Friday, November 29, 2013

၂၀၁၄ သန်းခေါင်စာရင်းကောက်ခံရာတွင် ခမိလူမျိုးကိုမြိုလူမျိုး ဟုရေးသားအသိအမှတ်ပြုရေး လွှတ်တော်သို့တင်ပြမည်



Eleven Myanmar

ခမိလူမျိုးများအား ပြည်လုံးကျွတ်သန်ခေါင်းစာရင်း ရွေးကောက်ပွဲတွင် "မြို" လူမျိုးအဖြစ် သတ်မှတ်ရန် တောင်းဆို

ခမိလူမျိုးများအား ပြည်လုံးကျွတ်သန်ခေါင်းစာရင်း ရွေးကောက်ပွဲတွင် "မြို" လူမျိုးအဖြစ် သတ်မှတ်ရန် တောင်းဆို
 Thursday, November 28, 2013


 "ခမိ" လူမျိုးများအား လာမည့် ၂၀၁၄ ပြည်လုံးကျွတ်သန်းခေါင် စာရင်း ရွေးကောက်ပွဲတွင် "မြို" လူမျိုးသတ်မှတ်ပေးရန် "မြိုခမိ" စာပေနှင့် ယဉ်ကျေးမှု နာယက ဦးထင်းအောင်က တောင်းဆိုလိုက်သည်။ လက်ရှိတွင် နိုင်ငံသား စိစစ်ရေး ကတ်ပြားတွင် ၄င်းတို့ကို ခမွီးအဖြစ်သာ သတ်မှတ်ပေးခြင်းကြောင့် "မြို" လူမျိုးဟု ပြောင်းလဲသတ်မှတ်ပေးရန် ယနေ့ နေ့လည် ၁၁:၀၀ က MJN ၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ် ၍ တောင်းဆိုခဲ့သည်။



  ဇေဝေယံ Popular Myanmar News Journal

soe naung fb မှ ပြန်လည်တင်ပို့သည်။ 




မြိုလူမျိုး တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦး ပေါ်ထွက်လာရန် မြို (ခ) ခမီး ညီညွှတ်ရေးအဖွဲ့ ကြိုးပမ်းမည်


ရခိုင်ပြည်နယ်အတွင်း အများဆုံးနေထိုင်သော မြိုလူများကို ကိုယ်စားပြုနိုင်မည့် မြိုတိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦး ပေါ်ထွက်လာရန်အတွက် စစ်တမ်းကောက်ယူမှုများကို ၂၀၁၄ ခုနှစ် ဇန်နဝါရီ လကုန်ပိုင်းထိ နောက်ဆုံးထားကောက်ယူသွားမည်ဟု မြို (ခ) ခမီး ညီညွှတ်ရေးအဖွဲ့ မှ အတွင်းရေးမှူး ဦးစိန်သာထွန်း က မဇ္ဈိမကို ပြောကြားသည်။
ရန်ကုန်မြို့၊ ၃၆ လမ်း၊ မြန်မာဂျာနယ်လစ်ကွန်ရက်တွင် ပြုလုပ်သည့် မြိုလူများနှင့်ပတ်သက်၍ စစ်တမ်းကောက်ယူမည့်အကြောင်း သတင်းစာရှင်းလင်းပွဲတွင် ဦးစိန်သာထွန်းက အထက်ပါအတိုင်း ပြောကြားသွားခြင်းဖြစ်သည်။

Tuesday, November 5, 2013

မြိုခမိတို့စည်းလုံးဖို့ စဉ်းစားသင့်ပြီ

မြန်မာနိုင်ငံတွင်တိုင်းရင်းသား (၁၃၅) မျိုးဆိုသည်မှာ မဖြစ်နိုင်ကြောင်း  ကို လက်ခံနိုင်သော်လည်း ခမီးတွေက ရခိုင်ပြည်ရောက်ချင်းလူမျိုးများသာဖြစ်သည်ဆိုသည်ကို ကျွန်တော်တို့ က လက်မခံနိုင်။ ချင်းစကားနှင့် ကျွန်တော်တို့ မြို (ခေါ်)ခမိ လူမျိုးစကားတို့သည် တခြားစီသာဖြစ်သည်။ ဤအချက်ကို ကျွန်တော်တို့ မြိုခမိတို့ အလေးထားပြန်လည် တင်ပြသင့်ပေသည်။