Sunday, March 31, 2013

ရီမောရင်းနဲ့ အပန်းဖြေရအောင်

သဘောကောင်းလွန်းတဲ့ကိုကို

သူငယ်ချင်းတစ်ယောက်နဲ့ လက်ဘက်ရည်ဆိုင်ထိုင်နေတုန်း ဖုန်းမြည်လာတယ်

တီတီ..
ဟလို

ကိုကိုလားချစ်လေးပါ
အင်း…” –

Saturday, March 30, 2013

နိုင်ငံရေးဆိုတာ ဘာလဲတဲ့


ဖေဖေ ၊ သားကျောင်းစာကို ကူပါဦး ၊ နိုင်ငံရေးဆိုတာ ဘာလဲတဲ့ "
မောင်ဖြူစင်က သူ့ဖခင်အား အကူအညီတောင်းလိုက်သည်။
ဖခင်က…" အေး သားသားသဘောက်ပေါက်အောင် အတိုချုပ်ရှင်းပြမယ်၊

မြုံလူမျိုးရှာပုံတော် (၄)


          လူမျိုးတစ်ရာ့တစ်ပါးနှင့်ဆက်လက်တင်ပြရလျှင် သခင်ကြီးဧချင်းတွင် အသစ်အသစ် ရှေ့နားလှစ်လော ဧကရာဇ်ဒီပစိုးပိုင်းသသည့် မျိုးရာ့တစ်ပါးသခင်ကြားလေ စမ်းစွားလင်းဇင်း တနသာင်္ရီ ဇဝီဇဝါ ဒါဒါတနွယ် ဒါးဝယ်မြုံသက်၊ ကံစက်လင်းချောင်း ကျည်းမင်းတမျိုးသိန်းခိုးအစည်

Wednesday, March 27, 2013

မြုံလူမျိုးရှာပုံတော် (၃)


        ဦးကုလား မဟာရာဇဝင်ကြီးတွင်လည်း မြုံတို့အကြောင်းကို ဖော်ပြထားသည်ကို လေ့လာနိုင်ပါသည်။ တပင်ရွှေထီးနှင့် မင်းဘ() မင်းပါးကြီးတို့မှာ ခေတ်ပြိုင်မင်းတို့ဖြစ်သည်။ တပင်ရွှေထီးမှာ ရခိုင်ပြည်နယ်သို့ စစ်ချီလာရာ၊ ရခိုင်ဆရာတော်လေးပါးက တပ်ရွှေထီးအား စစ်မတိုက်ရန် ပန်ကြားခဲ့သည်။ ဤအကြောင်းနှင့် ပတ်သက်၍ လေ့လာကြည့်လျှင်-

Monday, March 25, 2013

မြို(ခေါ်)ခမီ လူမျိုးတို့၏ နောက်ခံသမိုင်း (၃)



          ထို့ကြောင့်ခမိဟူသော ဝေါဟာရ၏ရင်းမြစ်ကို စစ်ဆေးကြည့်ရန် လိုအပ်လာပါသည်။မြိုဝေါဟာရများအတွင်း၌ ရှာဖွေကြည့်သောအခါခူဟူသော ဝေါဟာရ၊အမိန်ဟူသောဝေါဟာရများကို တွေ့ရှိရသည်။ခူဟူသောဝေါဟာရသည်မိုး၊ မိုးကောင်းကင်၊ ကျေးရွာ၊ ပိုင်နက်၊ တိုင်းပြည်ဟူသော အနက်များကို ဆောင်ပါသည်။

Saturday, March 23, 2013

LUCIFER (လူစီဖါ စာတန်၏အမှောင်လျို့ဝှက်အကြံအစည်တချို့ ဖေါ်ပြချက် ၈) (အင်္ဂလိပ်နာမည်မှ အသံထွက်ကိုလိုက်ပြီး မြန်မာလိုပြန်ထားသည်)


NEW WORLD ORDER / ONE WORLD GOVERNMENT
ဒီကမ္ဘာကို သူတို့၏အကြံအတိုင်း အုပ်ချုပ်ဖို့ အစိုးရသစ် တဖွဲ့ ဖွဲ့ရလိမ့်မည်။ ထို့ကြောင့် သူတို့အကြံအားဖြင့် New World Order သို့မဟုတ် One World Government အစိုးရအဖွဲ့ကို ဖေါ်ထုတ်၍ ကြိုးစားလာခဲ့တာ ကြာနေပြီဖြစ်သည်။ တချို့က New World Order (သို့) One World Government ကို မသုံးကြပါ။ Globalization, Union ကဲ့သို့ လျှို့ဝှက်နာမည် အမျိုးမျိုးဖြင့် သုံးထားကြသည်။ ၁၉၉၁ ခုနှစ် ဇန္နဝါရီလ ၁၆ ရက်တွင် သမ္မတ Bush

ရယ်ဖို့ မမေ့နဲ့ (၂)

လိုက်တိုက်မလို့

Mr.Bean က ပို့ဆောင်ရေးလုပ်ငန်းတခုမှာ မီးရထားမောင်းတယ်။တနေ့မှာ သူမောင်းလာတဲ့ ရထားဟာ လမ်းချော်ပြီး လယ်ကွင်းထဲထိုးကျသွားတယ်.။လူတွေ တော်တော်များများ ဒဏ်ရာရကုန်တယ်။ဒီအခါ ရဲက Bean ကိုခေါ်မေးတယ်။
ရဲ။........။“မင်း ဘာလို့ ဒီလိုနမော်နမဲ့ နိုင်ရတာလဲ။မီးရထားမောင်းတယ်ဆိုတာ လူ့အသက်တွေ အ များကြီးကို မင်းလက်ထဲထည့်ပြီး မောင်းရတာကွ.။မင်းဘာလို့ ခုလိုလုပ်ရတာလဲ။”

ရယ်ဖို့ မမေ့နဲ့

တန်ဖိုးမရှိသောသူ

သူငယ်ချင်းနှစ်ယောက် အလောင်းအစားလုပ်ကြသည်။တက္ကစီကားမှတ်တိုင်သို့ရောက်လာပြီး တစ်ယောက်က တက္ကစီကားဒရိုင်ဘာကိုမေးသည်။
``ဒီကနေ မြို့ထဲကို ဘယ်လောက်ပေးရမလဲ။´´
``နှစ်ရာ´´
``ကျွန်တော့်သူငယ်ချင်းပါ ကျွန်တော်နဲ့လိုက်မယ်ဆိုရင်ကော´´

မြို(ခေါ်)ခမိ တိုင်းရင်းသားတို့ ၏ ပညာရည်မြင့်မားရေးအတွက် ရှေ့ ဆက်ဆောင်ရွက်သွားမည့် ပညာရေးစနစ်.

မြုံလူမျိုးရှာပုံတော် (၂)



          ရခိုင်အစ မာရယုက ဟုစာဆိုရှိသူမာရယုမင်းသားမှာ ဓညဝတီကို စတင်တည်ထောင်သူဖြစ်သည်။ မာရယုမင်းသားမှာ သကျသာကီဝင်အဇ္ဇုနရှင်ရသေ့နှင့် သက်အမျိုးသမီး ဣန္ဒမာရုတို့မှ မွေးဖွားသူဖြစ်သည်။ ဧချင်းနှင့် ရာဇဝင်များတွင် ဆက်(ဆတ်)ဟုရေးသားထားရာ တိရိစ္ဆာန်မှလူသားမမွေးနိုင်ပါ။ လူသားတို့၏ တကယ်ဖြစ်ရပ်အမှန်များသည် ကာလကြာမြင့်သောအခါ ပုံပြင်ဒဏ္ဍာရီဆန်လာသည်။

Wednesday, March 20, 2013

မြုံလူမျိုးရှာပုံတော် (၁)


 
          မြန်မာအဘိဓာန်တွင် ရာဇဝင်ဆိုသည်မှာ မင်းစဉ်မင်းဆက် အကြောင်းအရာမှတ်တမ်းဟူ၍ လည်းကောင်း၊ သမိုင်းဆိုသည်မှာ နိုင်ငံလူမျိုးအဆောက်အအုံစသည်ဖြစ်စဉ်တို့ကို လေ့လာသော ပညာရပ်ဟူ၍လည်းကောင်း အဓိပ္ပါယ်ဖွင့်ဆိုထားသည်။ ရာဇဝင်နှင့် သမိုင်းဟူသော စကားရပ်တို့မှာ မြန်မာစကားရင်း မဟုတ်ဘဲ ရာဇဝင်နှင့် သမ္မုတိဟူသော ပါဠိစကားတို့မှ ပြောင်းလဲလာသော စကားဖြစ်သည်။

Monday, March 18, 2013

မြို(ခေါ်)ခမီ လူမျိုးတို့၏ နောက်ခံသမိုင်း (၂)



          မြိုဟူသောဝေါဟာရ၏ ရင်းမြစ်ကို ထပ်မံရှာဖွေကြည့်သောအခါ အောက်ပါအချက်များကို တွေ့ရပါသည်။
၁။       မောင်းတောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိမြိုလူမျိုးတို့သည် မိမိတို့           လူမျိုးကိုမြိုစာဟု ခေါ်ဝေါ်ကြကြောင်း သိရှိရပါသည်။မြိုစာ အဓိပ္ပါယ်နှင့် ယင်းနှင့်         နီးစပ်သည့် အဓိပ္ပါယ်များကိုမှု မသိရပါ။ 1

Sunday, March 17, 2013

မြို(ခေါ်)ခမီ လူမျိုးတို့၏ နောက်ခံသမိုင်း (၁)



                             မြို(ခေါ်)ခမီ လူမျိုးတို့၏ နောက်ခံသမိုင်း
          
           ရခိုင်ရာဇဝင်ကျမ်းများ၏ ဖော်ပြချက်အရ မြို လူမျိုးများသည် ရှေးကျသော လူမျိုး တစ်မျိုးဖြစ်ပါသည်။ ရခိုင်ပြည်နယ်မြောက်ပိုင်း ဒေသ အနှံ့အပြားနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်၊ မတူပီမြို့နယ် ဒေသများတွင် ပြန့်ကြဲ အခြေချနေထိုင်လျှက်ရှိကြပါသည်။ မြိုလူမျိုးများသည်

ပင်လယ်ပြင်ခရီးတစ်ကွေ့ဝယ်

                  
                   မြိုခမိစာပေ အဖွဲ့ဝင်များဖြစ်ကြသော ဆရာထင်းအောင်၊ ဆရာကျော်မြနှင့် ဆရာထွေးသာဖြူတို့သည်တိုးရတနာ” Express ဖြင့် ရခိုင်သို့ (၂၅..၂၀၁၁) နေ့ နံနက် ၈း၀၀ နာရီမှစတင်ခရီးထွက်ကြသည်။ ၂၆..၂၀၁၁ နေ့ ကျောက်တော်ရောက်သည်။ ၂၈..၂၀၁၁ နေ့တွင် မြိုခမိစာပေအဖွဲ့ဝင်များ ညှိနှိုင်း အစည်းအဝေးပြုလုပ်ကြသည်။

Friday, March 15, 2013

LUCIFER (လူစီဖါ စာတန်၏အမှောင်လျို့ဝှက်အကြံအစည်တချို့ ဖေါ်ပြချက် ၇) (အင်္ဂလိပ်နာမည်မှ အသံထွက်ကိုလိုက်ပြီး မြန်မာလိုပြန်ထားသည်)


သက်သေ ၇။ DENVER AIRPORT  ဒင်းဗားလေဆိပ်
            အမေရိကန် ကော်လိုရာဒိုလေဆိပ်တွင် အောက်ပါကားချပ်ပုံများ ထင်ရှားစွာကပ်ထားသည် ကိုတွေ့နိုင်သည်။ ဖြတ်သန်းသွားလာသူ ထောင်ပေါင်းများစွာက အမှတ်တမဲ့သာ မြင်ကြလိမ့်မည်။ ဤကားချပ်ပုံများသည် လျှို့ဝှက်အဖွဲ့မှ New World Airport Commission (NOW, New World Order, One World Goverrnment) နာမည်ကိုင်ဆောင်ပြီး လုပ်ကြသည်။

မြိုခမိစာပေခရီး ၂


မြိုခမိစာပေ ပဒေသာပင်စိုက်ထူရန်လိုအပ်ခြင်း
           
          “ပဒေသာပင်ဟူသည် ဆွတ်းခူး၍ မကုန်နိုင်ကြဟု ဆိုကြသည်။
          သတင်းစာ၊ ဂျာနယ်များတွင် ပခုက္ကူဦးအုန်းဖေ၏ တသက်တာစာပေဆုဖေါင်ဒေးရှင်း၊ ရုပ်ရှင်သရုပ်ဆောင် ကျော်သူ၏ နာရေးဖေါင်ဒေးရှင်း၊ ရုပ်ရှင်သရုပ်ဆောင်ပြေတီဦး၏ ပညာရေးဝန်ဆောင်မှုဖေါင်းဒေးရှင်း စသည်ဖြင့်ကြားဖူးကြမည်ထင်ပါသည်။

Wednesday, March 13, 2013

မြိုခမိစာပေခရီး ၁


ရတနာမြေ (ဖါးကန့်) သို့ စာပေခရီး          

စာပေကော်မတီမှ ရတနာမြေ (ဖါးကန့်) သို့ ခရီးစဉ်ရေးဆွဲပြီး ဖြစ်သော်လည်း ယခုမှပဲ ထွက်ဖြစ်ခဲ့ကြသည်။ ရတနာမြေသို့ ရည်ရွယ်ချက် (နှစ်) ရပ်ရှိသည်။
၁။ မြိုခမိစာပေ ရေရှည်လုပ်ငန်းအတွက်ပဒေသာပင်’ (Foundation) တစ်ခုပေါ်လာရေးနှင့်

တွေးတွေးပြီးရယ် ၅


အတုံ့အလှည့်

မော်စကိုမြို့၏ တစ်ခုသောအရက်ဘားသို့ လူကြီးတစ်ယောက်ဝင်လာပြီး၊ ဘီယာတစ်ခွက် မှာသည်။ ဘောက်ချာပေး
ရန်လည်း ပြောသည်။ လူကြီးသည်အိတ်ထဲမှ တစ်ရူဘယ်တန် အကြွေစေ့၂၇ စေ့ကိုထုတ်လိုက်ပြီး စားပွဲထိုး၏လက်ထဲ
မအပ်ဘဲ ဘားကောင်တာရှိရာ ဘေးဘက်သို့ပစ်ပေးလိုက်သည်။

LUCIFER (လူစီဖါ စာတန်၏အမှောင်လျို့ဝှက်အကြံအစည်တချို့ ဖေါ်ပြချက် ၆) (အင်္ဂလိပ်နာမည်မှ အသံထွက်ကိုလိုက်ပြီး မြန်မာလိုပြန်ထားသည်)


JEHOVAH WITNESSES. ယေဟောဝါသက်သေခံအသင်း
            ဤအသင်းတော်ကို Charles Taze Russell ကတည်ထောင်ခဲ့ပြီး Freemasons အဖွဲ့ဝင်ဖြစ်ခဲ့သည့် အကြောင်းကို ကိုယ်တိုင် ဝန်ခံ ဖွင့်ပြောပြခဲ့သည်။ သူ့အုတ်ဂူကို ရုပ်ပုံထဲမြင်နိုင်သည်။

တွေးတွေးပြီးရယ် ၎


*ဒီအတိုင်းပါပဲ။*
------------------------------

မိမိထက် များစွာ ငယ်ရွယ်သော မိန်းမတယောက်ကို လက်ထပ်ယူထားသည့်
အသက် ၉၃နှစ်အရွယ်ရှိ အဘိုးအိုတယောက်သည် သူ၏ ဆရာဝန်ထံ ရောက်လာပြီး
သူတို့ကလေးရတော့မည့်အကြာင်း ပြောပြလေသည်။

ထိုအခါ ဆရာဝန်က ပြန်ပြောပြသည်။

Monday, March 11, 2013

Chiang Mai Christian Church ( Mrokhami)



Chiang Mai Christian Church ( Mrokhami) FC

LUCIFER (လူစီဖါ စာတန်၏အမှောင်လျို့ဝှက်အကြံအစည်တချို့ ဖေါ်ပြချက် ၅) (အင်္ဂလိပ်နာမည်မှ အသံထွက်ကိုလိုက်ပြီး မြန်မာလိုပြန်ထားသည်)




တခြားလျှို့ဝှက် နာမည်မည့်ထားသူအချို့
            Skull & Bones အဖွဲ့ထဲ အသစ်ဝင်လာသူများကို နာမည်အသစ်ဖြင့် မည့်ကြလေ့ရှိသည်။ ထိုနာမည်သစ်ကိုသုံးပြီး အဆက်အသွယ် လျှို့ဝှက်စွာ လုပ်ကြသည်။
·         MAGOG နာမည်သည် သမ္မတ Bush ၏အဖေ George Bush ကိုပေးထားသော နာမည်ဖြစ်သည်။ ယေဇကျေလ ၃၈ တွင် နောက်ဆုံးအချိန်၌ ဘုရားသခင်၏ လူတွေနှင့် စစ်တိုက်မည့်အဖွဲ့ နိုင်ငံ၊ ပုဂ္ဂိုလ်တပါး၏ နာမည်ဖြစ်သည်။
·         အရပ်ရှည်သူကို Long devil လို့မည့်ကြသည်။
·         Averell harriman ကို Thor ဟုမည့်ထားသည်။ (God of Thunder) မိုးကြိုးဘုရားအဓိပ္ပါယ် ရှိသည်။

Sunday, March 10, 2013

တူ၊ တူမလေးများသို့ အိတ်ဖွင့်ပေးစာ



          အားလုံးပါမရာလို့ ဦးလေး နှုတ်ဆက်လိုက်ပါတယ်။ ဒီတစ်ကြိမ်မှာတော့စာအကြောင်းပေအကြောင်း  ဆွေးနွေးကြရအောင်နော်။ ဒီနေ့ကမ္ဘာမှာ အပြောဘာသာစကားပေါင်း (၆၀၀၀) ကျော် အနက်၊ အရေးဘာသာစကား (စာပေ) မရှိသေးတဲ့ ဘာသာပေါင်း (၂၀၀၀) ကျော် ရှိသေးတယ်ဆိုပဲ။ ဒီအထဲမှာ တို့မြိုခမိတွေ မပါတော့ဘူးဆိုရင် အံ့သြနေကြမလားနော်။ ခနဲ့တဲ့တဲ့ ရယ်ချင်သူတချို့တော့ ရှိကြမယ်ထင်ပါရဲ့။ ဒီလိုပုဂ္ဂိုလ်တွေက..

Saturday, March 9, 2013

မြို(ခေါ်)ခမိ အမျိုးသားညီညွတ်ရေးအဖွဲ့ ဗဟိုရုံးခွဲ (ရန်ကုန်) ဖွင့်ပွဲပြုလုပ်

မြို(ခေါ်)ခမိ အမျိုးသားညီညွတ်ရေးအဖွဲ့ ဗဟိုရုံးခွဲဖွင့်ပွဲကို ၁၀.၁၁.၂၀၁၂ (စနေ) နေ့က အမှတ် ၁၅/က၊ ကာယသုခအပြင်လမ်း၊ ၂/က ရပ်ကွက်၊ မင်္ဂလာဒုံမြို့တွင်ပြုလုပ်ခဲ့ပါသည်။ ယင်း ဖွင့်ပွဲသို့ ပြည်ထောင်စု ကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်

တွေးမိတိုင်း မှန်မှန်လေး ရယ်ရပါတယ်

ကမ္ဘာ့အတော်ဆုံး ထောက်လှမ်းရေးအဖွဲ့ရွေးတယ် တဲ့။ ဆန်ကာတင် သုးံဖွဲ့ ကျန်တယ်။ CIA ရယ်၊ FBIရယ်၊ မြန်မာစစ်ထောက်လှမ်းရေးရယ်။ဒိုအဖွဲ့က သူတို့ကို ဗိုလ်လုပွဲ အနေနဲ့ တစ်ခု စမ်းသပ်လိုက်တယ်၊ တောအုပ် တစ်ခုထဲ ယုန်တစ်ကောင် ထည့်လိုက်တယ်။ အဲဒီယုန်ကို သုံးဖွဲ့စလုံးက လိုက်ရှာရတယ်။
ပထမဆုံး CIA ၀င်သွားတယ်။

LUCIFER (လူစီဖါ စာတန်၏အမှောင်လျို့ဝှက်အကြံအစည်တချို့ ဖေါ်ပြချက် ၄) (အင်္ဂလိပ်နာမည်မှ အသံထွက်ကိုလိုက်ပြီး မြန်မာလိုပြန်ထားသည်)

ဤအဖွဲ့အစည်းရှိကြောင်း သက်သေအထောက်အထားများ
သက်သေ ၁၊ အမေရိကန်ငွေစက္ကူ တစ်ဒေါ်လာထဲရှိ လျှို့ဝှက်ချက်များ
    
     US 1$ ငွေစက္ကူရွက်သည် ကမ္ဘာ့အနှံ့တွင် လူတိုင်းကိုင်တွယ်သုံးစွဲကြသော်လည်း အထဲရှိပုံဆွဲထားမှုတွေကိုတော့ အမှတ်တမဲ့ သာကြည့်ကြသည်။ တချို့တော့ တွေမြင်ခဲ့လိမ့်မည် မထင်၊ ကြည့်မြင်ကြသူများပင် အဓိပ္ပါယ်ကို ဖေါ်ထုတ်သိရှိနိုင်မည်မဟုတ်ပေ။