Friday, November 29, 2013

၂၀၁၄ သန်းခေါင်စာရင်းကောက်ခံရာတွင် ခမိလူမျိုးကိုမြိုလူမျိုး ဟုရေးသားအသိအမှတ်ပြုရေး လွှတ်တော်သို့တင်ပြမည်



Eleven Myanmar

ခမိလူမျိုးများအား ပြည်လုံးကျွတ်သန်ခေါင်းစာရင်း ရွေးကောက်ပွဲတွင် "မြို" လူမျိုးအဖြစ် သတ်မှတ်ရန် တောင်းဆို

ခမိလူမျိုးများအား ပြည်လုံးကျွတ်သန်ခေါင်းစာရင်း ရွေးကောက်ပွဲတွင် "မြို" လူမျိုးအဖြစ် သတ်မှတ်ရန် တောင်းဆို
 Thursday, November 28, 2013


 "ခမိ" လူမျိုးများအား လာမည့် ၂၀၁၄ ပြည်လုံးကျွတ်သန်းခေါင် စာရင်း ရွေးကောက်ပွဲတွင် "မြို" လူမျိုးသတ်မှတ်ပေးရန် "မြိုခမိ" စာပေနှင့် ယဉ်ကျေးမှု နာယက ဦးထင်းအောင်က တောင်းဆိုလိုက်သည်။ လက်ရှိတွင် နိုင်ငံသား စိစစ်ရေး ကတ်ပြားတွင် ၄င်းတို့ကို ခမွီးအဖြစ်သာ သတ်မှတ်ပေးခြင်းကြောင့် "မြို" လူမျိုးဟု ပြောင်းလဲသတ်မှတ်ပေးရန် ယနေ့ နေ့လည် ၁၁:၀၀ က MJN ၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ် ၍ တောင်းဆိုခဲ့သည်။



  ဇေဝေယံ Popular Myanmar News Journal

soe naung fb မှ ပြန်လည်တင်ပို့သည်။ 




မြိုလူမျိုး တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦး ပေါ်ထွက်လာရန် မြို (ခ) ခမီး ညီညွှတ်ရေးအဖွဲ့ ကြိုးပမ်းမည်


ရခိုင်ပြည်နယ်အတွင်း အများဆုံးနေထိုင်သော မြိုလူများကို ကိုယ်စားပြုနိုင်မည့် မြိုတိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦး ပေါ်ထွက်လာရန်အတွက် စစ်တမ်းကောက်ယူမှုများကို ၂၀၁၄ ခုနှစ် ဇန်နဝါရီ လကုန်ပိုင်းထိ နောက်ဆုံးထားကောက်ယူသွားမည်ဟု မြို (ခ) ခမီး ညီညွှတ်ရေးအဖွဲ့ မှ အတွင်းရေးမှူး ဦးစိန်သာထွန်း က မဇ္ဈိမကို ပြောကြားသည်။
ရန်ကုန်မြို့၊ ၃၆ လမ်း၊ မြန်မာဂျာနယ်လစ်ကွန်ရက်တွင် ပြုလုပ်သည့် မြိုလူများနှင့်ပတ်သက်၍ စစ်တမ်းကောက်ယူမည့်အကြောင်း သတင်းစာရှင်းလင်းပွဲတွင် ဦးစိန်သာထွန်းက အထက်ပါအတိုင်း ပြောကြားသွားခြင်းဖြစ်သည်။

Tuesday, November 5, 2013

မြိုခမိတို့စည်းလုံးဖို့ စဉ်းစားသင့်ပြီ

မြန်မာနိုင်ငံတွင်တိုင်းရင်းသား (၁၃၅) မျိုးဆိုသည်မှာ မဖြစ်နိုင်ကြောင်း  ကို လက်ခံနိုင်သော်လည်း ခမီးတွေက ရခိုင်ပြည်ရောက်ချင်းလူမျိုးများသာဖြစ်သည်ဆိုသည်ကို ကျွန်တော်တို့ က လက်မခံနိုင်။ ချင်းစကားနှင့် ကျွန်တော်တို့ မြို (ခေါ်)ခမိ လူမျိုးစကားတို့သည် တခြားစီသာဖြစ်သည်။ ဤအချက်ကို ကျွန်တော်တို့ မြိုခမိတို့ အလေးထားပြန်လည် တင်ပြသင့်ပေသည်။

Monday, October 28, 2013

ချင်းမိုင်မြိုခမိ FC အသင်း

ချင်းမိုင်မြိုခမိ FC အသင်း နှင့် RCY အသင်းတို့ တတိယဗိုလ်လုပွဲကို အကြိတ်အနယ်ယှဉ်ပြိုင်ကစားရာတွင် ဒုတိယပိုင်းပြီးသည်အထိ ၂ ဂိုးစီသရေဖြစ်နေသဖြင့် ပယ်နယ်တီ အဆုံးအဖြတ်တွင် RCY အသင်းကို ရှူံးနိမ့်ခဲ့ရသဖြင့် စတုတ္ထဆုနှင့်သာကျေနပ်ခဲ့ရသည်။
အသင်းခေါင်းဆောင် ဒရောင်ဆိန်ရောနီ ဆုလက်ခံယူနေစဉ်

Wednesday, October 23, 2013

စာပေနှင့်ယဉ်ကျေးမှု


စာပေနှင့်ယဉ်ကျေးမှု
         

           ကြာရွက်သည် ရေပေါ်မှာမဟုတ် ရေမျက်နှာပြင်နှင့် ကပ်ရပ်လျက်ရပ်တည်နေသည်။ ရေနဲ့ကြာကို ခွဲခြား၍ မရစကောင်း။ ရေမြင့်မှ ကြာတင့်သည်။ ထိုနည်းတူ စာပေနှင့် ယဉ်ကျေးမှု၊ ယဉ်ကျေးမှုနှင့် စာပေ ဒွန်တွဲလျက်ရှိ၏။ စာပေမြင့်မှ လူမျိုးတင့်မည်။ အမျိုးဂုဏ်မြင့်မည်။
          စာပေဆိုတာ.. ပင်ကိုသဘာဝတွေနဲ့ ပြည့်စုံတဲ့ ဘာသာစကားကို အခြေပြုပြီး ပြောဟန် သို့မဟုတ် ရေးဟန်အမျိုးမျိုးဖြင့် ရသပေါ်လွင်အောင်ဖြစ်စေ၊

ပဒေသာပင်စိုက်ထူပေးကြပါ


ပဒေသာပင်စိုက်ထူပေးကြပါ
         
          ပဒေသာပင်ဟူသည် ဆွတ်ခူး၍မကုန်နိုင်ဟု ဆိုကြ၏။
          ဤနေ့ကမ္ဘာနှင့် မြန်မာတွင် ပညာရေး၊ ကျန်းမာရေး၊ လှုမှုရေးပဒေသာပင် အသီးသီးထူထောင်လျက်ရှိကြသည်။ စိုက်ထူပေးကြသော ထိုပုဂ္ဂိုလ်များကားမြင့်မြတ်သောနှလုံးသားပိုင်ရှင်များဖြစ်ကြ၏။ ထိုပုဂ္ဂိုလ်များ ကွယ်လွန်သွားပြီးသော်လည်း နာမည်ကား သေသွားကြမည်မဟုတ်ပါပေ။
          (၁၁) ရာစုမှ မြန်မာစာပေသည် ဤနေ့ထိတိုင်

Saturday, September 28, 2013

ပတ်သက်သူမှ သက်ဆိုင်သူများသို့


ပတ်သက်သူမှ သက်ဆိုင်သူများသို့


ခင်မင်လေးစားရတဲ့ အမျိုးသားလူကြီး၊ လူငယ်များခင်ဗျား
     ပင်မအမြစ်မရှိဘဲ၊ ရေလောင်းသူမရှိဘဲ သစ်ပင်ကြီးဘယ်လိုရှင်သန်ကြီးထွားနိုင်မှာလဲ။ မျိုးဆက်သစ်များ ဘယ်လို ပြန့်ပွားနိုင်မလဲ။ အတိတ်က မြိုခမိ ရှိခဲ့လို့ ယခုတိုင် မြိုခမိတွေ ရပ်တည်နေကြ တယ်ဆိုတာ ဘယ်သူမျှငြင်းလို့ မရတဲ့အချက်ပါပဲ။
          ထင်းအောင်ကျောင်းနေတုန်းက ကြားခဲ့ရတဲ့

Monday, September 2, 2013

အရမ်း ရယ်ရတယ်

"လူရိုးလူအေးကြီး"

ကိုကျေးညိုဟာ အလုပ်ကြိုးစားသူဖြစ်တယ်၊
အလုပ်ကပြန်လာရင်လည်း အားကစားရုံမှာ ကြက်တောင်သွားရိုက်နေတတ်တယ်

ဒီနေ့တော့ သူ့မွေးနေ့လေ
သူ့မိန်းမက စဉ်းစားတယ် 'သူ့ယောက်ျား လူရိုးလူအေးကြီး၊ အပျော်အပါးအတွက် ဘယ်မှလည်း မရောက်ဖူးဘူး၊ ဒီနေ့ သူ့မွေးနေ့မှာတော့ ကလပ်တခုခုမှာ ညစာလိုက်ကျွေးအုံးမှ' ... ဆိုပြီး နာမည်ကြီး ကလပ်တခုကို ခေါ်သွားတယ်

Wednesday, August 14, 2013

မြိုခမိ စာပေ အခြေခံ သင်ရအောင်

မြိုခမိ စာပေ
လူမျိုးတိုင်းမှာ ဘာသာစကား ယဉ်ကျေးမှု ဓလေ့ထုံးစဉ် လူမျိုးတစ်မျိုး၏ဆင်းသက်လာရာသမိုင်း ရှိကြပါသည်။ ဘယ်လူမျိုးမဆို မိမိတို့ဘာသာစကား အလေးထားကြသည်မှာ လူမျိုးတစ်မျိုး၏
ဂုဏ်ပုဒ်တစ်ခုဖြစ်ပေသည်။ ဒီလိုတိုးတက်တဲ့ခေတ်ကာလမှာ တို့မြို(ခေါ်)ခမိ လူမျိုးတို့လည်း မိမိဘာသာစကား စာပေတို့ကို အလေးထားသင့်ပေသည်။ တတ်ထားသင့်ပေသည်။
အဝေးရောက် မြိုခမိတို့ လေ့လာချင်သင်ချင်ကြမှာပါ။ ဒါကြောင့် သိတာလေးတွေမျှဝေပြီး တို့လူမျိုးတွေ မြိုခမိ စာပေကိုလေ့လာကြရအောင်
Sa The Aglein
A , AU , AW , B , D , E , EI
F , G , H , I , IE , IW , J
K , KH , L , M , N , O ,OE,
OI , P , PH, R , RH , S ,SH,
T , TH, U, UI, V , W , X,
Y ,YIW,Z

Friday, July 19, 2013

မြိုခမိအမျိုးသားညီညွတ်ရေးပါတီ

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် မြိုခမိအမျိုးသားညီညွတ်ရေးပါတီဥက္ကဌ ဦးစံသာအောင် တို့တွေ့ဆုံစဉ်

Sabound Kyaw ရဲ့ facebook page မှ ပြန်လည်တင်ပို့သည်။

 

မြို (ခ) ခမိ အမျိုး သား ညီညွတ် ရေး ပါ တီ ၏ အာဇာနည် နေ့  အတွက် လွမ်း သူ့ပန်း ခွေ။

Sabound Kyaw ရဲ့ facebook page မှ ပြန်လည်တင်ပို့သည်။
၁၉.၇.၂၀၁၃နေ့ ၆၆ ကြိမ်မြောက်အာဇာနည်နေ့

Saturday, July 13, 2013

ချင်းမိုင်မြိုခမိအသင်းတော် ၁၀ နှစ်မြောက် အထိမ်းအမှတ်

မြိုခမိတို့ သတင်းကောင်း

new mrokhami သတင်းမှကောက်နုတ်တင်ဆက်လိုက်ပါသည်
သတင်းကောင်း
မြို ခေါ် ခမိ ပါတီ နှစ်ခုပေါင်းစည်းရေးအတွက် ဝါရင့်နိုင်ငံရေး သမားကြီး ဦးကျော်ဇောလှ ဦးဆောင်ပြီး
အဖွဲဝင် ဦးစောဖေ၊ ဦးကျော်ထွန်း တို့ စစ်တွေ မြို့ ခမိ အမည်ခံ ခေါင်းဆောင်တွေနဲ့ ၀၇.၁၀.၂၀၁၃ နေ့တွင် ဆွေးနွေးခဲ့ကြပါသည် ခမိ အမည်ခံ ခေါင်းဆောင်တွေဟာ

Monday, July 1, 2013

တလွဲ အတွေး

ကလေးငယ်လေး တယောက်က ဖခင်ဖြစ်သူကို ကပ်ပြီး တိုးတိုးလေး မေးတယ်။
“ဖေဖေ…… sex ဆိုတာ ဘာလဲဟင်” တဲ့
ဖခင်ဖြစ်သူဟာ အတော်အဖြေရခက်သွားတယ်။
ကလေးငယ်ရဲ့သိလိုစိတ်ရှိတဲ့ စူးစမ်းမှုကိုလည်း ပိတ်ပင်ငေါက်ငမ်းပြီး မတားမြစ်ချင်ဘူး။

Tuesday, April 23, 2013

ကင်ဆာရောဂါအတွက် အာလူးစိမ်း

ကင်ဆာရောဂါအတွက် အာလူးစိမ်း
******************************
*******
ယနေ့ဂျပန်နိုင်ငံမှာ ဓါတ်စာဖျော်ရည်တစ်မျိုး ခေတ်စားနေပါသည်။ လူအများ
စိတ်ဝင်စားလာအောင် စတင်ဖော်ထုတ် ဆော်သြ ခဲ့သူကတော့ ဂျပန်ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးအရှင် တိုမီဇာဝ ဖြစ်ပါတယ်။ ထင်ပေါ်ကျော်ကြားလာတဲ့ ဓါတ်စာဖျော်ရည်ကတော့ ``အာလူးစိမ်း`` ဖျော်ရည်ပဲဖြစ်ပါတယ်။

မြို (ခေါ်) ခမိ အမျိုးသားညီညွတ်ရေးအဖွဲ့၏မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်

မြို (ခေါ်) ခမိ အမျိုးသားညီညွတ်ရေးအဖွဲ့၏မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်

10/14/2010
မြို (ခေါ်) ခမိ အမျိုးသားညီညွတ်ရေးအဖွဲ့ ဒုတိယဥက္ကဌ ဦးကျော်ထွန်းခိုင်က ၎င်းတို့၏ မူဝါဒ၊ သဘောထား၊
လုပ်ငန်းစဉ် စသည်တို့ကို အောက်တိုဘာ(၁၂) ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီအစဉ်များမှ
ဟောပြောတင်ခဲ့ပါသည်။

Saturday, April 20, 2013

မြို(ခေါ်)ခမီ လူမျိုးတို့၏နောက်ခံသမိုင်း (နောက်ဆုံးပိုဒ်)

          သို့ဖြစ်ရာ ထိုကာလများအတွင်း၌မြိုလူမျိုးများ ရှိနေခြင်းကြောင့် မြို့ပြနိုင်ငံထူထောင်နိုင် ခဲ့ကြသည်ဟု ယူဆနိုင်ပါသည်။ ကံရာဇာကြီးသည် ကျောက်ပန်းတောင်းမြို့၌ နန်းသက် ၂၄- နှစ်မျှ၊ စိုးစံခဲ့ရာ ဆယ်စုနှစ် နှစ်စုမျှ ဖြတ်သန်းရသောကာလ၌ ထိုဒေသဝန်းကျင်၏ အဆင်ပြေညီညွတ်စေသည့် အကြောင်းတရားများ ပံ့ပိုးမူများစွာ ပါဝင်နိုင်ပေသည်။

Thursday, April 18, 2013

ပြုံးရုံပဲပြုံးပါ

ဒုက္ခပေးတဲ့အကောင်

ဝန်ကြီးများရုံးသို့ လူငယ်တစ်ဦး အလုပ်လာလျှောက်သည်။ အိမ်သာသန့်ရှင်းရေးလုပ်သားနေရာ

... သာ လစ်လပ်နေသည်ဖြစ်သဖြင့် လုပ်လိုက လုပ်နိုင်ကြောင်းလူငယ်အား ပြောသည်။ လူငယ်က သဘောတူလိုက်ပြီး အလုပ်လုပ်ရင်း သီချင်းနားထောင်နိုင်ရန် အိမ်သာထဲတွင် ကက်ဆက်တစ်ခုထည့်ထားလိုက်သည်။

Friday, April 12, 2013

မြို(ခေါ်)ခမိအမျိုးသားညီညွှတ်ရေးပါတီဥက္ကဌ ဦးစံသာအောင်၏ ဓါတ်ပုံ

ပြည်ထောင်စု ရွေး ကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံ ဆွေးနွေး ပွဲ မှ
မြို(ခေါ်) ခမိ ခေါင်းဆောင်နှင့် အရှိုချင်း အမျိုး သား ခေါင်းဆောင်

မြို(ခေါ်)ခမိ လူမျိုးတို့၏နောက်ခံသမိုင်း (၅)


          မာရယုနှင့် ဗေဒါရာဇဝင် ရှင်းတမ်း နိဂုံးချုပ် ရှင်းလင်းချက်တွင် အောက်ပါအတိုင်း ရေးသား ရှင်းလင်းထားသည်ကို တွေ့ရပါသည်။
          မျောက်တစ်ကောင်နှင့် ဆတ်မတစ်ကောင် ဟိမဝန္တာမှ ကစ္ဆပနဒီမြစ်အတိုင်း မျောပါလာ၍ ကျောက်တော်တောင်နားတွင် ရောက်သောအခါ သူတို့ချင်း သင့်မြတ်ကြ၍ သားသမီး ၃၂ ယောက်မွေးသည် ဟူ၏။

Tuesday, April 9, 2013

မြို(ခေါ်)ခမိ လူမျိုးတို့၏ နောက်ခံသမိုင်း (၄)


          မြို့မင်းကြီး ခုနောင်တိန်းကို ရခိုင်ရာဇဝင်များ၌  မြိုမင်းကြီး ငတိန်ကာ (ငတိန်း)” ဟူ၍ ဖော်ပြကြသည်။ ရခိုင်ရာဇဝင်လာ ငတိန်း၏သားတော် ငတန်သည် သက်ရှင်ဘုရင် ဝရသိဒ္ဓိ၏ သမီးတော် ဣုန္ဒမာလာကို ခိုးယူပြီး ထွက်ပြေးခဲ့ကြောင်း၊ ၎င်းတို့မှ မွေးဖွါးသော ငဆန္ဒန်၊ ပလက်ကောက်၊ ပက္ကစီ၊ ငရက္ခိုက် ညီအစ်ကိုတို့သည် အစိမ်းစာကြ၍ ဝေသာလီအားနှောက်ယှက်သဖြင့် မာရယုမင်းသည် ဦးရီးတော်များဖြစ်သည့် ထိုရန်ကို နှိမ်နင်းခဲ့ရကြောင်း ဖော်ပြပါရှိပါသည်။

Thursday, April 4, 2013

မြုံလူမျိုးရှာပုံတော် (နောက်ဆုံးပိုဒ်)


          မြုံနှင့် မြိုမှာ  လူမျိုးထပ်တူဖြစ်သလို မြိုလူမျိုးကိုလည်း မရိုဟူ၍လည်း ရေးသားခဲ့ကြသည်။ ဇေယျအဆိုအရ မြို ဟူသော ဤအမည်ကို ရေးသားထားရာ မြန်မာတို့ ရွတ်မြဲအတိုင်း မျိုဟူသော အသံဖြင့် မဖတ်ရ။ မရို ဟု နှစ်လုံးစွဲပြီး ရကောက်သံကိုလျှာဖျားလှုပ်၍ ပီပီသသ ရွတ်ဆိုရန်လိုသည်။ မရိုဟု ရေးလျှင် ပို၍သင့်သည်။

Wednesday, April 3, 2013

မြိုခမိလူမျိုးများ၏ ဓါတ်ပုံအချို့

မြိုခမိလူမျိုးများ၏ ဓါတ်ပုံအချို့

Chiang mai mrokhami FC

ထိုင်းနိုင်ငံ ချင်းမိုင်ရှိ မြိုခမိလူငယ်ဘောလုံးအသင်း ဓါတ်ပုံအချို့
2007 ဘောလုံးရာသီ၌ မြိုခမိဘောလုံးအသင်း အသန့်ရှင်းဆုံးဆုနှင့်အတူ

ရယ်ဖို့မမေ့နဲ့ ၃

            မြုပ်လုဆဲဆဲ သင်္ဘောတစ်စီးပေါ်တွင် ကပ္ပတိန်မှူးသည် သင်္ဘောသား သုံးဦးအားခေါ်ပြီး..
ကပ္ပတိန်။     ။“သင်္ဘောတစ်စီးမြုပ်ရင် ကပ္ပတိန်က သင်္ဘောနဲ့အတူလိုက်ပါသွားရမယ်ဆိုတာ အဓိပ္ပါယ်မရှိဘူး၊ ဒီတော့ ...ဒီသင်္ဘောမှာ သုံးယောက်ပဲ ဆန့်တဲ့အသက်ကယ်လှေတစ်စီးပဲရှိတယ်. မင်းတို့သုံးယောက်ကို မေးခွန်းတစ်ခုစီမေးမယ်၊ မဖြေနိုင်တဲ့လူ နေခဲ့ရမယ်၊

ရယ်တာအသက်ရှည်တယ်


ရေငုပ်ဝတ်စုံ

ရေငုပ်သမားတဦး ရေငုပ်နေတယ်။

သူ ရေအောက် ၁၅ ပေခန့် အရောက်မှာ တခြားလူတယောက် ရေငုပ်ဝတ်စုံ မပါဘဲ ရေငုပ်နေတာကို မလှမ်းမကမ်းမှာ တွေ့လိုက်တယ်။
အဲ...သူ ပေ ၃၀ ရောက်တော့လဲ ခုနကလူကို တွေ့ရပြန်ပါတယ်။

တခါ ပေ ၄၀ ထိ ဆက်ငုပ်တော့လဲ အဲဒီလူ ပါလာတုန်းပဲ...

LUCIFER (လူစီဖါ စာတန်၏အမှောင်လျို့ဝှက်အကြံအစည်တချို့ ဖေါ်ပြချက်- နောက်ဆုံးပိုဒ်) (အင်္ဂလိပ်နာမည်မှ အသံထွက်ကိုလိုက်ပြီး မြန်မာလိုပြန်ထားသည်)



စစ်မက်ဖန်တီးခြင်း
            ထိုအဖွဲ့က ကမ္ဘာကို ကျားကွက်လိုသဘောထားပြီး ကစားနေသည်။ သူတို့သည် စာတန်စိတ်ရှိလို့ လောဘရမ္မက်နှင့် ကမ္ဘာကို နေရာတကာ စစ်မက်ဖြစ်အောင်ဖန်တီးနေခြင်းဖြစ်သည်။ အထက်တွင်ဖေါ်ပြခဲ့သည်အတိုင်း ပထမ၊ ဒုတိယ ကမ္ဘာစစ်များကိုလည်း သူတို့ကပင် ဖန်တီးခဲ့ခြင်းဖြစ်သည်။ တတိယ ကမ္ဘာစစ်ကိုလည်း သူတို့ကပဲဖန်တီးနေသည်။

Sunday, March 31, 2013

ရီမောရင်းနဲ့ အပန်းဖြေရအောင်

သဘောကောင်းလွန်းတဲ့ကိုကို

သူငယ်ချင်းတစ်ယောက်နဲ့ လက်ဘက်ရည်ဆိုင်ထိုင်နေတုန်း ဖုန်းမြည်လာတယ်

တီတီ..
ဟလို

ကိုကိုလားချစ်လေးပါ
အင်း…” –

Saturday, March 30, 2013

နိုင်ငံရေးဆိုတာ ဘာလဲတဲ့


ဖေဖေ ၊ သားကျောင်းစာကို ကူပါဦး ၊ နိုင်ငံရေးဆိုတာ ဘာလဲတဲ့ "
မောင်ဖြူစင်က သူ့ဖခင်အား အကူအညီတောင်းလိုက်သည်။
ဖခင်က…" အေး သားသားသဘောက်ပေါက်အောင် အတိုချုပ်ရှင်းပြမယ်၊

မြုံလူမျိုးရှာပုံတော် (၄)


          လူမျိုးတစ်ရာ့တစ်ပါးနှင့်ဆက်လက်တင်ပြရလျှင် သခင်ကြီးဧချင်းတွင် အသစ်အသစ် ရှေ့နားလှစ်လော ဧကရာဇ်ဒီပစိုးပိုင်းသသည့် မျိုးရာ့တစ်ပါးသခင်ကြားလေ စမ်းစွားလင်းဇင်း တနသာင်္ရီ ဇဝီဇဝါ ဒါဒါတနွယ် ဒါးဝယ်မြုံသက်၊ ကံစက်လင်းချောင်း ကျည်းမင်းတမျိုးသိန်းခိုးအစည်

Wednesday, March 27, 2013

မြုံလူမျိုးရှာပုံတော် (၃)


        ဦးကုလား မဟာရာဇဝင်ကြီးတွင်လည်း မြုံတို့အကြောင်းကို ဖော်ပြထားသည်ကို လေ့လာနိုင်ပါသည်။ တပင်ရွှေထီးနှင့် မင်းဘ() မင်းပါးကြီးတို့မှာ ခေတ်ပြိုင်မင်းတို့ဖြစ်သည်။ တပင်ရွှေထီးမှာ ရခိုင်ပြည်နယ်သို့ စစ်ချီလာရာ၊ ရခိုင်ဆရာတော်လေးပါးက တပ်ရွှေထီးအား စစ်မတိုက်ရန် ပန်ကြားခဲ့သည်။ ဤအကြောင်းနှင့် ပတ်သက်၍ လေ့လာကြည့်လျှင်-

Monday, March 25, 2013

မြို(ခေါ်)ခမီ လူမျိုးတို့၏ နောက်ခံသမိုင်း (၃)



          ထို့ကြောင့်ခမိဟူသော ဝေါဟာရ၏ရင်းမြစ်ကို စစ်ဆေးကြည့်ရန် လိုအပ်လာပါသည်။မြိုဝေါဟာရများအတွင်း၌ ရှာဖွေကြည့်သောအခါခူဟူသော ဝေါဟာရ၊အမိန်ဟူသောဝေါဟာရများကို တွေ့ရှိရသည်။ခူဟူသောဝေါဟာရသည်မိုး၊ မိုးကောင်းကင်၊ ကျေးရွာ၊ ပိုင်နက်၊ တိုင်းပြည်ဟူသော အနက်များကို ဆောင်ပါသည်။

Saturday, March 23, 2013

LUCIFER (လူစီဖါ စာတန်၏အမှောင်လျို့ဝှက်အကြံအစည်တချို့ ဖေါ်ပြချက် ၈) (အင်္ဂလိပ်နာမည်မှ အသံထွက်ကိုလိုက်ပြီး မြန်မာလိုပြန်ထားသည်)


NEW WORLD ORDER / ONE WORLD GOVERNMENT
ဒီကမ္ဘာကို သူတို့၏အကြံအတိုင်း အုပ်ချုပ်ဖို့ အစိုးရသစ် တဖွဲ့ ဖွဲ့ရလိမ့်မည်။ ထို့ကြောင့် သူတို့အကြံအားဖြင့် New World Order သို့မဟုတ် One World Government အစိုးရအဖွဲ့ကို ဖေါ်ထုတ်၍ ကြိုးစားလာခဲ့တာ ကြာနေပြီဖြစ်သည်။ တချို့က New World Order (သို့) One World Government ကို မသုံးကြပါ။ Globalization, Union ကဲ့သို့ လျှို့ဝှက်နာမည် အမျိုးမျိုးဖြင့် သုံးထားကြသည်။ ၁၉၉၁ ခုနှစ် ဇန္နဝါရီလ ၁၆ ရက်တွင် သမ္မတ Bush