မြုံနှင့်
မြိုမှာ
လူမျိုးထပ်တူဖြစ်သလို မြိုလူမျိုးကိုလည်း မရိုဟူ၍လည်း
ရေးသားခဲ့ကြသည်။ ဇေယျအဆိုအရ
မြို ဟူသော
ဤအမည်ကို ရေးသားထားရာ
မြန်မာတို့ ရွတ်မြဲအတိုင်း မျိုဟူသော
အသံဖြင့် မဖတ်ရ။
မရို ဟု
နှစ်လုံးစွဲပြီး ရကောက်သံကိုလျှာဖျားလှုပ်၍ ပီပီသသ
ရွတ်ဆိုရန်လိုသည်။ မရိုဟု
ရေးလျှင် ပို၍သင့်သည်။
သို့သော် ရေးထုံးကိုလိုက်၍ မြိုဟူ၍ပင်ရေးသားလိုက်ရသည်
ဟူ၍ မှတ်တမ်းဝင်
ဗမာ့အရေးအခင်းစာအုပ်တွင် မှတ်ချက်ပြုထားပါသည်။
မြုံနှင့်
မြိုမှာ လူမျိုးတမျိုးတည်းကို ရည်ညွှန်းကြောင်း ဆက်လက်တင်လေ့လာတင်ပြပါမည်။
မြုံနှင့် မြိုမှာ
သေးသေးတင်နှင့် လုံးကြီးတင်ကိုပေမူ စာမူအရေးအကူးတွင်
လွှဲမှားရေးသားခဲ့၍ လူမျိုးနှစ်မျိုးဟု ယူဆခဲ့ကြသည်။
မြန်မာစာအဖွဲ့မှာ ထုတ်ဝေသည့်
မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း (၁၉၇၈)
တွင် မြိုလူမျိုးနှင့် မြုံလူမျိုးဟူ၍
နှစ်မျိုးစလုံးဖော်ပြထားပါသည်။
မောင်စာခေါင်၏
ရန်ကုန်တက္ကသိုလ် မဟာဝဇ္ဇာဘွဲ့အတွက် တင်သွင်းသော “မြိုဘာသာစကား၏ စကားသံများကို
အသုံးချသဒ္ဒဗေဒ အမြင်ဖြင့်
လေ့လာချက်” ကျမ်းတွင်
မြို နှင့်
မြုံ အရေးအသားနှင့် ပတ်သက်၍-
ကျမ်းဂန်များနှင့်
စာအုပ်စာပေများတွင် မြိုဟူသော
စာလုံးပေါင်းအပြင် မြုံဟူ၍လည်းကောင်း မြုန် ဟူ၍လည်းကောင်း မူကွဲစာလုံးများဖြင့်
ရေးသားတင်ပြထားပါသည်။ မြုံ
မြုန် အရေးအသားသည်
မြိုလူမျိုးကိုပင် ရည်ညွှန်းရေးသားကြဟန်တူပါသည်။ အဘယ်ကြောင့်ဆိုသော် မျက်မှောက်ခေတ်
ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသားမျိုးနွယ်စုများတွင် မြုံ
မြုန် လူမျိုးဟူ၍
မရှိပါ။ မြိုလူမျိုးများသာ ရှိပါသည်။
ကျောက်တော်မြို့တွင် ကုလားများက
မြိုလူမျိုးများကို မြုံဂျာဟူ၍
ခေါ်ဝေါ်နေကြခြင်း မြိုလူမျိုးများသည် မျက်မှောက်ခေတ်အထိ
တိုင်းရင်းသားမျိုးနွယ်စုအဖြစ် အထင်အရှားအခြေချနေထိုင်လျှက်ရှိကြခြင်း စသည့်
အကြောင်းအချက်များကို ထောက်ရှုတင်လျှင် ရခိုင်ရာဇဝင်ကျမ်းများ၌
အရေးအသားပြုလှသော မြုံ
မြုန် စသည့်စာလုံး
ပေါင်းဟန်များသည် မြို
လူမျိုးများကိုပင် ရည်ညွှန်းရေးသားခြင်းဖြစ်သည်ဟု ယူဆရသည်
ဟူ၍ ရေးသားထားသည်ကို တွေ့ရှိရပေမည်။
ရခိုင်ပြည်နယ်ရှိ
ကုလားများက မြို
လူမျိုးကို မြူး
ဟူ၍ အသံထွက်သည်။
အသံထွက်သည့် အတိုင်း
မြူးလူမျိုးဟူ၍ ရေးသားခဲ့ကြောင်း ရုပ်မြင်သံကြားနှင့်
ရေဒီယိုများမှ ထုတ်လွင့်သော
နိုင်ငံရေးပါတီ အသီးသီး၏
အသံလွင့်ဟောပြောချက်စာအုပ်တွင် လေ့လာနိုင်ပေသည်။ ရခိုင်ပြည်နယ်တွင်
မြူလူမျိုးမရှိပဲ မြိုလူမျိုးသာရှိပါသည်။ ယခုစာအုပ်တွင် ရေးသားထားသည့်
မြူးလူမျိုးဆိုသည်မှာ သာမန်အနေဖြင့်ကြည့်လျှင် မည်သည့်လူမျိုးကို ရည်ညွှန်းကြောင်း
မသိနိုင်ချေ။
ဒေါက်တာသန်းထွန်းက
မြုံလူမျိုးကို မြု
ဟူ၍ရေးသားထားသည်ကိုလည်း ဆက်လက်တင်ပြလိုပါသည်။ ကလျာမဂ္ဂဇင်း
(၈/၉၄)
တွင် ချင်းမြု
နဲ့ ခုမိ
(မြောက်ရခိုင်) ဆောင်းပါး၌
မြု လူမျိုးကို
ရက္ခိုင်မြောက်ပိုင်းနေ ချင်းတစ်မျိုးဟူ၍လည်းကောင်း၊ မြု
တစ်ယောက်ဟာ (၁၄)
ရာစုက ရက္ခိုင်ဘုရင်
ဖြစ်ဘူတယ်လို့လဲ ပြောပါဟူ၍လည်းကောင်း၊ စစ်ကိုင်းထူပါရုံကျောက်စာ (စာရင်း ၉၆၃/
၂၀-၂၃
သက္ကရာဇ် ၈၀၄
ခရစ်နှစ် ၁၄၄၂)
ကို ကိုးကားပြီး
မြုန် ဆိုတာ
အခုမြု ကို
ဆိုပါသလား၊ မြုန်ဟာ
မြု ဖြစ်ဖို့များပါတယ် လို့ ရေးသားထားပါသည်။
ဒေါက်တာသန်းထွန်းက
သက္ကရာဇ် ၈၆၀
လောက်က လူမှုရေးသမိုင်းဆောင်းပါးမှာ ကူကျောက်စာပါလူမျိုးစာရင်းတွင် မြုန်လူမျိုးဟူ၍ ရေးသားထားပါသည်။
ယင်းဆောင်းပါးမှာ တင်လှသော်၏
(အေဒီ ၁၄၀၀-၁၅၀၀)
မြန်မာ့သမိုင်းဆောင်းပါးကို ကိုးကားပြီး
ရေးခြင်းဖြစ်ပါသည်။ တင်လှသော်၏ဆောင်းပါးကို ပြန်၍လေ့လာကြည့်လျှင် မြုန်
(Mrun) ဟူ၍ရေးသားထားပါသည်။ ဒေါက်တာသန်းထွန်းရေးသားသည့်
ဆောင်းပါးများတွင် မြု
(Mru) နှင့် မြုန်
(Mrun) မှာ လူမျိုးတူဖြစ်ကြောင်း ကောက်ချဆွဲနိုင်ပါသည်။ စာရေးသူအနေဖြင့် ပြောရလျှင်
မြု ဟု
အသံမထွက်ပဲ မြူ
ဟုအသံထွက်ပါက ပိုသင့်သည်ဟု
ယူဆရပါသည်။ မြူလူမျိုးဟူ၍ အရေးအသားရှိကြောင်းကို
ပြန်လေ့လာကြည့်လျှင် ဦးသာထွန်းအောင်၏ ရခိုင်ရာဇဝင်တော်ကြီး
ကောက်နုတ်ချက်၊ ဟားဗေး၏
မြန်မာနိုင်ငံသမိုင်းစာအုပ်များနှင့် မောင်ထင်၏
ရှေးဖြစ်ဟောင်းဆောင်းပါး၊ ဇေယျ၏
မှတ်တမ်းဝင် ဗမာ့အရေးအခင်းများ၊ ဦးဉာဏ (အထက်တော်ကျောင်းဆရာတော်) ၏ ရခိုင်ရာဇဝင်၊ ဒေါက်တာသန်းထွန်း၏
အသစ်မြင် ဗမာ့သမိုင်း၊
အဒူမင်းညို၏ ရခိုင်မင်းသမီး ဧချင်း၊ စွယ်စုံကျော်ထင်ကျမ်း၊ မြန်မာစာလုံးသတ်ပုံရေးထုံးကျမ်းများ၊ ကဝိလက္ခဏာသတ်ပုံကျမ်း၊ ရခိုင်နိုင်မော်ကွန်း ကိုးခန်းပျို့၊ မန္တလေး မဟာမြတ်မုနိဘုရားကြီး သမိုင်း
(မန်းရာပြည့်)၊
ရခိုင်ညွှန့်ဖူးမဂ္ဂဇင်း၊ ဦးညွှန့်ဟန်၏
ဝေသာလီမြို့ဟောင်း လေ့လာချက်စာတမ်း၊ မြောက်ဦးလမ်းညွှန်မဂ္ဂဇင်း၊
ဦးစာခေါင် (မဟာဝိဇ္ဇာ)
တင်သွင်းသော “မြို”
ဘာသာစကား၏ စကားသံများကို အသုံးချသဒ္ဒဗေဒအမြင်နှင့်
လေ့လာသောကျမ်း၊
ချင်းမဂ္ဂဇင်း (၂၀၀၇-၂၀၀၈)၊
ဦးဖေမောင်တင်၏ မြန်မာဝတ္ထုသမိုင်းအစနှင့် သုတေသနစာတမ်းများ စာအုပ်တို့တွင် “မြုံ”
လူမျိုးဟု ရေးသားထားသည်။
အထက်ပါသမိုင်းရာဇဝင်
သမိုင်းမှတ်တမ်းများတွင် “မြုံ”
လူမျိုးဟု ရေးသားထားသည့် လူမျိုးမှာ
ရခိုင်ပြည်နယ်ရှိ ချင်းအနွယ်ဝင်မြို
(ခမီ) လူမျိုးဖြစ်ပါသည်။ သာမာန်အားဖြင့်
ကြည့်လျှင် စာပေတွင်
ဖော်ပြထားသည့် မြုံလူမျိုးဆိုသည်မှာ မည်သည့်လူမျိုးမှန်းမသိဖြစ်နေပါသည်။ အမှန်မှာ
ရခိုင်ပြည်နယ်ရှိ မြို
(ခမီ) လူမျိုးကို
ဆိုလိုခြင်းဖြစ်ပါသည်။
ရခိုင်ပြည်နယ်တွင်
မြိုလူမျိုးအနေဖြင့် မင်းဆက်နှစ်ဆက် အုပ်ချုပ်ခဲ့သည်။
အမြတူ (အေဒီ
၇၆၉-၇၇၆)
မှာ ဝေသာလီမြို့တော် နောက်ဆုံးမင်းဆက်ဖြစ်ပြီး
ပဲဖြူ (အေဒီ
၇၇၆-၇၉၄)
မှာ မြောက်ဦးနေပြည်တော်ကို ပထမဦးဆုံး
တည်ထောင်သောမင်း ဖြစ်သည်။
ဤမင်းနှစ်ဆက်မှာ (၂၅)
နှစ်တိုင်တိုင် အုပ်ချုပ်ခဲ့ကြောင်း မြန်မာ့စွယ်စုံကျမ်း
အတွဲ (၉)
တွင် ဖော်ပြထားသည်။ ဦးရာဇ်မြေမဂ္ဂဇင်း
အမှတ် (၃)
တွင် ပထမမြောက်ဦးမြို့ကို
“ပဲဖြူ” မင်း
ထူထောင်ခဲ့သည်။ ဒုတိယမြောက်ဦးကို မင်းစောမွန်
တည်ထောင်ခဲ့သည်။ တတိယမြောက်ဦးကို မင်းဘာကြီးထူထောင်ခဲ့သည်ဟု
ရေးသားထားသည်။ မြန်မာနိုင်ငံသုတေသနဂျာနယ် (၁၂/၇၀)
အတွဲ (၅၃)
အပိုင်း (၂)
စာအုပ်တွင် ပထဝီပါမောက္ခ
ဒေါက်တာ ဒေါ်သင်းကြည်က
ရခိုင်မြို့ပြနိုင်ငံ ထူထောင်စဉ်
မူလအခြေချနေထိုင်သော လူမျိုးမှာ
မြို၊ သက်
လူမျိုးများဖြစ်ကြောင်း ဖော်ပြထားသည်။
ဗိုလ်မှူး
ဘရှင်၏ အနော်ရထာအရပ်က မြန်မာနိုင်ငံစာအုပ်တွင်
ကုလားတန်မြစ်နှင့် လေးမြို့မြစ်ဝှမ်းတွင်ရှိခဲ့သော တိုင်းရင်းသား မြို (မရို)
များ ဖြစ်ဟန်တူသည်ဟု ရေးသားခဲ့သည်။
ဦးထွန်းရွှေခိုင်၏ ရခိုင်မြန်မုနိဘုရားနှင့် ဦးမောင်မောင်သိုက်၏ တိုင်းရင်းသားလူမျိုးများ၏
ယဉ်ကျေးမှုကွင်းဆင်း စာတမ်းတို့တွင် မြိုလူမျိုးဟု
မှတ်တမ်းတင်ထားခဲ့သည်။ တိုင်းရင်းသားယဉ်ကျေးမှု ရိုးရာဓလေ့
(ရခိုင်) စာအုပ်တွင်
မြို (မရို)
ဟူသော အသံထွက်နှင့်
အခေါ်ဝေါ်မှာ ရခိုင်တို့က
ခေါ်သောအမည်ဖြစ်သည်ဟု ရေးသားခဲ့ပြီး၊ တိုင်းရင်းသားယဉ်ကျေးမှု
ရိုးရာဓလေ့ (ချင်း)
စာအုပ်တွင် မြို
(မရို) တို့က
သူတို့ကို သူတို့
“ခမီ” ဟုခေါ်သည်၊
“ခမီ”
မှာ လူဟု
အဓိပ္ပါယ်ရသည်ဟူ၍ အဓိပ္ပါယ်ဖွင့်ဆိုထားသည်။
မြန်မာအဘိဓာန်တွင်
မြို (မရို)
တိဗက်မြန်မာအုပ်စုဝင် ဘာသာစကားတစ်မျိုးကိုပြောသော မြန်မာတိုင်းရင်းသားဟု အဓိပ္ပါယ်ဖွင့်ဆိုထားပါသည်။ “ခမီ” လူမျိုးကိုလည်း အထက်ပါအတိုင်း
ဖွင့်ဆိုထားပါသည်။ အမှန်မှာ မြိုနှင့် ခမီဟူ၍ ဖော်ပြထားသော
လူမျိုးမှာ လူမျိုးတစ်မျိုးတည်းကို ဆိုလိုကြောင်း ပညာရှင်များသာ သိမည်ဖြစ်ပါသည်။
ရခိုင်ပြည်နယ်တွင် တိုင်းရင်းသားလူမျိုးများအဖြစ်
ရခိုင်၊ ချင်း၊ သက်၊ ဒိုင်းနက်၊ မရာမာကြီးနှင့် မြို (ခမိ) လူမျိုးများ နေထိုင်ကြသည်။
ခေတ်ဟောင်းမြန်မာရာဇဝင်နှင့် ရခိုင်ရာဇဝင်တို့တွင် မြိုလူမျိုးဟူ၍ အများဆုံးရေးသားကြသည်။
ခမိလူမျိုးအနေဖြင့် ရေးသားမှုနည်းပါးလှသည်။ မြိုနှင့် ခမိဟူ၍ နှစ်မျိုးခေါ်ဝေါ်ရေးသားကြသည်။
မြို (ခမိ) လူမျိုးများသည် မိမိတို့ကို မိမိရည်ညွန်းပြောဆိုရာတွင် ခမိဟူ၍ အမည်ခံသုံးစွဲကြရာ
ခမိလူမျိုးဟူ၍လည်း ခေါ်ဝေါ်ကြသည်။ မြိုလူမျိုး၊ ခမိလူမျိုးဟူ၍ ရေးသားကြရာ လူမျိုးနှစ်မျိုးမဟုတ်ဘဲ
မြို (ခမိ) လူမျိုးတစ်မျိုးတည်းကိုသာ ခေါ်ဆိုခြင်း ဖြစ်ပါသည်။
မြန်မာနိုင်ငံရှိ အခြားတိုင်းရင်းသား အချို့ကလည်း
မြို (ခမိ) လူမျိုးကဲ့သို့ မိမိတို့ကို ခမီလူမျိုးအမည်ဖြင့် ရည်ညွှန်းပြောဆိုကြကြောင်း
မှတ်သားရသည်။ ကချင် (ဂျင်းဖော)၊ ပဒေါင် (ကယမ်း)၊ ရှမ်း (တိုင်/တိုင်း)၊ ပိုးကရင် (ဖလုံ)၊
လရှိ (လာချစ်)၊ ပလောင် (တအောင်း)၊ ကော် (အခါ) စသည့်လူမျိုးတို့ဖြစ်ကြသည်။
မြဝတီမဂ္ဂဇင်း (၄/၆၇) တွင် ဆရာမောင်ထင်က
“ရှေးဖြစ်ဟောင်း” ဆောင်းပါးဖြင့် မြိုလူမျိုးနှင့် ပတ်သက်၍ အကျယ်တဝန်းရေးသားထားသည်။
ဆရာမောင်ထင်မှာ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့တွင် တာဝန်ထမ်းဆောင်ခဲ့ရာ ကိုယ်တွေ့အဖြစ်အပျက်ကိုရေးသားထားသည်။
၁၉၄၁ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူသည့်အခါသန်းခေါင်စာရင်း ကြီးကြပ်သောတာဝန်ကို ထမ်းဆောင်ခဲ့သည်။
စပ်စပ်စုစုမေးမှသာ မြိုလူမျိုးဟုပြောလေ့ရှိကြသည်။ ဤကား ခေတ်လူငယ်များနှင့် စပ်လျဉ်း၍
ပြောရခြင်းဖြစ်သည်။ လူကြီးသူမများကား မြိုလူမျိုးဖြစ်လျှင် မြိုဟုပင် စင်းစင်းကြီး
ပြောကြသည်ဟူ၍ ရေးသားထားသည်။ ဆရာမောင်ထင်အား သိမ်တော်ဆရာတော်က မိန့််ကြားရာတွင် “ဒီသိမ်တောင်တစ်ဝိုက်
(တောင်ကုတ်မြို့၊ သိတောင်ရပ်ကွက်) ဟာ မြိုလူမျိုးတွေနေထိုင်တဲ့အရပ်ပဲ ဒကာရဲ့” ဟူ၍ ရေးသားထားသည်။
ဤဖြစ်ရပ်မှာ လွန်ခဲ့သော နှစ် (၆၇) နှစ်က ဖြစ်ရပ်တစ်ခုဖြစ်ပြီး မြိုလူမျိုးများမှာ ယင်းအချိန်ကတည်းက
တဖြည်းဖြည်းနှင့် ပျောက်ကွယ်ခဲ့ရပုံနှင့် မြန်မာလူမျိုးဖြစ်လာကြောင်း မှတ်သားရသည်။
၁၉၉၃ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ ကျင်းပသော
အမျိုးသားညီလာခံတွင် မြို (ခေါ်) ခမီ အမျိုးသားညီညွတ်ရေးအဖွဲ့ ပါတီမည်ဖြင့် တက်ရောက်ခဲ့သည်။
ဦးစံသာအောင်မှာ ရွေးချယ်ခံရသော ပြည်သူ့လွှတ်တော် က ကိုယ်စားလှယ် အနေဖြင့်လည်းကောင်း၊
အခြားလူပုဂ္ဂိုလ်များမှာ ပါတီအနေဖြင့်လည်းကောင်း စုံညီစွာ တက်ရောက်ခဲ့သည့် သမိုင်းဝင်
မြို (ခမီ) လူမျိုးဖြစ်ပါသည်။
မြို (ခမီ) လူမျိုးကို မြုံ၊ မြုံမ်၊ မြုံန်၊
မြု၊ မြူးဟူ၍ သတ်ပုံ အမျိုးမျိုးဖြင့် ရေးသားထားသော ရှေးရာဇဝင်သမိုင်းများတွင် ဖော်ပြထားသော
လူမျိုးမှာ ရခိုင်ပြည်နယ်ရှိ မြို (ခမီ) လူမျိုးကို ဆိုလိုခြင်း ဖြစ်ကြောင်းနှင့် မြန်မာအစ
ပျူလူမျိုးကဟု ဖော်ပြခံရသော ရှေးဟောင်းပျူ၊ ကမ်းရံ သက်လူမျိုးနှင့် ခေတ်ပြိုင်လူမျိုးကို
ဆိုလိုခြင်းဖြစ်ကြောင်း သုတေသနပြု ရေးသားတင်ပြလိုက်ရပါသည်။
စိန်သာထွန်း
(မြောက်ဦး)
ဦးစိန်သာထွန်း
၁၂/ဗဟန(နိုင်)၀၁၀၆၉၀
တိုက် - ၂၁
(ဃ)၊ စံပယ်ရိပ်သာ
ကာကွယ်ရေးဝန်ကြီးဌာန
နေပြည်တော်
ရက်စွဲ။ ။၁၂ - ၁၂ - ၂၀၀၈
ယခုလိပ်စာ
အမှတ် (၃၈၃/ခ)
ကျိုက်လတ်လမ်း
စ် - ၃၃
(၁၀) ရပ်ကွက်၊
ရွှေပြည်သာမြို့နယ်၊
ရန်ကုန်၊
ဖုန်း
C/O ၆၁၀၄၀၀
မှီငြမ်းကိုးကားစာအုပ်များ
မြန်မာစာအဖွဲ့၊
မြန်မာအဘိဓာန်၊ ၁၉၉၁
မြန်မာစာအဖွဲ့၊
မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း၊ ၁၉၇၈
မြန်မာစာလုံးပေါင်သတ်ပုံကျမ်းများ
မဟာပညာကျော်လျှေက်ထုံး
ဘိုးရာဇာလျှောက်ထုံး
မှော်ဘီဆရာသိန်း၊
ပါးစပ်ရာဇဝင်
ဦဘသန်း၊
မြန်မာရာဇဝင်
ဦးကြည်၊
မြန်မာရာဇဝင်သိအပ်ဖွယ်ရာအဖြာဖြာ
ဒေါက်တာထင်အောင်၊
ညောင်ရမ်းအလွန် အင်္ဂလိပ်-မြန်မာ ဆက်ဆံရေးသမိုင်း
ဦးကုလားရာဇဝင်
မှန်နန်းရာဇဝင်
တက္ကသိုလ်စာပေးစာယူပို့ချချက်
(မြန်မာစာ) နောက်ဆုံးနှစ်
ကလျာမဂ္ဂဇင်း(၈/၉၄)
ဦးရာဇ်မြေမဂ္ဂဇင်း၊
အမှတ် (၃)
ရခိုင်ညွှန့်ဖူးမဂ္ဂဇင်း
ဒေါက်တာသန်းထွန်း၊
အသစ်မြင်ဗမာ့သမိုင်း
ဦးထွန်းရွှေခိုင်၊
ရခိုင်မဟာမုနိ ဘုရားသမိုင်း
မန္တလေးမဟာမြတ်မုနိဘုရားသမိုင်း
(မန်းရာပြည့်)
ဦးသာထွန်းအောင်၊
ရခိုင်မဟာရာဇဝင်တော်ကြီး
ဦးဖေမောင်တင်၊
မြန်မာဝတ္ထုအစနှင့် သုတေသနစာတမ်းများ
ဦးညွန့်ဟန်၊
ဝေသာလီမြို့ဟောင်းလေ့လာချက် (၁၉၈၆) ရှေးဟောင်းသုတေသနဦးစီးဌာန
ဇေယျ၊ မှတ်တမ်း၌
ဗမာ့အရေးအခင်းများ
မြောက်ဦးလမ်းညွှန်
မြန်မာ့စွယ်စုံကျမ်း
(အမှတ် ၁/၉)
မြန်မာနိုင်ငံသုတေသနဂျာနယ်
(၁၂/၅၉)၊ ၄၂ (၂)၊ (၁၂/၇၈)၊ ၅၃(၃)
ဦးသိန်းမောင်၊
စစ်သူကြီးမဟာဗန္ဓုလ
ကျဉ်းကန်ရှင်ကြီး၊
စွယ်စုံကျော်ထင်ကျမ်း
မြန်မာမင်းလွတ်တော်သုံးသတ်ပုံကျမ်း၊
စာစဉ်(၁)
ကျော်အောင်စံထား၊
ဝေါဟာရရတ္ထပကာသနီ
ဦးတင်ဧ၊
ဝဏ္ဏဘောဓနသတ်အင်း
ဦးကျော်ထွန်း၊
ကဝိမျက်မှန်သတ်ပုံကျမ်း
ဦးသာမြတ်၊
မြန်မာစာရေးထုံးကျမ်း
ဦးဝန်၊
တက္ကသိုလ်သတ်ညွှန်းကျမ်း
ရှင်မဟာရဋ္ဌသာရ၊ ကိုးခန်းပျို့
ဒုတိယနဝဒေး၊ ရခိုင်နိုင်မော်ကွန်း
ရှင်မြတ်ခေါင်၊ သခင်ကြီးဧချင်း
ရှင်မဂ္ဂသမာဓိ၊ နေမိဘုံခန်းပျို့
ရှင်အုန်းညို၊ ဂါထာခြောက်ဆယ်ပျို့
နဝဒေးကြီး၊ မနော်ဟာရီပျို့
မြန်မာအဘိဓာန်ဝေါဟာရများ၊ အတွဲ (၃)
တိုင်းရင်းသားယဉ်ကျေးမှုဓလေ့ထုံးစံများ (ရခိုင်/ချင်း)
သခင်ကိုယ်တော်မှိုင်း၊ သခင်ဋိကာ
ဦးပဏ္ဍိတ၊ ရမ်းဗြဲ တောင်ကျောင်းဆရာတော်၊ ဓညဝတီရာဇဝင်သစ်
ဦးအောင်သာဦး၊ ရခိုင်ရာဇဝင်
မြဝတီမဂ္ဂဇင်း (၄/၆၇)
အရှင်စက္ကိန္ဒ၊ ရခိုင်ယဉ်ကျေးမှုများ
ပီယမာန်အောင်၊ ရခိုင်သာစွလေ
အရှင်ကေသရ၊ မာရယုနှင့် ဗေဒါရာဇဝင်ရှင်းတမ်း
ဗန်းမော်တင်အောင်၊ ပုဂံရွှေပြည်
မင်းတပ်ဘူနိန်၊ ချင်းတောင်သမိုင်း
မောင်စာခေါင် “မြိုဘာသာစကား၏ စကားသံများကို အသုံးချ သဒ္ဒဗေဒအမြင်နှင့် လေ့လာချက်” ရန်ကုန်တက္ကသိုလ်၊ မဟာဝိဇ္ဇာဘွဲ့အတွက်တင်သွင်းသောကျမ်း (၁၉၉၁)
ရှင်မဟာရဋ္ဌသာရ၊ ကိုးခန်းပျို့
ဒုတိယနဝဒေး၊ ရခိုင်နိုင်မော်ကွန်း
ရှင်မြတ်ခေါင်၊ သခင်ကြီးဧချင်း
ရှင်မဂ္ဂသမာဓိ၊ နေမိဘုံခန်းပျို့
ရှင်အုန်းညို၊ ဂါထာခြောက်ဆယ်ပျို့
နဝဒေးကြီး၊ မနော်ဟာရီပျို့
မြန်မာအဘိဓာန်ဝေါဟာရများ၊ အတွဲ (၃)
တိုင်းရင်းသားယဉ်ကျေးမှုဓလေ့ထုံးစံများ (ရခိုင်/ချင်း)
သခင်ကိုယ်တော်မှိုင်း၊ သခင်ဋိကာ
ဦးပဏ္ဍိတ၊ ရမ်းဗြဲ တောင်ကျောင်းဆရာတော်၊ ဓညဝတီရာဇဝင်သစ်
ဦးအောင်သာဦး၊ ရခိုင်ရာဇဝင်
မြဝတီမဂ္ဂဇင်း (၄/၆၇)
အရှင်စက္ကိန္ဒ၊ ရခိုင်ယဉ်ကျေးမှုများ
ပီယမာန်အောင်၊ ရခိုင်သာစွလေ
အရှင်ကေသရ၊ မာရယုနှင့် ဗေဒါရာဇဝင်ရှင်းတမ်း
ဗန်းမော်တင်အောင်၊ ပုဂံရွှေပြည်
မင်းတပ်ဘူနိန်၊ ချင်းတောင်သမိုင်း
မောင်စာခေါင် “မြိုဘာသာစကား၏ စကားသံများကို အသုံးချ သဒ္ဒဗေဒအမြင်နှင့် လေ့လာချက်” ရန်ကုန်တက္ကသိုလ်၊ မဟာဝိဇ္ဇာဘွဲ့အတွက်တင်သွင်းသောကျမ်း (၁၉၉၁)
ရခိုင်မင်းသမီးဧချင်း (အဒုမင်းညို)
တပ်မတော်သမိုင်း (ဒု) တွဲ
တိုင်းကျိုးပြရပ်ပြုမှတ်တမ်း (ပ/ဒု) တွဲ
စွယ်စုံနှစ်ချုပ် (၁၉၉၃)
တပ်မတော်သမိုင်း (ဒု) တွဲ
တိုင်းကျိုးပြရပ်ပြုမှတ်တမ်း (ပ/ဒု) တွဲ
စွယ်စုံနှစ်ချုပ် (၁၉၉၃)
No comments :
Post a Comment