Saturday, March 2, 2013

LUCIFER (လူစီဖါ စာတန်၏အမှောင်လျို့ဝှက်အကြံအစည်တချို့ ဖေါ်ပြချက်) (အင်္ဂလိပ်နာမည်မှ အသံထွက်ကိုလိုက်ပြီး မြန်မာလိုပြန်ထားသည်)

စာတန်သည် မည်သို့သောပုဂ္ဂိုလ်ဖြစ်ကြောင်း၊ လျို့ဝှက်အဖွဲ့အစည်း၌ မည်သူတွေပါဝင်သည်၊ မည်သည့်အချိန်ကစတင်တည် ထောင်ခဲ့သည်၊ အစအဦးမည်သည့် မိသားစုများပါဝင်ကြသည်၊ ဤအဖွဲ့အစည်းအမှန်တကယ်ရှိကြောင်း သက်သေများနှင့် အောက်ဖေါ်ပြပါ အချက်များပါဝင်ကြသည်။ သက်သေ ၁။ အမေရိကန်ငွေ (1) ဒေါ်လာမှ လျို့ဝှက် ပုံများ-ဇီးကွက်ပုံ၊ အီဂျစ်ပြည်မှ ပိရမစ်ပုံ၊ မျက်စိပုံ၊
အမှတ်စဉ် ၁၃။ သက်သေ ၂။ ၀ါရှင်တန်မြို့တော်မြေပုံ။ သက်သေ ၃။ ဘိုဟေးမီးယား ကလပ် (BOHEMIA CLUB) သက်သေ ၄။ ဦးခေါင်းခွံနှင့်အရိုး သက်သေ ၅။ သီဖရီး မေဆန် (THE FREE MASONS)- မေါ်မွန် (MORMONS)၊ နောက်ဆုံးနေ့ သူတော်စင်များ၏ ခရစ်တော် အသင်း (THE CHURCH OF CHRIST LATEST DAY SAINTS)၊ ဟေယောဝါသက်သေခံများ (JEHOVAH WITNESSES) သက်သေ ၆။ GORGIA GUIDESTONE သက်သေ ၇။ ဒင်းဗားလေဆိပ် (Denver Airport) USA ခေါင်းဆောင်များ၏ လျှို့ဝှက်အစည်းအဝေးများ။ ALBERT PIKE ။ ကမ္ဘာစစ်ဖြစ်ပေါ်စေခဲ့ပုံ။ ဘုရားသခင်၏ ပုရောဖက် စကားပြည့်စုံစေပုံ။ ကမ္ဘာသစ်အော်ဒါ (NEW WORLD ORDER/ONE WORLD GOVERNMENT (ကမ္ဘာ့အစိုးရ) ကမ္ဘာကို (၁၃) စုခွဲဝေပုံ၊ ကမ္ဘာကိုမည်ကဲ့သို့ အုပ်ချုပ်နေပုံ။ မုသားပြောဆိုပုံ။ MEDIA အကြောင်း၊ EVOLUTION (ဆင့်ကဲဖြစ်စဉ်)။ စစ်ပွဲများပေါ်ပေါက်စေပုံ။ အရောင်းအ၀ယ်ကိစ္စ၊ လျှို့ဝှက်အဖွဲ့အစည်း၏ လက်ဗွေများ။ GESTURES လက္ခဏာများ။ ကွန်ပျူတာချိတ် ကိစ္စ။ နောက်ဆုံး မှာကြားချက်။ ဘုရားသခင်အကြောင်းကို ကျွန်ုပ်တို့ ကျမ်းစာအားဖြင့် အကျယ်တ၀င့်သိကြပေမဲ့ စာတန်၏အကြောင်းနှင့် သူ့အလုပ် လုပ်ပုံများကို အနည်းငယ်မျှသာသိရကြသည်။ အကြောင်းကား ဖြောင့်မတ်သော ဘုရားသည် သူ့အမှန်အတိုင်း ဖေါ်ပြလို့ဖြစ်သည်။ ပရောဖက် များအားမဖေါ်ပြဘဲ မည်သည့်အမူမှ သူမလုပ်ချေ (အာမုတ် ၃းရ)။ သို့သော်စာတန် Lucifer သည် အစအဦး ကတည်းက ပုန်းအောင်းပြီး ဖြားယောင်းမှုများ ပြုလုပ်လာ၏။                                    စာတန်သည်မည်ကဲ့သို့သောပုဂ္ဂိုလ်ပေနည်း?                                                                                                        ဘုရားသခင်သည် အစအဦးတွင် အမြင့်ဆုံးသော ကောင်းကင်တမန် သုံးပါးဖန်ဆင်းခဲ့သည်။ ဂါဗြေလ (Gabriel)၊ မိုက်ကယ်လ် (Michael) နှင့် လူစီဖါ (Lucifer) ဟီဗရူးစကား အေလ် (el) သည် ဘုရား၊ ဖန်ဆင်းရှင် အဓိပ္ပါယ်ဖေါ်ဆောင်၏။ ပဌမနှစ်ဦးအမည်၌ ထိုကဲ့သို့ဘုရားနာမည်ပေးပြီး ကျန်သောလူစီဖာကိုတော့ မပေးချေ။ ဤနေရာ၌ ဘုရားသခင်၏ အကြံအစည် တစ်ခုကိုတွေ့ရသည်က နောက်နောင် လူစီဖါက စာတန်ဖြစ်လာမည် ကိုသိခဲ့ခြင်းပင်ဖြစ်သည်။ လူစီဖါသည် ကောင်းကင်တမန် အားလုံးထက် အချောအလှဆုံးလည်းဖြစ်ပြီး ချီးမွမ်းစရာအားလုံး၌ အတော်ဆုံးအဖြစ် ဖန်ဆင်းထားသည်။ မိုးသောက်ကြယ် (အလင်းဆောင်သူ) ဟုလည်းသမုတ်ခဲ့သည်။ ထို့ကြောင့်သူ့ကို ကောင်းကင်တမန်အားလုံး၏ အထွဋ်အထိပ်နေရာ၌ တင် မြောက်ခဲ့သည်။ သူသည်ဘုရားသခင်၏ ဘုန်းရိပ်အောက် အမြဲခိုအောင်းခဲ့ပြီး ချီးမြောက်ခြင်းခံခဲ့ရသည်။ ထိုအချိန်၌ ကောင်းကင်တမန်များကိုလည်း ယခုလူသားကဲ့သို့လွတ်လပ်မှု (freedom) ပေးထားသည်။ ထိုအခွင့်အရေးကိုမသုံးတတ်၍ လူစီဖါသည် ၀ါကြွားထောင်လွှားမှုနှင့်ပြည့်လာသည်။ ဘုရားသခင်ကဲ့သို့ တန်ခိုးကြီးသည်ဟုထင်လာသည်။ ထို့ကြောင့် ဘုရားသခင်ထံတော် ပါးမှ မောင်းထုတ်ခြင်းခံရသည်။ လှပ၍အချေားဆုံးကောင်းကင်တမန်သည် ကြောက်မက်ဖွယ်အကောင်းဆုံးသော စာတန်မာရ် နတ်ဖြစ်လာ၏။ သူ့နောက် ကောင်းကင်တမန်ဗိုလ်ခြေ သုံးပုံတပုံလိုက်ပါသွားကြသည်။ သူတို့ကို ဘုရားသခင်က ဘုရားနေရာကောင်းကင်ဘုံနှင့်မြေကြီးကြား လဟာပြင်သို့မောင်းထုတ်၍ ယင်းနေရာ၌ နေထိုင်ခွင့်နှင့် ကမ္ဘာမြေကြီးသို့ဖြားယောင်း မှုများပြုလုပ်နိုင်သော အခွင့်များကိုလည်းပေးထားသည်။ လူစီဖါက အဘယ်ကြောင့် အာဒံ ဧ၀တို့ကိုဖြားယောင်းခဲ့သနည်းဆိုသော် ဘုရားသခင်က အာဒံ ဧ၀တို့ကို ဘုရားရှင်၏ ပုံသဏ္ဍာန်ကဲ့သို့၎င်း၊ ဘုရားရှင်ဝိညာဉ် ကျိန်းဝပ်နိုင်အောင် ၀ိညာဉ်ကိုယ်ရောပါဝင်၍ ဖန်ဆင်းထားခြင်းကြောင့် ဖြစ်သည်။ မြေကြီးဖြင့် ဖန်ဆင်းထားသော်လည်း လူစီဖါတို့ကိုဖန်ဆင်းထားသော ၀ိညာဉ်ကိုခံစားရ၍ ဘုရားရှင်၏ဘုန်းအသရေများနှင့် ပြည့် စုံလျှက် ဤကမ္ဘာပေါ်၌ နေထိုင်ရအောင် ဖန်ဆင်းထားသည်။ အာဒံ ဧ၀ တို့သည်ဘုရားရှင်ကို အမြဲဖူးမြင် နိုင်ပြီးစကားပြော ဆိုနိုင်၏၊ အတူလမ်းလျှောက်ခဲ့ကြ၏၊ ထိုမျှမက လောက၌ ရှိသမျှအားလုံးကို ပိုင်ဆိုင်အုပ်ချုပ်ရသော အခွင့်ထူးများကို ဘုရားက ပေးခဲ့သည်။ ဒီနေ့ သင်နှင့်ကျွန်ုပ်တို့အားလုံးကို ထိုအခွင့်များ ရစေချင်ခဲ့သည်။ သို့သော် လူစီးဖါသည် အာဒံ ဧ၀တို့ကို ရှေးရှေး တုန်းက ဘုရားသခင်က သူ့အားပေးခဲ့ဖူးသော ဂုဏ်ကျက်သရေများကို ပြန်လည် သတိရလာပြီး လွန်စွာမှ မနာလိုမှုကြီးပြင်းလာခဲ့သည်။ ထို့ကြောင် လူစီဖါသည် ပဌမအဖြစ် ဘုရားသခင်၏အကြံအစည်အားလုံးကို ဖျက်ဆီးချင်လာ၏။ ထိုအခါ အာဒံ ဧ၀တို့ကိုလိမ်လည်ဖျားယောင်းခဲ့သည်။ စာတန်က အာဒံ ဧ၀တို့ကို စုံစမ်းခဲ့သည်မှာ လွတ်လပ်မှု (freedom) ကိုမသုံး တတ်အောင် မာနထောင်လွှားမှုပြုခဲ့သောကြောင့် ဖြစ်သည်။ ဘုရားအလိုမဟုတ်ဘဲ မနာလိုမှု၊ ပြိုင်ဆိုင်မှု၊ ခွင်မလွတ်နိုင်စရာများ နှင့်ပြည့်စုံခဲ့သည်။ ထိုသို့သော အကျင့်စရိုက်များကြောင့် လူစီဖါ ဖြစ်လာခဲ့သည်။ ထို့ကြောင့်လွတ်လပ်မှုကို မသုံးတတ်သူတိုင်း ထိုသို့သော အကျင့်စရိုက်များနှင့် ပြည့်နက်သူတိုင်းလည်း လူစီဖါ ရောက်ရမည့် ငရဲဘုံကို လိုက်သွားရမည်ပင်။ စာတန်သည် တကယ်ပင် ဘုရားသခင်လိုဘုန်းတန်ခိုး ကြီးသည်ထင်၍ စာတန်ကို ဘုရားသခင်ထက်ကြောက်တတ်ကြ သူတွေရှိကြ၏။ ထိုသို့မဖြစ်သင့်ပေ။ အဘယ်ကြောင့်ဆိုသော် စာတန်သည်လည်း သင်နှင့်ကျွန်ုပ်ကဲ့သို့ပင် ဖန်ဆင်းထားသော အရာသာလျှင်ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်အမိန့်မရှိလျှင် ဘာတစ်ခုမှ သူုမတတ်နိုင်ပါ။ ဘုရားသခင်လက်ခုပ်ထဲက ရေသာဖြစ်သည်။ ကြည့်ပါ၊ သခင်ယေရှု ဤလောက၌ ကြွလာစဉ်တွင် နတ်ဝိညာဉ်များ စွဲနေသောသူများနား လျှောက်မိလျှင် ၀ိညာဉ်ဆိုးများ ခြောက်ခြားကြောက်ရွံ့ကြပြီး နှိမ့်ချစွာ တောင်းခံခဲ့ကြသည်။ ယနေ့အချိန် ဘုရားရှင်၏၀ိညာဉ် ကျွန်ုပ်တို့အထဲ၌ ခို အောင်းနေသောကြောင့် လုံးဝကြောက်ရွံ့စရာမရှိပါ။ ၀ိညာဉ်ဆိုးများသည် အကျွန်ုပ်တို့ကိုသာ ကြောက်ရွံ့ကြခြင်း ဖြစ်ပေသည်။ သို့သော် ယနေ့ကာလ အသင်းတော်ထဲဖြစ်စေ၊ ကျွန်ုပ်တို့အထဲ၌ဖြစ်စေ၊ ဘုရားကျောင်းများ၌ ၀ိညာဉ်ဆိုးစွဲကပ်သူများ အတူတူ ပျော်ရွှင်စွာ ရောနှောနေကြသည်ကို တွေ့ရသည်။ ဘာကြောင့်နည်း စဉ်းစားကြပါ? ထိုထက်မက ကောင်းကင်တမန်များလည်း လူကဲ့သို့ဖန်ဆင်းသောသူများဖြစ်သောကြောင့် တချိန်တွင် တနေရာတည်း၌သာ ရပ်တည်နိုင်၏။ ဥပမာ- လူတစ်ယောက်သည် တချိန်တည်းတွင်ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံ၌ နေလို့မရနိုင်သကဲ့သို့ ပင်ဖြစ်သည်။ စိတ်ထဲ၌လည်း တချိန်ထဲ ဖက်စုံမျိုးစုံ စဉ်းစား တွေးတောလို့မရပေ။ တချိန်ထဲတွင် အလုံးစုံကို လုပ်နိုင် စွမ်းသည်မှာ ဘုရားရှင်သာလျှင်တတ်နိုင်သည်။ သခင်ယေရှု ဤလောက၌ ကိုယ်ခန္ဓာရှိချိန်တွင်လည်း တချိန်တည်းတွင် နေရာအနှံမနေခဲ့ပေ။ သန့်ရှင်းသောဝိညာဉ်ပြန်ကြွလာသောအခါမှသာ နေရာအနှံတချိန်တည်းတွင် ပြန်နှံအောင်တည်နေခဲ့သည်။ စာတန်ဝိညာဉ်ဆိုးများသည် ကျွန်ုပ်တို့လူသားတွေ့ရကြသကဲ့သို့ လွတ်လပ်မှုလည်းမရကြပေ။ ဘုရားရှင်အမိန့်အားဖြင့်သာ ဤတောင်၊ ဤကျောက်ဆောင်၊ ဤတော၊ ဤချိုင့်၊ ဤသတ္တ၀ါ၊ ဤအပင်၌နေပါဆိုမှသာလျှင် နေခွင့်ရကြသည်ဖြစ်၏၊။ ဒီလူကိုမနှောင့်ယှက်နှင့်၊ ဒီလူကိုတော့စုံစမ်းခွင့်ရသည်ဟု ဘုရား ရှင်က ချုပ်ထားသည့်အထဲ၌ နေရကြ၏။ ဗျာဒိတ်ကျမ်း၌ ဥဖရတ်မြစ်ထဲတွင် ကောင်းကင်တမန်လေးပါးချုပ်ထားကြောင်းသိရသည်။ တချိန်ချိန် ၌လွတ်လာလိမ့်မည် ဟုရေးထားသည်။ ထို့နောက်တဖန် စာတန်နှင့်အပေါင်းအပါတို့ကို အနှစ်တထောင်အတောအတွင်းချုပ်ထားကြသည်ဟု လည်းပါ၏။ စာတန်၏ အလုပ်တချို့အပိုင်းကို လူအချို့တို့သည် သိပြီး၊ မြင်ပြီး၊ ကြားပြီးလည်းရှိလိမ့်မည်။ ဥပမာ- မှော်အတတ်၊ နတ်ဆိုးစွဲ ခြင်း၊ မျက်လှည့်ပြသခြင်း စသည်တို့တည်း။ ကျွန်ုပ်တို့အားဖြင့် ထိုသို့သောအချက်များသည် သေးဖွဲ့သောအရာများသာဖြစ်သည် ဟုထင် ရ၏။ ထိုထက်ကြောက်မက်ဖွယ် လျှိုဝှက်စွာသော အကြောင်းအရာအချို့တို့ကို စာဖတ်သူတို့အားဖော်ပြသွားချင်ပါသည်။

No comments :

Post a Comment