ရေငုပ်ဝတ်စုံ
ရေငုပ်သမားတဦး
ရေငုပ်နေတယ်။
သူ ရေအောက် ၁၅ ပေခန့် အရောက်မှာ တခြားလူတယောက် ရေငုပ်ဝတ်စုံ မပါဘဲ ရေငုပ်နေတာကို မလှမ်းမကမ်းမှာ တွေ့လိုက်တယ်။

အဲ...သူ ပေ ၃၀
ရောက်တော့လဲ ခုနကလူကို တွေ့ရပြန်ပါတယ်။
တခါ ပေ ၄၀ ထိ ဆက်ငုပ်တော့လဲ အဲဒီလူ ပါလာတုန်းပဲ...
…ဆိုတော့ အံ့သြမှုကိုမထိမ်းနိုင်တော့ဘူး။
ဒါနဲ့ ရေအောက်မှာ အသုံးပြုလို့ရတဲ့ Waterproof chalkboard ပေါ်မှာ စာရေးပြီး မေးလိုက်တယ်...
"ဟေ့လူ.. .ရေငုပ်ဝတ်စုံမပါဘဲ ဒီလောက် ပင်လယ်ရေ အနက်ထိ ငုပ်နိုင်တာ...ချီးကျူးပါတယ်ဗျာ"
ဟိုလူက သူ့ chalkboard ကို ဆွဲယူပြီး စာပြန်ရေးပြလိုက်တာက ဒီလိုပါ ...
"ငါက ရေနှစ်နေတာဟ...မအေပေးရ"
………………………………….

စေတနာနဲ့ပါ
မသန်စွမ်းသူများ
ရေကူးပြိုင်ပွဲမှာ လူသုံးယောက် ဝင်ရောက် ယှဉ်ပြိုင်ကြပါတယ်။
ထူးခြားတာက -
ပထမတယောက်က လက်တွေ မရှိဘူး။
ဒုတိယတယောက်က ခြေထောက်တွေ မပါဘူး။
တတိယတယောက်က ခေါင်းပဲ ပါတယ်၊ ကိုယ်လုံးမပါဘူး။
သူတို့အားလုံး အသင့်နေရာယူပြီးတဲ့အခါ တာထွက်ဝီစီ မှုတ်ပါတော့တယ်။
"ဘွမ်း..." ခနဲ မည်သံတွေနဲ့အတူ ရေကူးကန်ထဲ အားလုံး ရောက်သွားတယ်...
လက်မပါတဲ့သူက ချက်ခြင်းဆိုသလိုဘဲ ဦးဆောင် ကူးခပ်နေတယ်၊ ဒါပေမဲ့ ခြေထောက်မပါတဲ့သူက နောက်က ကပ်လိုက်နေပါတယ်… …
အဲ... ကိုရွှေဦးခေါင်းကတော့ 'ပလုံ' ဆိုပြီး မြုပ်သွားလိုက်တာ ကန်အောက်ခြေကို ထိရော...
အသွားအပြန် ၅ ခေါက်လဲ ကူးပြီးရော ခြေထောက် မပါတဲ့လူက ပထမနေရာကနေ ပန်းဝင်ပါတယ်။
သူများတွေ ပန်းဝင်ပြီးတဲ့အချိန်အထိ ကိုရွှေဦးခေါင်း ကျသွားတဲ့နေရာ ရေကန်အောက်ခြေကနေ ပူပေါင်းလေးတွေ ပလုံစီပြီးတက်လာနေတာကို တွေ့နေရဆဲပဲ။
ဒါနဲ့ ... ဒိုင်အဖွဲ့က ရေငုပ်ပြီး ကိုရွှေဦးခေါင်းကို ကယ်တင်လိုက်ရတယ်။
ရေပေါ်လဲပေါ်လာရော ... ကိုဦးခေါင်းခမြာ ချောင်းတွေဆိုးပြီး သီးနေလိုက်တာ တော်တော်နဲ့ အသက်မရှူနိုင်ဘူး။
စကားလဲ ပြောနိုင်ရော... သူ့အတွေ့အကြုံကို အခုလို ဒေါသတကြီး ရှင်းပြလိုက်ပါတော့တယ် -

"နားရွက်နဲ့ရေကူးနိုင်ဖို့ ငါလေ့ကျင့်လာတာ
သုံးနှစ်တိတိ ကြာတယ်၊
အားလုံး အိုကေလို့မှ ပြိုင်ပွဲလေး ဝင်ပြိုင်မိပါတယ်.. တာထွက်ဝီစီမှုတ်ခါနီး ဘယ်မအေပေးကများ ငါ့ကို ရေကူးခေါင်းစွပ် လာစွပ်လိုက်တယ် မသိဘူးကွာ.. တောက်"

…………………………………..
လုပ်နေကျ
မုတ်ဆိပ်မွေး
ပါးသိုင်းမွေးရိတ်ဖို့ လူတစ်ယောက် ဆံပင်ညှပ်ဆိုင်ထဲ ဝင်လာပါတယ်။
သူ့အလှည့်ရောက်တော့ ဆံသဆရာက သူမုတ်ဆိပ်မွေး၊ ပါးသိုင်းမွေးတွေကို စ, ရိတ်ပါတယ်..
မုတ်ဆိပ်မွေး နဲ့ နုပ်ခမ်းမွေးကို ရိတ်တဲ့အခါ ပြသနာမရှိပေမယ့် ပါးသိုင်းမွေးရိတ်တော့ နဲနဲ ခက်နေတယ်။
သူ့ပါးက တော်တော်လေးခွက်နေတာကိုး။
ဒါနဲ့ ဆံသဆရာက သစ်သားနဲ့ လုပ်ထားနဲ့ အလုံးလေး တစ်လုံးကိုပေးလိုက်ပြီး ပြောတယ်.. ...
"ဒါလေးကို ခဏငုံထားလိုက်၊ ဒါမှ ခင်ဗျားပါးသိုင်းမွေး ရိတ်လို့ရမယ်"…
ဆံသဆရာပေးတဲ့ သစ်သားလုံးလေးငုံပြီး ရိပ်လိုက်တော့ အဆင်ပြေသွားတယ်။
"အဲ...ဟုတ်တယ်ဗျ"
အဲဒီလူလည်း သဘောကျသွားတယ်၊ ဒီ ဆံသဆရာမဆိုးဘူး တော်တော်ဥာဏ်ပြေးသားဘဲ လို့ တွေးနေတယ်။
ညာဘက်ပါးကို ရိတ်တော့ ညာဘက်ပါးစောင်မှာ ငုံလိုက်၊ ဘယ်ဘက်ပါးကို ရိတ်တော့ ဘက်ဘက်ပါးစောင်မှာ ငုံလိုက်နဲ့ လုပ်နေရင်း ဆံသဆရာကို လှမ်းနောက်လိုက်တယ်... ...
"ခုလိုငုံထားတုန်း ခင်ဗျားသစ်သားလုံးလေးကိုမျိုချမိရင် ဘယ်လိုလုပ်မလဲ"
"ကိစ္စမရှိပါဘူးဗျာ။ နောက်နေ့ မစင်စွန့်တော့ ပြန်ထွက်လာမှာဘဲ မဟုတ်လား၊ အဲဒီတော့မှရေဆေးပြီး ပြန်လာပေးပေါ့၊ တခြားသူတွေလဲ ဒီလိုဘဲ ပြန်လာပေးနေကျဘဲဟာ"...တဲ့။

No comments :
Post a Comment