Wednesday, April 30, 2014

ပေါ့ပေါ့ပါးပါး ဟာသများ

ဝဋ်ကျွတ်ချင်ပြီ



မိန်းမတစ်ယောက်သေသည်။ သူ့အခေါင်းကို လူလေးယောက်ထမ်းပြီး အိမ်ကအထွက် နံရံနှင့် ဝင်တိုက်မိရာ အထဲမှ ညည်းသံထွက်လာသည်။ အဖုံးဖွင်လိုက်တော့ အသက်ရှင်နေသေးကြောင်း တွေ့လိုက်ရသည်။
ထိုမိန်းမလည်း နောက်ထပ် ၁၀ နှစ်ကြာအောင် နေထိုင်ပြီးနောက် သေပြန်သည်။ အသူဘပို့ရန် လူလေးယောက် အခေါင်းကို ထမ်းကြသည်။
အခေါင်းကို သယ်လာကြရာ တံခါးနားရောက်သော် ထိုမိန်းမ၏ ယောက်ျားဖြစ်သူ အလန့်တကြားထအော်သည်။
“နံရံကို သတိထားကြဟေ့”

Sezin Lynn
..................................................

အလွဲ

လူပျိုကြီးတစ်ယောက်သည် သူ၏အိမ်နီးချင်း တစ်ခုလပ် မိန်းမချောလေးက အိမ်တံခါးလာခေါက်သဖြင့်