တခြားလျှို့ဝှက် နာမည်မည့်ထားသူအချို့
Skull & Bones အဖွဲ့ထဲ အသစ်ဝင်လာသူများကို နာမည်အသစ်ဖြင့် မည့်ကြလေ့ရှိသည်။ ထိုနာမည်သစ်ကိုသုံးပြီး အဆက်အသွယ် လျှို့ဝှက်စွာ လုပ်ကြသည်။
·
MAGOG
နာမည်သည် သမ္မတ Bush ၏အဖေ George Bush ကိုပေးထားသော နာမည်ဖြစ်သည်။ ယေဇကျေလ ၃၈ တွင် နောက်ဆုံးအချိန်၌ ဘုရားသခင်၏
လူတွေနှင့် စစ်တိုက်မည့်အဖွဲ့ ၊ နိုင်ငံ၊ ပုဂ္ဂိုလ်တပါး၏ နာမည်ဖြစ်သည်။
·
အရပ်ရှည်သူကို Long devil လို့မည့်ကြသည်။
·
Averell
harriman ကို
Thor ဟုမည့်ထားသည်။ (God of Thunder) မိုးကြိုးဘုရားအဓိပ္ပါယ် ရှိသည်။
·
Henry
Luce ကို
Baal မည့်ထားပြီး တပါးအမျိုးသားများကိုးကွယ်ခဲ့သော ဗာလဘုရားဖြစ်သည်။
·
McGeorge
Bundy ကို
O-din (The one-eyeddeity of battle- German mythology) ရှေးဂျာမာန်တို့ကိုးကွယ်ခဲ့သော မျက်စိတစ်လုံး တည်းရှိ စစ်ဘုရားဖြစ်သည်။
·
အမေရိကန်ဘောလုံးကစားသူများကို Boag ဟုခေါ်ကြသည်။ ကျမ်းစာထဲရှိ ဗေလဇေဗုလ နတ်ဆိုးနာမည်ဖြစ်သည်။ ဤနာမ များကိုကြည့်ပြီး ဤအဖွဲ့အစည်းသည် စင်စစ်ပင် နတ်ဆိုးများကို ပသကိုးကွယ်ကြကြောင်းသိသာသည်။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaQdtbh1p8izPjY4kBUN6uhTl6oPXSSmUPTqNmRdcPwYFq2CVCkJWlyOAusQidl_HMIbO6oCYpHG-jD-_cDAcd20B-LKAGh5QL6O5EoQANSZk39yOutuFzCht61ccuX44oLSEmN_1k2V4/s200/IMG.jpg)
ဤအဖွဲ့အစည်းသည် ဝတ်ပြုအစည်းအဝေးများတွင်လည်း အလွန်ယဉ်ကျေးဖော်ရွေစွာ ဆက်ဆံတတ်ကြသည်။ ငွေရေး၊ အခြားအရေးများ၌ လွန်စွာပင် ပံ့ပိုးကူညီချက်စိတ်ရှိကြောင်းပြကြ သည်။ Freemason အဖွဲ့ဝင်အဆင့်တွင် ထိုကဲ့သို့စိတ်သဘော ရှိကြသော်လည်း ၃၂ အဆင့်ရောက်လာမှဖြင့် ကိုယ်ကြိုက် ရာယုံကြည်မှုကို ရုပ်သိမ်းပြီး လူစီဖါကိုသာ ကိုးကွယ်ရန် စိတ်လုံးလုံးပြောင်းရပေတော့မည်။ သခင်ယေရှု ကိုပုတ်ခတ်စေ၊ ဆန့်ကျင်စေလိမ့်မည်။ ဤအစီအစဉ်သည်
နောက်ဆုံးကာလတွင် တကမ္ဘာလုံးကို
လူစီဖါ၏နည်းစနစ်( Lucifer’s doctrine) ဖြင့် ဖမ်းချုပ်ကိုင်ထားရန်ဖြစ်သည်။ သူတို့သည် သူများအသင်းတော်
ထဲဝင်စေကာ
အသင်းတော်ကိုးကွယ်မှုများကို ဖျက်ဆီးစေမည်။ ယခု ခရစ် ယာန်ကိုးကွယ်မှုအဖွဲ့အစည်းများထဲ ဝင်မွှေနှောက်ယှက်စေသော စရိုက်များလုပ်ကြသည်။ ဥပမာ-အသင်းတော်တပါးတွင် အသင်းတော် လူကြီး ၁၀
ပါးရှိသည်။ အသင်းတော်လူကြီး ၆ ယောက်လောက်ကို သူတို့စိတ် ကြိုက်ရွေးကောက်စေမည်။ ထိုအသင်းတော်လူကြီးများ သဘောတူပြီး အားလုံးကိုချုပ်ကိုင်ကြပ်မတ်၍ သင်းအုပ်ဆရာကို ချုပ်ကိုင်ကာ စစ်မှန်သောခရစ်ယာန် အသက်ရှင်မှုမရှိဘဲ အသင်းတော်ကို အားနည်းစေလာမည်။ နောက်တဖြည်းဖြည်း အသင်းတော်ချုပ်ကိုလည်း ငွေ၊ ဥစ္စာ အမျိုးမျိုးဖြင့် ချုပ်ကိုင်သွားမည်။ စစ်မှန်သော နှုတ်ကပတ်တော်ကို ဆရာသည်မဟောနိုင်ဘဲ သူတို့စကားနားယောင်ပြီး အပြစ်တရားအကြောင်းဟောရန် အကြပ်ကိုင်မည်။ ဘုရားသခင်ကို လက်မခံစေဘဲ လူများ ကြိုက်တတ်သော ပုံပြင်တွေ၊ ဗဟုသုတတွေသာပြောခိုင်းမည်။ ယခု
(New age) ခေတ်သစ်အသင်းများပေါ်လာပြီး ဘုရားကျမ်းစာနှင့်ရောကာ မုံယောဂျုံစေ့မျိုးကိုပေးပြီး အဆိပ်ခတ်ပေးသည်ကို နေရာအနှံ
တွေ့ရသည်။ ထိုကြောင့် “အသစ်သော ………” အဖွဲ့အစည်းတွေကို သတိ ကြီးစွာ ထားပြီး ခွဲခြားတတ်ဖို့ အသင်းသူ/သားများ၌ ပညာသတိရှိအပ်သည်။ သခင်ယေရှု
ပြန်လည်ကြွလာမည့် အကြောင်းမဟောပြော၊ ပုရောဖက်စကား၊ အပြစ်ပြန်လည် တောင်းပန်ခြင်း၊ ခွင့်လွတ်ခြင်းတရားတွေမဟောခိုင်း၊ လူများနားထောင်ချင်သော ကြိုက်နှစ်သက်သော ကခုန်မြူးတူးခြင်း အာရုံဆွဲဆောင်ကောင်းသော စကားများဖြင့် ဆွဲဆောင်ကြလိမ့်မည်။ သူများစိတ်နာစေခြင်း မျိုးမလုပ်ကြ။ အသင်းသားများဖို့ရန်သာတာစူပြီး အဓိကကြိုးစားသည်။ အမေရိကန်၌
Southern Baptist အသင်းပြောပြသည်မှာ “အသင်းတော်များသည် ရွံ့ရွံ့ချွံချွံ ကြိုးစာပြီး
တည်ထောင်လာတာ Freemasons အဖွဲ့ဝင်များ
အသင်းတော်ထဲဝင်လာချိန်မှစ၍ တရားဟောဆရာ အချို့နှုတ်ထွက်ခဲ့ရကြသည်”ဲ ဟုဆို၏။ တချို့သော အသင်းတော် အဖွဲ့ဝင်ထဲတွင်လည်း Freemasos အဖွဲ့ဝင် တယောက်လောက် ပါဝင်နေသည်ကို တွေ့ရင် ချက်ခြင်းမောင်းထုတ်ပစ်ရသည် ဆို၏။
MORMONS- The
Church of Christ Latest Day Saints
Mormon အသင်းတော်ထူထောင်ခဲ့သော Joseph Smith သည် New York မြို့နားတနေရာမှ Freemasons တစ်ယောက်ဖြစ်ခဲ့ သည်။ လျှို့ဝှက်အဖွဲ့အစည်းသည် ကမ္ဘာပေါ်ရှိ ယုံကြည်မှုဘာသာတရားအားလုံးကို ဖျက်ဆီးနိုင်ရန်ကြိုးစားနေသကဲ့သို့ Joseph Smith သည်လည်း
ခရစ်ယာန်အသင်းများကို ဖျက်ဆီးရန် Mormon ကျမ်းစာကို
တီတွင်ပြီး ရေးသားပြုစုထားသည်။ သခင်ယေရှုသည် အမေရိကန်ကိုရောက်ရှိခဲ့သည်၊ ယေရုဆလင်မြို့သစ်သည် အမေရိကန်တွင်
တည်ထောင်လိမ့်မည်ဟု ဟောပြောသင်ကြားသည်။ သူ့အ ကြောင်းကို လေ့လာကြည့်ပါ။ http://www.youtube.com/watch?v=6TMar7X9YzM&NR=1 ဓါတ်ပုံကို Link ထဲမှကူးထားသည်။ http://lds.cephasministry.com/ ဤနေရာ၌ ပို၍ပြည့်စုံသည်။
No comments :
Post a Comment