မြို (ခမိ) မျိုးနွယ်စုရဲ့
ယဉ်ကျေးမှုဓလေ့တွေကို ထိန်းသိမ်းပြီး တစ်ကွဲတစ်ပြားဖြစ်နေတာကို စုစုစည်းစည်း
ဖြစ်စေချင်တဲ့ ဆန္ဒနဲ့ မြို (ခမိ)ရိုးရာယဉ်ကျေးမှုပြပွဲကို ဖေဖော်ဝါရီ
၉ရက်နေ့က ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။
ဒီပြပွဲမှာ မြို(ခမိ)လူမျိုးတို့ရဲ့ ရှေးရိုးရာ စစ်ချီအက၊ သီးချင်နဲ့ ရိုးရာအကအလှတွေ၊ ဝတ်စုံတွေနဲ့ ဖျော်ဖြေတင်ဆက်ခဲ့ပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၃ထောင်လောက်ကတည်းက မြန်မာပြည်မှာ အခြေချခဲ့တဲ့
မြို(ခမိ) မျိုးနွယ်စုဟာ အခုထိ မပျောက်ကွယ်ဘဲ တည်ရှိနေတာဟာ ယဉ်ကျေးမှုကို
ထိန်းသိမ်းထားနိုင်တာကြောင့်လို
တစ်နိုင်ငံလုံးမှာ လူဦးရေ ၂သိန်းနီးပါးသာရှိတဲ့ မြို(ခမိ)
မျိုးနွယ်စုတွေဟာ ဘင်္ဂလားဒေ့ရှ်နယ်စပ် ရခိုင်ပြည်နယ်မှာ
အများဆုံးနေထိုင်ကြပြီး ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူတဲ့အခါ
မြိုနဲ့ ခမိဆိုပြီး နှစ်မျိုးကွဲပြားမနေဘဲ တစ်စုတစ်စည်းတည်း
ဖြစ်ချင်တယ်လို့ ပြပွဲတာဝန်ခံက ဆိုပါတယ်။
ရွှေဂုံတိုင် Excel Treasure မှာ ကျင်းပတဲ့ ဒီပြပွဲဟာ ဝင်ကြေး
၅ထောင်သတ်မှတ်ခဲ့ပြီး ပြပွဲကျင်းပဖို့ အချိန် တစ်နှစ်ကြာ ယူခဲ့ရတယ်လို့
ဆိုပါတယ်။
Kamayut Media မှ ပြန်လည်ဖော်ပြသည်
No comments :
Post a Comment