ဤအဖွဲ့အစည်းရှိကြောင်း သက်သေအထောက်အထားများ
သက်သေ ၁၊
အမေရိကန်ငွေစက္ကူ တစ်ဒေါ်လာထဲရှိ လျှို့ဝှက်ချက်များ
ဤ
US
1$
ငွေစက္ကူရွက်သည် ကမ္ဘာ့အနှံ့တွင် လူတိုင်းကိုင်တွယ်သုံးစွဲကြသော်လည်း အထဲရှိပုံဆွဲထားမှုတွေကိုတော့ အမှတ်တမဲ့ သာကြည့်ကြသည်။ တချို့တော့ တွေမြင်ခဲ့လိမ့်မည် မထင်၊ ကြည့်မြင်ကြသူများပင် အဓိပ္ပါယ်ကို ဖေါ်ထုတ်သိရှိနိုင်မည်မဟုတ်ပေ။
ဇီးကွက်ပုံ- အမေရိကန် တဒေါ်လာတန်၏ လက်ယာဘက်အစွန် အပေါ်ဆုံးထောင့်မှာ ဇီးကွက်လေးတစ်ကောင်၏ပုံ လျှို့ဝှက်ချက်တစ်ခုပင်။ ကျွန်ုပ်တို့သူငယ်တန်း စာသင်တုန်း ဇီးကွက်ပညာရှိပုံ၊ သူဋ္ဌေးဖြစ်ပုံများ သင်ကြားခဲ့ရသည်ကို သတိထားမိ သည်။ ဇီးကွက်ပညာရှိ မျက်စီရှင် ကြောင်း မည်သည့်ခေတ်ကစပြီး လေ့လာခဲ့ပုံ သိရှိခဲ့ပုံများကိုသိ
ချင်လှပါဘိ။ အဘယ်ကြောင့်ဆိုသော် ဒီဇီးကွက်မျိုးကို လျှို့ဝှက်အဖွဲ့၏ ရှိခိုးနေသောအကောင်တမျိုးဖြစ်သော
ကြောင့်
ဤအဖွဲ့အကြောင်းမှစ၍အတန်းစာအုပ်တွေ၌ ထည့်ပြီး သင်ကြားလာခဲ့သလားမသိရပေ။ ဇီးကွက် လေးတစ်ကောင် ထိုနေရာ၌ ထည့်ထားသည့်အဓိပ္ပါယ် ကို အောက်တွင်ဖတ်ကြည့်ပါလေ။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwbpVYHqYmqyf2yB2nI0ATQZDy0Em8oVrsxMV12_4pa-AWIWdxugJUHjzr96FNjnQvsc0Y7ot5n_UXwUyrjARjO3PsFx2jlCxcjpOtVPy-3zR3THZWyiCtZvaRqH5pbW65V-X8bzYULrA/s320/IMG_0043.jpg)
သက်သေ ၂၊
ဝါရှင်တန်မြို့တော်
အမေရိကန်နိုင်ငံ၏မြို့တော် ၀ါရှင်တန်မြို့မြေပုံဖြစ်
သည်။
ကောင်းမွန်သေချာစွာကြည့်လျှင် အပေါ်၌ဖေါ်ပြထား သော ဇီးကွက်ပုံ
(blue print) အထဲ ကွက်တိ ၁၇၉၀ ခုနှစ်လောက်မှာ ၀ါရှင်တန်မြို့တည်ထောင်ခဲ့ပုံကိုကြည့်ပါ။ ဒီအကြောင်းတွေကိုကြည့်ရခြင်းဖြင့် တချို့အဖွဲ့အစည်း တွေက လျှို့ဝှက်စွာမြို့၏ ရပ်ကွက်တချို့တွင် ပုံစံသွင်း တည်ဆောက်ကြ
သည်ကိုတွေ့ရသည်။
အခြားသော မြို့ကြီးအချို့အဆောက် အဦးကြီးမျာကိုလည်း ဤနည်း အတိုင်း
လျှို့ဝှက်တည်ဆောက်ထားသလား မည်သူမှ မသိနိုင်ပေ။
သက်သေ ၃၊
BOHEMIA CLUB
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIUxTrR45-GcnTq8JyFU6QN96uy790Cr8y2-P-HpqDGy0_Qv8Pz5zEoI3ArlviIE-XRtYQKLsHr7kV5vQTFkG7vysNaAkQ3JW040hCaeED8L0l916dgEbjKx9UAuhHAiF5vP1ePkQHpxI/s200/IMG_0045.jpg)
Bohemia club ကို ၂၀၀၀ ခုနှစ် ဇူလိုင် ၁၅ ရက်တွင် Alex Jones (ပုံထဲမှ) က အထဲကို တိတ်တဆိပ်ဝင်ရောက်ကာ ဓါတ်ပုံရိုက်နှိပ်ခဲ့ပြီး ကမ္ဘာသို့ နာမည်များကို ဖွင့်လှစ်ခဲ့သည်။ ပုံထဲက ရုပ်ပုံများသည် အမှန်အတိုင်း အရှိတိုင်း ရိုက်ထားခြင်းဖြစ်သည်။ ဤ၀ဘ်ဆိုက်တွင် ဖွင့် ကြည့်နိုင်သည်။
ထို့နောက်
Jesse Ventura (အောက်ပုံအထဲ), Manisota governor ဟောင်းကလည်း လျှို့ဝှက်အဖွဲ့အစည်းကို တဖွဲ့ပြီးတဖွဲ့သေချာ ဆန်းစစ်ထောက်လှမ်းကာကမ္ဘာကိုသိစေခဲ့ သည်။
၂၀၀၂ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့ ကမ္ဘာ့ကုန်သည်များ တိုက်မြင့်ကြီး Twin tower ကို
လေယာဉ်ဖြင့်တိုက်ခဲ့စဉ်၌လည်း ဤလျို့ဝှက်အဖွဲ့ လက်ချက်ပါကြောင်းသိရသည်။ လေယာဉ်တစင်းဖြင့် ထိုမျှော်စင်ကြီးကို မဖျက်ဆီးနိုင်။ သူတို့အဖွဲ့က အောက်ခြေတွင် မိုင်းဗုံးများ ကြိုတင်ထောင် ထားခဲ့သည်ဟုဆို၏။ ထိုနေရာတွင် လေယာဉ်အစမှဟူ၍ တခုတလေမျှရှာလို့မတွေ့ ရပေ။ ဗုံးလိုပေါက်ကွဲသောအရာအမျိုးမျိုးနှင့် ပစ်ဖေါက်ခဲ့သည်ဟုဆို၏။ John F.Kennedy ကိုလည်း
သမ္မတက သူရာထူးထမ်းဆောင်သော အခါ ဤလျှို့ဝှက်အဖွဲ့ကို ဖေါ်ထုတ်မည်ဟု ကြိမ်းဝါးခဲ့သောကြောင့် ဤအဖွဲ့မှ လုပ်ကြံခဲ့ခြင်းပင်ဖြစ်သည်ကိုသိရသည်။
သက်သေ ၄။
Skull & Bones
“ဦခေါင်းခွံနှင့်အရိုးများ” အဖွဲ့သည် အမေရိကန်ပြည် Connecticut ကစလာသည်။
Yale University ကျောင်းကြီး၌ အတော်ဆုံး ကျောင်းသားများကို နောင်၌မည်ကဲ့သို့အလုပ်တွေ လုပ်ဆောင်ရန် ရည်ရွယ်ချက်တွေ ချမှတ်ပြီး ထောက်ပံ့ပေးသောကျောင်းဖြစ်သည်။ သမ္မတ George W.bush နှင့်
John Kerry တို့လည်း ဤကျောင်းမှဖြစ်ကြသည်။ Bush ကို ရီပက်ဗလီကန်ပါတီမှ ရပ်တည် စေပြီး Kerry ကို
ဒီ မိုကရက်တစ်ပါတီဘက်ရပ်တည်စေပြီး မဲပြိုင်ခိုင်းသည်။ ထိုနှစ်ယောက်စလုံးနောက်နောင်သမ္မတဖြစ်လာစေခဲ့သလို ၂၀၀၂ ခုနှစ်မှပြိုင်ခဲ့
သည်။
TV interview တစ်ခုတွင် Skull & Bones အဖွဲ့ဝင်ဟုတ်မဟုတ် မေးမြန်းသောအခါ မငြင်းပယ်ခဲ့ပေ။ လျှို့ဝှက်အလုပ်ဖြစ်သောကြောင့် ဘာမှ ပတ်သက်ဖို့အကြောင်းမရှိဟု ဖြေခဲ့သည်။ ဤဆိုဒ်တွင်လေ့လာကြည့်ပါ။ http://www.youtube.com/watch?v=mPh7sUvhZ3E သုတို့နှစ် ယောက် တဘက်စီ မဲပြိုင်ခဲ့ကြပေမဲ့ အမှောင်ထဲမှာ
သူတို့အလုပ်က တူနေကြသည်။ မည်သူနိုင်/ရှူံး သူတို့အဖို့ အရှူံးမရှိပါ။
No comments :
Post a Comment