ရခိုင်ပြည်နယ်အတွင်း အများဆုံးနေထိုင်သော မြိုလူများကို
ကိုယ်စားပြုနိုင်မည့် မြိုတိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦး
ပေါ်ထွက်လာရန်အတွက် စစ်တမ်းကောက်ယူမှုများကို ၂၀၁၄ ခုနှစ် ဇန်နဝါရီ
လကုန်ပိုင်းထိ နောက်ဆုံးထားကောက်ယူသွားမည်ဟု မြို (ခ) ခမီး ညီညွှတ်ရေးအဖွဲ့
မှ အတွင်းရေးမှူး ဦးစိန်သာထွန်း က မဇ္ဈိမကို ပြောကြားသည်။
ရန်ကုန်မြို့၊ ၃၆ လမ်း၊ မြန်မာဂျာနယ်လစ်ကွန်ရက်တွင် ပြုလုပ်သည့်
မြိုလူများနှင့်ပတ်သက်၍ စစ်တမ်းကောက်ယူမည့်အကြောင်း
သတင်းစာရှင်းလင်းပွဲတွင် ဦးစိန်သာထွန်းက အထက်ပါအတိုင်း
ပြောကြားသွားခြင်းဖြစ်သည်။