်း၊ မိတ်ဆက်သည်းရုံးပေးသော မြိုခမိစာပေကော်မတီဝင် ဆရာစိုးမောင်မောင်အားလည်းကောင်း၊
ကျေးဇူးတင်ထိုက်သူအားလုံးကို မြိုခမိစာပေကော်မတီကိုယ်စား ကျေးဇူးစကားကမ်းလိုက်ရပါသည်။
စာပေမျိုးစေ့ခရီးထွက်ခြင်း
စိုးမဲကျီရွာမြိုခမိစာပေ အကျိုးဆောင်အဖွဲ့ဝင်
ဦးခင်မောင်၊ ဦးမောင်ခင်အောင်တို့နှင့်အတူ ဆရာထင်းအောင်ဦးဆောင်သော စာပေအဖွဲ့တို့သည်
(၅.၄.၂၀၁၁) နေ့၊ နံနက် ၇း၃၀ နာရီတွင် ‘ညောင်ပင်ချိုင်’ ရွာသို့ စက်လှေဖြင့် မြိုခမိစာပေမျိုးစေကြဲရန်
ခရီးထွက်ခဲ့ကြပါသည်။
နံနက်ခင်းပင်လယ်ရေပြင်လေက ငြိမ်သည်ဟုဆိုသော်ငြင်းလည်း
တစ်နာရီမိုင် (၃၀) ကရှိဦးမည်ထင်သည်။ ပင်လယ်ရေလှိုင်းက တစ်ချီတစ်ချီတွင် စက်လှေကိုမ,ပြီး
ဗိုင်းကနဲ့ ချလိုက်ကြသည်။`ဂီရီ’ အဟုန်မပြေသေးသောရေလှိုင်းများ ရိုက်ခတ်မှုကို ကျောက်ဆောင်ကျောက်တုံးများက
ကြံကြံခံနိုင်ရည်ရှိကြ၏။ တုန်လှုပ်ချောက်ချားမှု အလျှင်းမရှိကြကုန်။
“မြိုခမိစာပေ” သည်လည်း အသိအမြင်ချင်းမတူ
ကွဲပြားမှုရှိသူများ၏ မလိုတမာရိုက်ခတ်မှုကို အနည်းအများခံကြရ၏။ မည်သို့သော အခြေအနေတွင်
ဖြစ်ပါစေ…အနှီ..ကျောက်တုံးကျောက်ဆောင်များ ခံနိုင်ရည်ရှိကြသကဲ့သို့ မြိုခမိစာပေ ကြံကြံခိုင်ကျော်လွှားနိုင်ရန်လိုအပ်၏ဟု
ဆရာထင်းအောင် သန္နိဌါန်ပြုမိသည်။
စိမ်းညိုပြာလဲ့လဲ့ပင်လယ်ပြင်၏ တစ်မျှော်တစ်ခေါ်ရှုခင်းများ၊
ရေပေါ်ဝဲပျံလျက်ရှိသော ငှက်ဇင်ယော်လေးများ… တစ်ဝုန်းဝုန်းနှင့် ဒေါသရှိန်မပြေသေးသော
ရေလှိုင်းများ..။ ထိုအမှုအရာများကို ပမာဏမပြုဘဲ အနုပညာအမြင်၊ အနုပညာခံစားမှုတို့ဖြင့်
ဆရာထွေးက ဗွီဒီယို မှတ်တမ်းကို တစ်ဖျတ်ဖျတ်
ရိုက်ကူးနေပါသည်။
တစ်ခါတစ်ခါ သူ့ ကင်မရာဖန်သားပြင်တွင် မြိုခမိစာပေဆရာမနှစ်ဦး၏
အပြစ်မဲ့သောအပြုံးကလေးများလည်း ရံဖန်ရံခါ ပေါ်လာတတ်၏။ စာပေကော်မတီမှ တာဝန်ပေးချက်အရ
စာပေလှုပ်ရှားမှုများကို မှတ်တမ်းတင်ရိုက်ကူနေခြင်းသာ ဖြစ်ပေလိမ့်မည်။
သို့သော် ရေ၏ အတိမ်အနက်ကိုမသိနိုင်သကဲ့သို့
ဆရာထင်းအောင်၏ အတွေးပုံရိပ်များကိုကား ဆရာထွေး တွေးမြင်ဟန် မတူချေ။ ဆရာထင်းအောင်ကိုယ်တိုင်လည်း
သူနှင့်ခရီးသွားဖေါ် ဆရာထွေး၏ပုံရိပ်များကို မရိတ်မိ။ ရိတ်မိရန်လည်း လိုအပ်မည်မဟုတ်ပါချေ။
ဆရာထင်းအောင်၏ တတိယအရွယ် အတွေးပုံရိပ်များ..
မှိုင်ပြာမှုန်ရီ ဝိုးဝါးလျက်..။
“မ..တို့ရဲ့ ကျွန်းမြေငူ
လာလည်ချင်ပါရဲ့လေး၊
ရေပင်လယ်ဝိုင်းကာထားပြန်တော့
လာချင်ရက်နဲ့ဝေး။”
ကြာတော့ကြာပြီ၊
ကြာဆို နှစ်လေးဆယ်တောင်ကျော်ရော့မည်။
၁၉၆၅၊ တန်းမြင့်ကျောင်းထွက်စာမေးပွဲဖြေပြီးနောက်
ကိုမောင်ပိန် (ညောင်ပင်ချိုင်)၊ ကိုကျော်ဇံဖြူ (ရညှင်းချောင်း)၊ တို့နှင့်အတူ ကိုစံလှဖေါ်
(တောင်မင်းကုလား) ရယ်၊ ကျွန်တော်တို့သည် အနောက်ဖရုံကာ ကျွန်းမြေငူသို့ လိုက်ပါခဲ့ကြ၏။
ဟိုတုန်းက… ယခုကဲ့သို့ စက်တပ်လှေယာဉ်များ
မရှိကြသေး။ ရွက်လှေကြီးနှင့် ကူခတ်သွားလာကြရ၏။ လှိုင်းလေက ပြင်းလေတော့ ပဲ့ကိုင်နှစ်ယောက်တောင်ထိန်းကြရသည်။
ပဲ့ကိုင်တစ်ချက်မှားသွားလျှင် ရွက်လှေက တိမ်းသွားနိုင်၏။ လိုက်ပါသူများအသက်က ပဲ့ကိုင်ဆီမှာ
အပ်ထားရသည်။
ကျွန်တော်တို့သည် စစ်တွေမြို့မ ဈေးဆိပ်မှ
ငှက်ဇင်ယော်လေးများနှင့်အပြိုင် ကျွန်းမြေငူသို့ တူရှုလွှင့်သွားခဲ့ကြသည်။ နွေရာသီ ရမ်းပေါက်လေက
ပြင်းအားကြီးလေတော့ ရွက်လေကလေးများက မြုပ်တုံ၊ ပေါ်တုံနှင့် ကျွန်းမြေငူ “ညောင်ပင်ချိုင်”
ဆိုသော ရွာသာယာသို့ နေဝင်ရိုးရီအချိန်တွင် ရောက်ခဲ့ကြပါသည်။
ရှင်ပြုမင်္ဂလာပွဲရက်အကြိုနှင့် ပက်ပင်းကြုံလေတော့
ညောင်ပင်ချိုင်ရွာ ပင်လယ်ကမ်းစပ်သောင်ပြင်မှာ လူတွေစည်ကားနေကြ၏။ ဖျာကြီးခင်းပြီး ပရိတ်သတ်များကို
ထမင်းဟင်းတည်ခင်း ကျွေးမွေးနေကြလေသည်။ ကျွန်တော်တို့ကိုလည်း အလိုက်သင့် ခေါ်ကျွေးမွေးကြပါသည်။
“အားပါ့.. ငါးအတုံးက ကြီးလိုက်သနဲ့
တစ်တုံး…
နှစ်တုံး…
သုံး၊ လေးတုံး…
ပုံအောပြီးထည့်ပေးကြ၏။
ငါတို့ဆီမှာ ငှက်ပျောပင်ကို တုံးထားသလိုပါပဲလား။ ဘယ်ကုန်ပါ့မလဲ။ အားနာပါးနာနဲ့ ထမင်းမပါ
`အခမဲ့’ မျိုချလိုက်ရပါသည်။ ကိုမောင်ပိန်၏ ကြိုတင်စာရင်း (Pre-list) မှာသကဲ့သို့..
လက်ခါနက်
ဖက်ဆနက်
ဘွတ်ဆိမ်
မာအဲ့..၊
တာတောင်း ‘ခမီး’ ပျိုလေးတွေက နွဲ့နှောင်းဟန်ချီ၊
ရေအိုးကိုယ်စီနှင့်…
“မချော့စရာ..၊ ချော့စရာလျှင်
ကေသာဆံလွှ၊ ထုံးနောက်စနှင့်
ချုပ်ညရီတွင်၊ ဖြုတ်ချည်းမြင်သည်
ရှင်သာ ‘ခမီး’ တန်ဆောင်လော့…။
ဟု အဆိုတော်ရှင်တေဇောသာရကို
တုပြိုင်၍ စာဖွဲ့ခဲ့ချင်ပါ၏။ ရေးဖွဲ့ခဲ့ချင်ပါ၏။
သို့သော်…ထိုနေ့ရက်တို့သည် ကုန်၍..ကုန်၍ ယခုအနှစ်လေးဆယ်ကျော်မှ တဖန်လာခွင့်ကြုံခဲ့ရပြန်ပါ၏။
ဆံတော်ရှင်မြေရင်း စိုးမဲကျီရွာမှ (၄၅) မိနစ်အကြာတွင်
ရောက်ချင်အာသီသရှိသော ညောင်ပင်ချိုင်ရွာသို့ ရောက်ခဲ့ပြန်ပါသည်။ ရင်မှာရွှင်လန်းမိခဲ့သည်က
အမှန်ပင်။
ညောင်ပင်ချိုင်ရွာ၊
ပေါက်တောမြို့နယ်မှ
လှိုက်လှဲစွာကြိုဆိုပါ၏ ။
အိမ်ခြေ.. ၁၃၀
လူဦးရေ ၆၄၀
ပညာရေး.. နိုင်ငံတော် အလယ်တန်းကျောင်းရှိသည်။
-
မှုကျောင်းသာ (၁၄၀) ဦး
-
လယ်ကျောင်းသား (၁၈၀) ဦး
-
ထက်ကျောင်းသား (၂၅) ဦး
-
တက္ကသိုလ်ကျောင်းသား
(၂၀) ဦး
-
ဘွဲ့ရပြီးဦးရေ (၄၀) ဦး
ဖွံ့ဖြိုးရေး- ကိုယ်ထူကိုယ်ထစာကြည့်တိုက်
ဘာသာစကား- ခမိ၊ ရခိုင်
ကိုးကွယ်မှု- ဗုဒ္ဓ၊ ရိုးရာနတ်
စီးပွါးရေး- ငါးဖမ်း၊ တောင်ယာ၊ လယ်ယာ၊ ရောင်းဝယ်ရေး
လေ့လာစရာများ- ငါးဖမ်းလုပ်ငန်း၊ နဂါးရွှံပွတောင်
ကျေးရွာနောင်ခံ
လွန်ခဲ့သောနှစ်ပေါင်းတစ်ရာကျော်က “တာတောင်းမျိုးနွယ်စု”
ဦးလာအောင်ဆိုသူက ပေါက်တောမြိုနယ်၊ ဂြစ်ချောင်းဒေသမှ ပြောင်းရွှေ့လာပြီး ရွာတည်ခဲ့သည်။
‘မာအဲ့’ မျိုးနွယ်တို့ကပုဏ္ဏားကျွန်းမြို့နယ်၊ စမ္မဒီးကြိမ်ချောင်းမှ ရောက်လာကြသည်ဟု
ပြောကြသည်။
မည်သို့ဆိုစေ.. ၊ ဤဒေသရှိခမီးမျိုးနွယ်တို့သည်
တိဘက်ကုန်းပြင်မြင့်မှ ကုလားတန်မြစ်ဖျား၊ ဆမီးချောင်းဖျားအတိုင်း ရေကြည်ရာမြက်နုရာ
ရှာဖွေပြီး ဤပိန္နဲချောင်း ဆင်တက်မော်ကျွန်းသို့ ရောက်လာခဲ့ကြခြင်းဖြစ်သည်။ ချောင်းဖျားတွင်
ကျန်ရစ်သူများကို ‘အရိုင်’ ဟူ၍၄င်း၊ ချောင်းဝရောက်သူများကို ‘ဝါကုံး’ ဟူ၍၄င်း ခေါ်ကြခြင်းဖြစ်သည်။
ထို့ကြောင့် စစ်တွေမြို့ကို ‘အင်ပေါက်ကုန်’ (အင်းပေါက်ဝ) ဟုခေါ်ကြခြင်းဖြစ်သည်။
ယခုအခါ မြို (မရို) ဟုခေါ်သည်ဖြစ်စေ၊ ခမီး
ဟုခေါ်သည်ဖြစ်စေ၊ သမီးယောက်ဖညီအစ်ကို လူမျိုးတစ်မျိုးတည်းသာ ဖြစ်ကြောင်း ခွဲခြား၍မရကြောင်း၊
ခွဲလည်းမခွဲခြားရဟု ကျွန်တော်ကျောင်းသာဘဝက စစ်တွေမြို့၊ မိဇံရပ်ကွက်နေ ‘မာအဲ့’ အမျိုး
ဦးအောင်လေ (ညောင်ပင်ချိုင်ဇာတိ) က ပြောဆိုဆုံးမစကားပြောခဲ့သည်ကို ဤနေ့ထိ မှတ်မိနေသေးပါ၏။
ကျွန်တော်တို့အလေးထားစရာဖြစ်ပါ၏။
မြိုခမိစာပေအကြောင်း
ဆွေးနွေးကြခြင်း
ညောင်ပင်ချိုင်ရွာသို့ရောက်ရောင်ချင်း မိတ်ဆွေကြီး
ဦးမောင်ပိန်အိမ်သို့ တက်ခဲ့ကြပါသည်။ ဦးမောင်ပိန် (ညီလာခံကိုယ်စားလှယ်တော်ကြီး) နှင့်
တွေ့ဆုံ၍ စကားလက်ဆုံ ပြော၍မကုန်ကြပါ။
ဦးမောင်ပိန်ရဲ့ တူတော်မောင် (အစ်မဒေါ်မလှခိုင်၏သားလတ်)
ဦးမောင်သာထွန်းမိသားစုက လောကဝတ်ပျူငှာရက်ရောစွာဖြင့် ဧည့်ခံကျွေးမွေးကြပါသည်။ နေ့လည်
၁ နာရီတွင် ရွာရှိမိဘလူကြီးများ၊ လူရွယ် လူငယ် မိန်းမ၊ ယောကျာင်္များရွာလယ် ဇရပ်သို့စုရုံးရောက်ရှိလာကြပါသည်။
စာပေဆရာမနှစ်ဦးနှင့် ဆရာထွေးသာဖြူမှလည်းကောင်း၊ ဆရာထင်းအောင်မှလည်းကောင်း မြိုခမိစာပေအကြောင်းတစ်စေ့တစ်စောင်းကို
တင်ပြဆွေးနွေးခွင့် ရကြပါသည်။ ရွာသားများကလည်း သူတို့သိချင်သောအရာများကို အပြန်အလှန်
မေးမြန်းဆွေးနွေးကြပါသည်။ အကျိုးရှိသောဆွေးနွေးခြင်းမျိုးဟု ခံယူကြပါသည်။
မြိုခမိစာပေသည် နေရာဒေသတစ်ခု၊ တစ်ကွက်တစ်နေရာအတွက်မဟုတ်ပါ။
မြိုခမိတို့ နေထိုင်ရာ နေရာဒေသအနှံ့၊ ချောင်းခြား၊ ပင်လယ်ခြား၊ တောင်တန်းခြားသော်လည်း
မြိုခမိစာပေ ဆရာ၊ ဆရာမများက လာရောက်ပြသပေးကြမည်ဖြစ်ပါသည်။ တစ်တိုင်ဆီမီး၊ ထွန်းညှိပြီးက၊
ဆီမီးရာထောင်ထွန်းလင်းပေးကြမည် ဖြစ်ပါသည်။
ဖိတ်ခေါ်ကမ်းလှမ်းမှုကို အမြဲကြိုဆိုပါသည်၊
အားလုံးကို ကျေဇူးတင်စွာဖြင့် နှုတ်ဆက်ခဲ့ကြပါ၏။
ရက်စွဲ၊ ၂၀၁၁
ခုနှစ်၊ ဧပြီလ (၈) ရက်။
ထင်းအောင်
မြိုခမိစာပေဌါန
Phoneး
၀၉၄၉၂၉၀၆၉၇
No comments :
Post a Comment