ရန်ကုန်ရှိ မြို ခေါ် ခမိ ပါတီခေါင်းဆောင်များမှ ဦးညှိလှထွန်း၊ ဦးစိန်သာထွန်း နှင့်ဦးမြထွန်းတို့သည် ရခိုင်ပြည်နယ် ကျောက်တော် မြောက်ဦး နှင့် ပလက်ဝမြို့နယ်များတွင် မြိုလူထု ဆန္ဒခံယူ ပွဲ အောင်မြင်စွာပြီးဆုံးကြောင်း သတင်းရရှိပါသည်။ ဆက်လက်ပြီး ပုဏ္ဏားကျွန် ပေါက်တော ဘူသီးတောင် နှင့် တစ်ခြားမြို့နယ်များသို့ မြိုလူထုဆန္ဒခံယူပွဲ လုပ်နေကြောင်း သိရပါတယ်။ တစ်ချို့ ခမိ အမည်ခံ မြိုလူမျိုးတွေဟာ မိမိတို့၏ သမိုင်းအမှန်ကိုသိလာကြသဖြင့် 90%မြိုလူမျိုး အမည်တစ်ခုတည်းခံကြဖို့ ဆုံးဖြတ်ကြကြောင်း
ရန်ကုန်မြို့၊ ၃၆ လမ်း၊ မြန်မာဂျာနယ်လစ်ကွန်ရက်တွင် ပြုလုပ်သည့်
မြိုလူများနှင့်ပတ်သက်၍ စစ်တမ်းကောက်ယူမည့်အကြောင်း
သတင်းစာရှင်းလင်းပွဲတွင် ဦးစိန်သာထွန်းက အထက်ပါအတိုင်း
ပြောကြားသွားခြင်းဖြစ်သည်။










