ဘာသာပြန်ဆိုသူ၏အမြင်
ရှောလမုန်မင်းလက်ထက်မှ စတင်ခဲ့သည်ဟုလည်းဆိုနိုင်သည်။ အကြောင်းမှု ဘုရားသခင်က ဗိမာန်တော်ကိုဆောက်လုပ်စေသော အချိန်တွင် တခြားဘာသာကိုးကွယ်သော ပညာရှင်များကိုလည်း ဖိတ်ခေါ်ခဲ့သည်။ ထိုသူများသည် ဂျေရုဆလင်မြို့၌ ကမ္ဘာ့အကြီးဆုံး၊ အခမ်း နားဆုံး ဗိမာန်တော်ကြီး တည်ဆောက်ရာတွင် သူတို့၏လက်ရာအတတ်ပညာများ မပျောက်မပျက်သိုမှီးထားရန်လည်း စဉ်းစားခဲ့သည်မှာ ဧကန်
မလွဲပင်။
တပါးလူအား ဖြစ်သလိုမသင်ခဲ့ပေ။ သူတို့အထဲ၌ အဖွဲ့အစည်းရှေ့ဖွင့်လှစ်ပြီး လျှို့ဝှက်သိပ်သည်းစွာသိမ်းဆည်းရန် ကြံရွယ်ခဲ့ လိမ့်မည်။ Freemasons ကို Stonemasons ဟုလည်း ခေါ်ရသည်။ အဓိပ္ပါယ်ကား ပန်းပု၊ ပန်းရံ ကျောက်ပန်းသည် တွေကိုခေါ်ခြင်းဖြစ်သည်။ ယင်းအချိန်၌ ထိုသူများသည် ဤကမ္ဘာကိုအုပ်စိုးရန်တော့ စဉ်းစားခဲ့မည်မထင်။ လျှို့ဝှက်နက်နဲဆိုးယုတ်လှသော သူတို့၏ အကြံအစဉ်များ သည် တပ်မက်လိုချင်ဇောဖြင့် ပေါ်ပေါက်စေခဲ့ခြင်းသာ ဖြစ်ပေလိမ့်မည်။ ထိုကျောက်ထုပညာရှင်များသည် ကမ္ဘာ့အနှံ့ အီဂျစ်၊ဘာဘီလုံစသော ကမ္ဘာတ၀မ်းလုံးမှ ဖြစ်ခဲ့ကြလိမ့်မည်။ တပါးရှင်ဘုရင်အချို့က ရှေလမုန်ဘုရင်ကို ချစ်ခင်ရိုသေကြသဖြင့် သူတို့၏သမီးချောများကိုပေးကမ်းခဲ့ ကြသည်။ ဤကဲ့သို့ ဘုရားသခင်လူတွေရှေ့ တပါးအမျိုးသားများ ကိုးကွယ်သော ရုပ်ထုဆင်းထုများ ကိုးကွယ်မှုတွေ ပေါ်ပေါက်လာခဲ့သည်။ ထိုနေရာမှ ရှေလမုန်ဘုရင်၏ ၀ိညာဉ်တောင်မှ အေးစက်လာသည်အထိ ဖြစ်ခဲ့သည်။ ထို့ကြောင့် ဤအဖွဲ့ ထိုအချိန်မှ စတင်ခဲ့သလားဟု အထင်ရှိကြောင်းပါ။ နောက်မှ Stonemasons (Freemasons) အဖွဲ့သည် ဥရောပတိုက်သို့ ပျံ့နှံ့ခဲ့ပြီး အလွန်သပ်ရပ်လှပခမ်းနားသည့် အ ဆောက်အဦးများ နေရာအနှံ တည်ဆောက်ခဲ့သည်ကို တွေ့ရသည်။ ထိုနေရာ၌ လျှို့ဝှက်တံဆိပ်အမှတ်အသားတွေ တပ်ထားကြခြင်းဖြင့် အ ချင်းချင်း အသိပေးခဲ့ကြခြင်းဖြစ်သည်။

၎င်းတို့
အမေရိကစတင်တည်ရှိခဲ့ချိန်က ၁၇၇၂ ခုနှစ်လောက်မှာ ခန့်မှန်းရသည်။ အမေရိကကို ရောက်ရှိလာပြီး အလွန်မှောင်မိုက် နက်နဲသော အကြံတွေ၊ စီမံချက်တွေ စီစဉ်ပြီးကမ္ဘာကို လက်ဝါးကြီးချုပ်ကိုင်ရန်ပင်။
Freemasons နာမည်တစ်ခုတည်းသာမက အခြားသော နာမည်များဖြင့် ကမ္ဘာ၌ ယခုအချိန်တွင် များစွာပေါ်ပေါက်လာပြီ။ အဖွဲ့ဝင် ၁၅၀,၀၀၀ ယောက်သည် စကော့တလန်နှင့် အိုက်ယာလန်တွင်နေ ကြပြီး ၄၀၀,၀၀၀ ယောက်မှာအင်္ဂလန်နှင့် ၂,၀၀၀,၀၀၀ ကျော်မှာ USA ၌ရှိကြောင်းသိရသည်။
စတင်တည်ထောင်ခဲ့သောမိသားစုများ
ဤအဖွဲ့အစည်းသည် ပထမ၌ မိသားစု ၁၃ စုဖြင့်စတင်တည်ထောင်ခဲ့ပြီး ယခုခေတ်သူတို့ လက်ထောက်မှာ မရေတွက်နိုင်လောက် အောင်
များပြားလှသည်။ ယခုအတိအလင်းသိရသော ထိုမိသားစုများသည် ရှေးခေတ်မှာလည်း ရှိခဲ့ပေမည်။
1.
ASTOR
2.
BUNDY
3.
COLLINS
4.
DUPONT
5.
FREEMAN
6.
KENNEDY
7.
LI
(Chinese)
8.
ONASSIS
9.
ROCKEFELLER
10.
ROTH
SCHILD
11.
RUSSELL
12.
VAN
DUXN
13.
MEROVINGIAN
(European Royal
Families)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEic48chheyhnugrIfGYAGOEn0xbtgR2IDbZIZzPOGP35fNDf-OYQkc2CAOpdNsXV5H6QKDSykGhtYblLwm-W9CLiPDDbBt46y1VWzM9DhPproe600g-wHWtzoWOLCPBxcpugFy8xGa824g/s400/IMG_0038.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpZx0EHY_Wdz7dcSPIbyiZ4tp8cS4Eot903LLnlnOIDhQXi46f-3KshTkbmVu5aM6iokUxJBoI_wwZ8YBP5VktOrneW-qC2t1dOpjCEZvXmNN4Ig-Y97eAWnRdcbBo3lvp0jvEW23rdjs/s400/IMG_0039.jpg)
သူတို့၏နာမတော်များမှာ- (1) Skull & Bones (2) Bdnemian Club တို့ဖြစ်သည်။
ဒီနာမများကို လျှို့ဝှက်မထားကြတော့ပါ။ ဒီအထဲမှီခိုပြီး လျှို့ဝှက်နက်နဲသောအမှုတွေ ပြုလုပ်ကြခြင်းဖြစ်ပေသည်။ ကမ္ဘာ့ကုလ သမဂ္ဂအဖွဲ့ ( United Nations ) သည် သူတို့၏ ရုံးတော်ချုပ်ဖြစ်သည်။ ဤနာမအောက်၌ အခြားအမည်မဖေါ်ဘဲ ခိုအောင်းနေသော အဖွဲ့ အစည်း အလွန်များပြားလှသည်။ သို့သော် သူတို့၏တံဆိပ်နာမများကို သိထားသူအဖို့ အလွယ်တကူခွဲခြားနိုင်သည်။ ဤတံဆိပ်နာမများသည် အထက်ပါတံဆိပ်များပင်ဖြစ်ပြီး မထင်မရှားအားဖြင့် အမျိုးမျိုးပုံစံဖြင့် သုံးကြသည်။ ဤကဲ့သို့ ပုံစံများကို အောက်တွင်ဖေါ်ပြထားသည်။
No comments :
Post a Comment