စာပေနှင့်ယဉ်ကျေးမှု
ကြာရွက်သည်
ရေပေါ်မှာမဟုတ် ရေမျက်နှာပြင်နှင့် ကပ်ရပ်လျက်ရပ်တည်နေသည်။
ရေနဲ့ကြာကို ခွဲခြား၍
မရစကောင်း။ ရေမြင့်မှ
ကြာတင့်သည်။ ထိုနည်းတူ
စာပေနှင့် ယဉ်ကျေးမှု၊
ယဉ်ကျေးမှုနှင့် စာပေ
ဒွန်တွဲလျက်ရှိ၏။ စာပေမြင့်မှ
လူမျိုးတင့်မည်။ အမျိုးဂုဏ်မြင့်မည်။
“စာပေဆိုတာ..
ပင်ကိုသဘာဝတွေနဲ့ ပြည့်စုံတဲ့
ဘာသာစကားကို အခြေပြုပြီး
ပြောဟန် သို့မဟုတ်
ရေးဟန်အမျိုးမျိုးဖြင့် ရသပေါ်လွင်အောင်ဖြစ်စေ၊
ဗဟုသုတများအောင်ဖြစ်စေ၊ ပြောဆိုရေးသားချက်မျိုးဟာ ‘စာပေ’
(Literature) ဖြစ်တယ်။ ” (ဦးထွန်းမြင့်၊ ဘာသာဗေဒ)
ဤနေ့ မြိုခမိတို့မှာလည်း ပင်ကိုယ်သဘာဝနှင့်
ပြည့်စုံသော ဘာသာစကားကို
အခြေပြုပြီး “မြိုခမိစာပေ”
ဟူ၍ရှိလာပြီ။ သို့သော်
မြိုခမိစာပေမှာ (written Language) အဆင့်မှာသာရှိသေးပြီး
Literature ဆိုသော
စာပေအဆင့်ကို မမီသေးပါ။
တောပန်းအဆင့်မှာသာ ရှိသေးသည်။
(၁၁)
ရာစုမှ မြန်မာစာပေအစမှာလည်း ဝေါဟာရ
(Vocabularies) များမပြည့်စုံသေးကြောင်း မြန်မာစာပေ
သမိုင်းများတွင် တွေ့ရှိရသည်။
မြိုခမိများ
သူသူငါငါ မိမိတို့မိခင်ဘာသာစကား (Mother Language) ကို
ပြောရကောင်းမှန်း၊ ရသခံစားရကောင်းမှန်း မသိကြသည်က
မခက်ပေဘူးလား၊ ပတ်ဝန်းကျင်လောင်းရိပ်အောက်က ပြေးထွက်မရနိုင်ဘဲ အငှါးစကားများဖြင့်သာ
ဖေါင်ဖွဲ့ပြောဆိုဂုဏ်ယူနေကြ၏။ ဘာသာစကား၊
စာပေမပြောနှင့် လူမျိုးပါ
မပျောက်သည်က တော်သေး၏။
မြိုခမိတို့၏ ပင်ကိုယ်ဘာသာစကားဝေါဟာရများမှာ “ရှိတော့ရှိတယ်၊ ရှားတယ်” ဆိုသကဲသို့
ဖြစ်နေပြီ။
ဤအခြေအနေမျိုးမှာ
မြိုခမိစာပေနှင့် ယဉ်ကျေးမှုတစ်ခုတော့ ရှိကောင်းပါ၏။
အားလုံးကတူညီသောအမြင်။ တူညီသောအသိ၊
တူညီသောဦးတည်ချက်ဖြင့် “မြိုခမိစာပေနှင့် ယဉ်ကျေးမှု”
(Mrokhami Sapie he Arinon) ကို ဖေါ်ထုတ်သင့်ကြပြီဟု မြင်မိပါသည်။
“အကြင်အလုပ်တစ်ခု၏ ရလဒ်သည် စစ်ကိုလည်းအားမပေး။ ရွှေ ငွေ
ရတနာကိုလည်း အဓိကမပြု။
လူတန်းစား ခွဲခြားခြင်းကို မမှုဘဲ အတ္တနှင့်
ပရဟိတအကျိုးကိုရရှိစေခြင်းကား မိမိတို့
အမျိုးသားဘာသာစာပေနှင့် ယဉ်ကျေးမှုအတွက် လုပ်ဆောင်ခြင်းပေတည်း။
မြိုခမိစာပေကော်မတီ
၂၀၁၀၊ နိုဝင်ဘာ
(၁၀) ရက်။
ပြောင်းတင်လမ်းကဝေဒနာနှင့် အခြားရသစာစုများ
ထင်းအောင်(ကျောက်တော်)
မှပြန်လည်တင်ပို့သည်။
ပြောင်းတင်လမ်းကဝေဒနာနှင့် အခြားရသစာစုများ
ထင်းအောင်(ကျောက်တော်)
မှပြန်လည်တင်ပို့သည်။
No comments :
Post a Comment