Wednesday, May 21, 2014

နှလုံးသွေးကိုသစ္စာပြု၍

နှလုံးသွေးကိုသစ္စာပြု၍
-----------------------
ချစ်ခင်လေးစားရပါသော ညီကိုအပေါင်းတို့ ဒီကနေ့ကျနော်တင်ပြမှာက မြို နှင့် ခမီ အတူတူဖြစ်တယ်ဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်။ ဘာကြောင်းဒီလိုပြောနိုင်တာပါလဲ ကျနော်တို့လူမျိုးတွေမှာ နာမည်အပြင် မျိုးရိုးအမည်ဆိုတာရှိပါတယ်။ အင်္ဂလိပ်ဘာသာဖြင့် First Name
ခေါ်ပါတယ် ။ အဲဒီ First Name လို့ခေါ်တဲ့မျိုးရိုးအမည်များဟာဆိုလို့ရှိရင် ၀ါဒီနက်၊ ခူးတူ၊ ဆီးနက်၊ ဒေါ်ရော်ဆိန်၊ ကျော်မာ၊ မာအိုင်း၊ ကတိုက်နက်
အစရှိသည်အားဖြင့် မြောက်မြားစွာရှိပြီး ထိုမျိုးရိုးနာမည်များကို မြို နှင့် ခမီ နှစ်မျိုးလုံးမှာ တစ်ထပ်တည်း တွေ့နေမြင်နေ
ကြရမှာ ဖြစ်ပါတယ်၊ ဒါဟာ ပထမ တူညီချက်ဖြစ်ပါတယ်။ ဒုတိယ တူညီချက်က စကားအမျိုးစားတစ်ထပ်တည်း ဖြစ်နေခြင်းပါ။ တတိယ တူညီချက်က ရိုးရာဓလေ့ နေထိုင်ပုံနှင့် ရာသီပွဲတော်များဆင်နွဲ့ပုံ၊ ရိုးရာနတ်ပူဇော်ပွဲများ၊ ရိုးရာနှစ်သစ်ကူး၊ ရိုးရာဝတ်စားဆင်ယင်မှု
ပုံစံ(design) အားလုံးအတူတူပါပဲ။ အပြန်အလှန် အခေါ်အဝေါ်များမှာ အရိုင်/၀ါကုန် ဖြစ်ပြီး၊ အဓိပ္ပါယ်မှာ အောက်ပိုင်းသားနှင့် အထက်ပိုင်းသားဟူ၍ ဖြစ်ပါသည်။ ၀ါကုန်ခေါ် အောက်ပိုင်းသားများမှာ များသောအားဖြင့် မြစ်အောက်ပိုင်းတွင်နေထိုင်လေ့ရှိကြပြီး၊ အရိုင်ခေါ်
အထက်ပိုင်းသားများမှာ များသောအားဖြင့် မြစ်အထက်ပိုင်းတွင်နေလေ့ရှိကြပါသည်။ ရန်ကုန်သား ဗမာ နှင့် အညာသား ဗမာ လောက်တောင်ကွာခြားမှုမရှိပါ။ ထို့ကြောင်းအဲ့ဒီအချက်တွေဟာ ငါတို့ အတူတူပဲဆိုတဲ့ သက်သေပါပဲ။ အဲဒီထက်ပို၍သက်သေတစ်ခုကို ထပ်ပြရ
အုံးမည်ဆိုရင် အရိုင်နေတဲ့ရွာမှာ ၀ါကုန်များစွာတွေနိုင်သလို၊ ၀ါကုန်နေတဲ့ရွာမှာ အရိုင်များစွာ တွေ့နိုင်ပါတယ်။ ၄င်းအပြင် မိမိတို့ နေရပ်ဋ္ဌာနေမှ ဝေးရာကို အကြောင်းအမျိုးမျိုးကြောင်း ရောက်ရှိကြရတဲ့အခါ ဥပမာ/ ကချင်ပြည်၊ ထိုင်း၊ မလေး စတဲ့နေရာတွေမှာ ရောက်ကြ
ရတဲ့အခါလည်း အတူတစ်ကွ စုစည်းနေထိုင်ကြသည်။ တစ်ဦးကိုတစ်ဦး ကူညီကြသည်။ အတူသွား၊ အတူလာ၊ အတူစား၊ အတူတစ်ကွ တစ်ခန်းတည်း၊ တစ်အိမ်တည်း ငှားနေကြသည်။ ဤစကားမှန်ကန်ကြောင်း ဓါတ်ပုံ၊ ဗွီဒီဖိုင် အစရှိသည်တို့ဖြင့် သက်သေပြုနိုင်သည်။
ဒါနဲ့များ ငါတို့လူမျိုးတွေဟာ ဘာဖြစ်လို့ကွဲပြားရမှာလည်း။ **ပညာညာဏ် အမြော်အမြင်နည်းတဲ့ ခမီအမည်ခံခေါင်းဆောင်သော်၎င်း၊ မြိုအမည်ခံခေါင်းဆောင်သော်၎င်း ခမီသမိုင်းဟူ၍တစ်မျိုးချပြ၊ မြိုသမိုင်းဟူ၍တစ်မျိုးချပြပြီး မည်မျှပင် အမျိုးမျိုးသွေးခွဲပါစေ ငါတို့မျိုး
ဆက်သစ်လူငယ်တွေ ကမ္ဘာတည်သရွေး ဘယ်တော့မှ မကွဲဘူးဆိုတာကို ဒီကနေ့ သက်သေပြကြရအောင်......
ကျနော်ချစ်သောညီအကို အပေါင်းတို့..............ရွှင်လန်းချမ်းမြေ့ကြပါစေ...



ထွန်းလှိုင်

No comments :

Post a Comment