ကပ္ပတိန်။ ။“သင်္ဘောတစ်စီးမြုပ်ရင် ကပ္ပတိန်က သင်္ဘောနဲ့အတူလိုက်ပါသွားရမယ်ဆိုတာ အဓိပ္ပါယ်မရှိဘူး၊ ဒီတော့ ...ဒီသင်္ဘောမှာ သုံးယောက်ပဲ ဆန့်တဲ့အသက်ကယ်လှေတစ်စီးပဲရှိတယ်. မင်းတို့သုံးယောက်ကို မေးခွန်းတစ်ခုစီမေးမယ်၊ မဖြေနိုင်တဲ့လူ နေခဲ့ရမယ်၊
ရေခဲတောင်နဲ့တိုက်မိပြီး မြုပ်သွားတဲ့ သင်္ဘောနာမည်ဘာလဲ”
ပထမသင်္ဘောသား။ ။“TITANIC ပါဆရာ”။
ကပ္ပတိန်။ ။“ဘယ်နှစ်ယောက်သေသွားသလဲ”
ဒုတိယသင်္ဘောသား။ ။ ၁၅၇၉ ယောက်ပါဆရာ”။
ကပ္ပတိန်သည်တတိယ သင်္ဘောသားအားလှည့်ကြည့်၍မေးလိုက်သည်မှာ
“သူတို့ရဲ့နာမည်တွေကို ပြောပြစမ်း..”
.....................................
တကယ်လုပ်မယ့်သူတွေ…
…သားတော်မောင် ဂျော်နီ သင်္ချာညံလွန်းလို့ မိဘတွေ စိတ်ညစ်နေကြတယ်။ ကျူရှင်ဆရာပေါင်းစုံသာမက ဗေဒင်ဆရာတွေဆီ၊ နတ်ကတော်တွေဆီအထိလည်း ရောက်ပြီးပြီ။ ဂျော်နီရဲ့အခြေအနေ တိုးတက်မလာဘူး။ နောက်ဆုံးတော့ မိတ်ဆွေတစ်ယောက်ရဲ့ အကြံပေးချက်အရ ခရစ်ယာန်ကက်သလစ်ကျောင်းတစ်ခုက ဖွင့်ထားတဲ့ကျောင်းကို ပို့လိုက်တယ်။
…ထူးခြားမှုက ပထမဆုံး ကျောင်းကပြန်လာတဲ့နေ့မှာ စတယ်။ ခါတိုင်း အကစားမက်တဲ့ ဂျော်နီဟာ ကျောင်းက ပြန်ရောက်တာနဲ့ သူ့အခန်းထဲကို တန်းတန်းမတ်မတ် ၀င်သွားပြီး သင်္ချာပုစ္ဆာတွေနဲ့ နပမ်းလုံးတော့တယ်။ ထမင်းစားပြီးတော့လည်း စာကြည့်စားပွဲကို ချက်ချင်းပြန်ထိုင်တာ ညအိပ်ချိန်အထိပဲ။ ဒီလိုနဲ့ နေ့စဉ်ရက်ဆက် ကြိုးစားနေလိုက်တာ နောက်တစ်လ လပတ်စာမေးပွဲဖြေပြီးချိန်မှာတော့ သင်္ချာဘာသာမှာ “အေ” အဆင့်ရတဲ့ သားတော်မောင်ရဲ့ တိုးတက်မှုကို မယုံနိုင်စရာ တွေ့လိုက်ကြရတယ်။
…အံ့သြ၀မ်းသာနေတဲ့ အဖေနဲ့အမေက ဂျော်နီရဲ့အခန်းထဲထိလိုက်ပြီး စကားပြောကြတယ်။
“သားအခုလို အေ အဆင့်ရအောင် တိုးတက်လာတာ သီလရှင်တွေကြောင့်လား” အမေက တအံ့တသြနဲ့ မေးတယ်။
“မဟုတ်ဘူး”
“ဒါဆို အနီးကပ်သင်ပေးတဲ့ ဆရာမကြောင့်လား” အဖေက ၀င်မေးတယ်။
“မဟုတ်ဘူး”
“စာအုပ်တွေကြောင့်လား”
“မဟုတ်ဘူး”
“သင်ပုံသင်နည်းကောင်းလို့လား”
“မဟုတ်ဘူး”
“ဒါဆို ဘာကြောင့်လဲ” အဖေနဲ့အမေက ဂျော်နီကို တစ်ယောက်တစ်လှည့် ၀ိုင်းမေးနေကြတယ်။
“တစ်ခုမှ မဟုတ်ဘူး”
…ဂျော်နီက သူ “အေ” အဆင့်ရတဲ့အကြောင်းကို အခုလို ရှင်းပြတယ်။
“ကျောင်းကို စရောက်တဲ့နေ့က အ၀င်ဝမှာ ချိတ်ထားတဲ့ပုံ တစ်ပုံကို တွေ့တယ်မဟုတ်လား၊ လက်ဝါးကပ်တိုင်မှာ သံရိုက်ခံထားရတဲ့ လူတစ်ယောက်ရဲ့ပုံလေ၊ အဲဒီပုံကို တွေ့လိုက်ကတည်းက ဒီကျောင်းက တကယ်လုပ်မယ့်ကျောင်းဆိုတာ သိသာတယ်လေ”
………………………………………………
ထမင်းပို့နည်း
မနက်ခင်းတစ်ခု၌ အသက်ကြီးကြီး အဒေါ်တစ်ယောက် အထုပ်ငယ်တစ်ခုကို ကိုင်၍ လိုက်ပါလာသည်။
ကားမှတ်တိုင်တစ်ခုတွင် ထိုမိန်းမကြီး ဆင်းမည်ပြုသောအခါ အထုပ်ငယ်ကျန်ရစ်ခဲ့သဖြင့် ကျွန်တော်က သတိပေးလိုက်သည်။
“အဒေါ်ကြီး ဒီမှာ အထုပ်ကျန်ရစ်ခဲ့တယ်”
“ထားလိုက်ပါ ငါ့တူရယ်၊ ဒီအထုပ်က အဒေါ့် ယောကျာ်းရဲ့ ထမင်းထုပ်ပါ။ သူက မေ့ကျန်ပစ္စည်း လက်ခံတဲ့ဌာနမှာ လုပ်တယ်ကွဲ့”
…………………………………
အရူးမျိုး…
…စိတ်ရောဂါဝေဒနာသည်ကို ဆရာဝန်က မေးသည်။
“ကိုဥက္ကာ၊ ခင်ဗျားဆီ ဘာဧည့်သည်မှ လာတာမတွေ့ပါလား၊ ခင်ဗျားမှာ ဆွေမျိုးမရှိဘူးလား”
“အများကြီး ရှိတာပေါ့၊ သူတို့အားလုံး ဒီမှာရောက်နေကြတယ်။”
…………………………………………
မုဆိုးကျော်
အိမ်နံရံတွင် ချိတ်ထားသော ကျားအရေခွံကို ကြည့်ပြီးမိတ်ဆွေမေးသည်။
“ဒီအကောင်ကို
ခင်ဗျားဘယ်နှစ်ချက် ပစ်လိုက်ရသလဲ”
“ဆယ်ချက်”
“ဘယ်နှစ်ချက်
ထိသလဲ”
“ဘယ်နှစ်ချက်မှ
မထိဘူး”
“ဘယ်လို၊
ဒါဆိုဒီအကောင် ဘယ်လိုသေသွားလဲ”
“အရယ်လွန်လို့” :D
................................
................................
အ၀ယ်မှားသူ
တောသားကြီးတစ်ယောက်သည် ကြက်ဖငယ်တကောင်ကိုဝယ်လာကာကြက်ခြံတွင်းသို့ထည့်လိုက်သည်။
မူလရှိနှင့်ပြီးသား ကြက်ဖအို က ၄င်း အား ဤသို့ စိန်ခေါ်၏။
" ဒီကြက်ခြံကို မင်းနဲ့ ငါ ၃ ပတ်အပြေးပြိုင်ပြေးမယ် အရင်ရောက်တဲ့သူ က ခြံထဲက ကြက်မတွေ အကုန် ယူကြေး.." ....လို့ဆို၏။
ကြက်ဖပျိုအသစ်ကလည်း....
" စိန်လိုက် " ဟုပြောလေ၏။
သို့ဖြင့် ကြက်ဖအို နှင့်ကြက်ဖပျိုတို့ပြိုင်ပြေးကြ၏။ကြက်ဖပျိုကား လျင်မြန်စွာဖြင့် တစ်ပတ်ပြည့်သွား၏။
ထို့နောက် တစ်ပတ်အသာဖြင့် ကြက်ဖအိုနောက်မှလိုက်ကာ ကြက်ဖပျိုမှ ပြေးနေ၏။
ကြက်ဖအိုကား တစ်ပတ်ပင်မပြည့်သေးပေ။
ဤ သည်ကိုမြင်သော ကြက်ခြံပိုင်ရှင်က လေးခွကိုယူကာ ကြက်ပျိုကို ပစ်ချလိုက်၏။
နုတ်မှလည်း မကျေမချမ်းပြောလိုက်သည်မှာ.....
" ကြက်ဖ၀ယ်တာ ၆ ကောင်ရှိပီ ၊အားလုံး လိင် တူကိုမှ ကြိုက်တဲ့ အကောင်တွေချည်းပဲ...." ...တဲ့

………………………………………………………
တေစမ်း....
တစ်နေ့တစ်၌ ယောက်ျားပျိုတစ်ယောက်သည် သူ၏ညာဘက် testis ရှိရာကပ်ပယ်အပြင်တွင် စိမ်းနေ၍ ဆရာဝန်သွားပြ၏။
ဆရာဝန် မှစစ်ဆေးပြီးနောက်.......
" မတတ်နိုင်ဘူးငါ့ညီရာ ခွဲထုတ်လိုက်ပါတော့ "
ယောက်ကျားပျိုလည်းမတတ်သာအဆုံးခွဲထုတ်လိုက်ရသည်။
တစ်လကြာပြီးနောက်ဘယ်ဘက်တစ်ခြမ်းထပ်စိမ်းလေသည်။ဆရာဝန်ထံ ထပ်သွားပြသည်။
ဝမ်းနည်းစွာနဲ့ပဲ ထပ်ခွဲထုတ်ခိုင်းသဖြင့် ခွဲထုတ်လိုက်ရသည်။
နောက်တစ်လခန့်....ကြာသော်..... penis ပါထပ်စိမ်းလာသောအခါဆရာဝန်ထံသို့....ထပ်သွားပြသည်။ဆရာဝန်က......
" အသက်အန္တရယ်မစိုးရိမ်ရအောင်ဖြတ်လိုက်ပါ " ဆိုသဖြင့်.....
ယောက်ျားပျိုလဲ ယူကျုံးမရဖြစ်ကာ နောက်ဆုံးလှီး ဖြတ်ထုတ်လိုက်ရတော့သည် ။
ဖြတ်ထုတ်ပီး....နောက်ထပ်တစ်ပတ်ခန့် တွင်မူ သူ့ ပေါင်ခြံ တစ်ပြင် လုံးစိမ်းလာပြန်လေ၏။
ထိုသူလည်း အလန့်တကြားဖြင့်ထိုဆရာဝန်ကိုပင်သွားပြန်ပြသည်။
ထိုအခါ ဆရာဝန်က ထပ်မံ သေချာ စစ်ဆေး၏။..ထို့နောက်....ဖြေးဖြေးချင်း ပြောလိုက်တာက....
" အတွင်းခံလဲလိုက်တော့ငါ့ညီ.....ငါ့ညီအတွင်းခံအရောင်ကျွတ်နေပြီ ..." ဟူ၏။.

………………………………………..
No comments :
Post a Comment