စစ်မက်ဖန်တီးခြင်း
ထိုအဖွဲ့က
ကမ္ဘာကို ကျားကွက်လိုသဘောထားပြီး ကစားနေသည်။ သူတို့သည် စာတန်စိတ်ရှိလို့ လောဘရမ္မက်နှင့် ကမ္ဘာကို နေရာတကာ စစ်မက်ဖြစ်အောင်ဖန်တီးနေခြင်းဖြစ်သည်။ အထက်တွင်ဖေါ်ပြခဲ့သည်အတိုင်း ပထမ၊ ဒုတိယ ကမ္ဘာစစ်များကိုလည်း သူတို့ကပင်
ဖန်တီးခဲ့ခြင်းဖြစ်သည်။ တတိယ ကမ္ဘာစစ်ကိုလည်း သူတို့ကပဲဖန်တီးနေသည်။
ကျမ်းစာပြည့်စုံစေခြင်း ဘဲဖြစ်ပါသည်။ စက်တင်ဘာ ၁၁ ရက် အရေးအခင်းကစပြီး နေရာတကာ မငြိမ်သက်မှုများ များပြားလာသည်ကိုတွေ့ရသည်။ ပိုက်ဆံ၊ မဟုတ်လျှင် လက်နက်တွေ တင်ပို့ကူညီပြီး နေရာတကာ အုံကြွမှု ရန်ဖက်တိုက်ခိုက်မှုတွေ လျှို့ဝှက်စွာ ပြုလုပ်ကြသည်။ Bin Ladin နှင့် A1 Qaeta အဖွဲ့ တွေ ဆိုသည်မှာလည်း သူတိုကပင် စီစဉ်သလားမသိရပေ။ Bin Ladin မိသားစုနှင့် Bush မိသားစုတို့သည် အလွန်ပင်ရင်းနှီးခဲ့သော မိတ်ဆွေ ဟောင်းတွေဖြစ်ကြသည်။ ကူးသန်းရောင်းဝယ်မှုတွေ ပေါင်းပြီးဆက်သွယ်ခဲ့ကြသည်။ ထိုကဲ့သို့ရင်းနှီးနေချိန် New World Order အကြောင်း တွေကို အသေးစိတ်ဆွေးနွေးခဲ့ကြမှာပင်။ စက်တင်ဘာ ၁၁ ရက် အရေးအခင်းကို Bush က ကြိုသိပြီးသား ဖြစ်သည်ကို သိရသည်။
ကျမ်းစာပြည့်စုံစေခြင်း ဘဲဖြစ်ပါသည်။ စက်တင်ဘာ ၁၁ ရက် အရေးအခင်းကစပြီး နေရာတကာ မငြိမ်သက်မှုများ များပြားလာသည်ကိုတွေ့ရသည်။ ပိုက်ဆံ၊ မဟုတ်လျှင် လက်နက်တွေ တင်ပို့ကူညီပြီး နေရာတကာ အုံကြွမှု ရန်ဖက်တိုက်ခိုက်မှုတွေ လျှို့ဝှက်စွာ ပြုလုပ်ကြသည်။ Bin Ladin နှင့် A1 Qaeta အဖွဲ့ တွေ ဆိုသည်မှာလည်း သူတိုကပင် စီစဉ်သလားမသိရပေ။ Bin Ladin မိသားစုနှင့် Bush မိသားစုတို့သည် အလွန်ပင်ရင်းနှီးခဲ့သော မိတ်ဆွေ ဟောင်းတွေဖြစ်ကြသည်။ ကူးသန်းရောင်းဝယ်မှုတွေ ပေါင်းပြီးဆက်သွယ်ခဲ့ကြသည်။ ထိုကဲ့သို့ရင်းနှီးနေချိန် New World Order အကြောင်း တွေကို အသေးစိတ်ဆွေးနွေးခဲ့ကြမှာပင်။ စက်တင်ဘာ ၁၁ ရက် အရေးအခင်းကို Bush က ကြိုသိပြီးသား ဖြစ်သည်ကို သိရသည်။
အရောင်းအဝယ်အကြောင်း
ကမ္ဘာ့အရောင်းအဝယ်အားလုံး သူတို့လက်ထဲ၌သာ ရှိသလို ၁၉၃၀ ခုနှစ် လောက်တွင် စတော့ဈေးကွက်ကို ဖျက်သိမ်းလိုက်ပြီး ဒုက္ခ အဆင်းရဲဆုံးကာလအချိန် (The Great Despression) ကို ဖန်တီးခဲ့သည်။ လူတွေ အစာရေစာခေါင်းပါးပြီး လမ်းမပေါ် တန်းစီကာ ဆန်ပြုတ် တောင်းစားရသည်အထိ ဖြစ်ခဲ့သည်။ ၂၀၀၈ ခုနှစ်တွင် ပြန်လည်လုပ်ခဲ့ပြန်ပြီး ယခုထိနလံမထူနိုင်သေးပေ။ US ဒေါ်လာသည်
ပြန်လည် နလံ မထူနိုင်တော့သဖြင့် ယခု
ယူရိုငွေကို ကပ်ဖါးနေသည်။ အင်္ဂလန်၊ စပိန်နှင့် ဂရိစသည့် အချို့နိုင်ငံတို့သည် စီးပွါးရေးကပ်ဆိုက်ပြီး နလံမထူနိုင် ဖြစ်ခဲ့ကြသည်။ မကြာမြင့်မှီ ယူရိုလည်း ကျရန် ကိန်းဆိုက်နိုင်သည်ဟု အချို့ကတွက်နေသည်။ ထိုအခါ
The Great Despression ကပ် ပြန် လည်ဆိုက်ရောက်ရန် အလားအလာရှိသည်။ ထိုကဲ့သို့ အကြပ်အတည်း ဆိုက်ရောက်လာလျှင် တိုင်းပြည်ခေါင်းဆောင်အချို့က ပြည်သူတွေ အာရုံပြောင်းစေရန် စစ်မက်များဖန်တီးမှာ အမှန်ပင်။
အရင်တုန်းက လုပ်ခဲ့ပြီးပြီ။ ဆက်လက်လုပ်လာလျှင် ပို၍အကျပ်အတည်းတွေ ပေါ်လာမည်မှာ သေချာသည်။ ကျမ်းစာထဲတွင် ကမ္ဘာပေါ်၌ ပို၍ ပို၍ အခြေအနေကောင်းလာမည့် အကြောင်း နည်းနည်းမှ မရေးထားခဲ့။ ဤလောကတွင် ဒုစရိုက်တွေ ပို၍ ပြည့်လာမည်၊ နောဧခေတ်တုန်းကလို နိုင်ထက်စီးနင်းပြုမှုတွေ များပြားမည့်အကြောင်းတွေ ပါသည်။ ပျော်စရာတွေသာ လူတွေကရှာပြီး ဘုရားကိုရှာသူ ရှားလိမ့်မည်အကြောင်း ရေးသားထားသည်။ ယခုခေတ်သည် နောဧခေတ်နှင့် တသွေမတိမ်း တူနေပြီ။ ခရစ်တော်ကြွလာမည့်နေ့သည် တရက်ထက်တရက်နီးကပ်လာပြီကို ကျွှန်ုပ်တို့ ခရစ်ယာန်အားလုံး သိထားကြပါစို့။
လျှို့ဝှက်အဖွဲ့၏လက်ဗွေများ
Have
a history teacher explain this----if they can.
1.
Abraham Lincoln was elected to Congress in 1846.
အီဗြာဟံလင်ကွန်းကို ၁၈၄၆
ခုနှစ်တွင် ကွန်ဂရက် ရွေးကောက်တင်မြောက်ခဲ့သည်။
John
F. Kennedy was elected to Congress in 1946.
ဂျွန်အက်ဖ်ကနေဒီကို ၁၉၄၆
ခုနှစ်တွင် ကွန်ဂရက် ရွေးကောက်တင်မြောင်ခဲ့သည်။
2.
Abraham Lincoln was elected President in 1860.
အီဗြာဟံလင်ကွန်းကို ၁၈၆၀
ခုနှစ်တွင် သမ္မတအဖြစ် ရွေးကောက်တင်မြောက်သည်။
John
F. Kennedy was elected President in 1960.
ဂျွန်အက်ဖ်ကနေဒီကို ၁၉၆၀
ခုနှစ်တွင် သမ္မတအဖြစ် ရွေးကောက်တင်မြောက်သည်။
3.
Both were particularly concerned with civil rights.
နှစ်ဦးစလုံး ပြည်သူလူထုအတွက် စိတ်ပူပန်ခဲ့ကြသည်။
4.
Both Presidents were shot on a Friday. Both Presidents were shot in the head.
သမ္မတ နှစ်ဦးစလုံး သောကြာနေ့တွင် ပစ်သတ်ခံရသည်။ နှစ်ဦးစလုံး ခေါင်းမှာ အပစ်ခံရသည်။
5.
Lincoln‘s secretary was named Kennedy.
သမ္မတလင်ကွန်း၏ အတွင်းရေးမှူးနာမည်သည် ကနေဒီဖြစ်သည်။
Kennedy‘s
secretary was named Lincoln.
သမ္မတ ကနေဒီ၏ အတွင်းရေးမှူးနာမည်သည် လင်ကွန်းဖြစ်သည်။
6.
Both were assassinated by Southerners.
နှစ်ဦးစလုံးကို တောင်ပိုင်းသားများက သတ်ဖြတ်ခဲ့ကြသည်။
Both
were succeeded by Southerners named Johnson.
နှစ်ဦးစလုံးကို တောင်ပိုင်းသား Johnson ခေါ်သူတို့က ရာထူးဆက်ခံခဲ့သည်။
7.
Andrew Johnson, who succeeded Kennedy, was born in 1808.
လင်ကွန်းဆက်ခံသူ အင်ဒရူးဂျွန်ဆင်ကို ၁၈၀၈ တွင် မွေးဖွါးခဲ့သည်။
Lyndon
Johnson, who succeeded Kennedy, was born in 1908.
ကနေဒီဆက်ခံသူ လန်တန်ဂျွန်ဆင်ကို ၁၉၀၈ တွင် မွေးဖွါးခဲ့သည်။
8.
John Wilkes Booth, who assassinated Lincoln, was born in 1839.
သမ္မတ လင်ကွန်းကို ပစ်သတ်ခဲ့သူ ဂျွန်ဝိုလ်ခ်ဘွတ်သည် ၁၈၃၉ တွင် မွေးဖွါးခဲ့သည်။
Lee
Harvey Oswald, who assassinated Kennedy, was born in 1939.
သမ္မတ ကနေဒီကို ပစ်သတ်ခဲ့သူ လီဟားဗေးအောစဝတ်သည် ၁၉၃၉ တွင် မွေးဖွါးခဲ့သည်။
9. Both names are
compased of fifteen letters.
လူသတ်သမား နှစ်ယောက်လုံး၏နာမည်သည် စာလုံး ၁၅ လုံးစီ ပါကြသည်။
10.
Lincoln was shot at the theatre named ‘Ford’.
လင်ကွန်းကို ဖို့ဒ် ခေါ် ပြဇာတ်ရုံတွင် လုပ်ကြံခဲ့သည်။
Kennedy
was shot in a car called ‘Lincoln’ made by ‘Ford’.
ကနေဒီကို ဖို့ဒ် ကုမ္ပဏီလုပ် လင်ကွန်းခေါ်ကားတွင် လုပ်ကြံခံရသည်။
11.
Lincoln was shot in a theatre and his assassin ran and hid in a warehouse.
လင်ကွန်းသည် ပြဇာတ်ရုံထဲတွင် လုပ်ကြံခံရပြီး လူသတ်သမားသည် ကုန်လှောင်ရုံသို့ပြေးပုန်းခဲ့သည်။
Kennedy
was shot from a warehouse and his assassin ran and hid in a theatre.
ကနေဒီသည် ကုန်လှောင်ရုံထဲတွင် လုပ်ကြံခံရပြီး လူသတ်သမားသည် ပြဇာတ်ရုံသို့ ပြေးပုန်းခဲ့သည်။
12.
Booth and Oswald were assassinated before their trials.
လူသတ်သမားနှစ်ဦးလုံးသည် အမှု ရင်မဆိုင်ခင်မှာ အသတ်ခံခဲ့ကြရသည်။
စာရေးသူ ဖြည့်စွက်ချက်
Obama
နှင့် Biden နာမည်နှစ်ခု ဆက်လိုက်လျှင် Osama Bin Ladin နှင့်
တူသယောင် မဟုတ်ဘူးလား ?
Osama
Bin Ladin
Obama
(Osama) - The President
Joe
Biden (Bin Ladin) - The Vice President
GUSTURES - လက္ခဏာများ
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisGTv0knFyFfYYM3_-4ZsleaAPJ0mU3k0m2fOQNxxwBZVrOEdJH9_sfyqcKcz5Er2jkuE0zZyn5XkaJWP4xnSSvNPszumRj4osJKqLit9DVEr8mRhVCC1VLHpSzoYj7YMgUjEMXVnuXQA/s200/IMG_0018.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhK35jDHnfPZb9IV8M08h3rzZtdsrqRdqObZVtH1g2lsKXs2c8G6BT2_-BMi7ahtJnUSmujN81eQQ2olLcEK4rtUiSxWpaNdszzorBSjocE28tJLQum_ORiKt-PgKZqFsg2tKWxfNOLWg0/s320/IMG_0020.jpg)
သူ့ အဓိပ္ပါယ်ကို နားလည်ရန်ခက်သည်။ ထိုနောက် လက်ဆွဲနှုတ်ဆက် ကြရာတွင်လည်း သူများနှင့် မတူ ကြသော အမှတ်အသား အဖြစ် ဤကဲ့သို့ နှုတ်ဆက်ကြသည့်နည်းများ စွာရှိကြသည်။ ကျွှန်ုပ်နေသောမြို့တွင် သူများကိုတသက်လုံး ကူညီပံပိုးလာခဲ့သူ အဖွါးကြီးတစ်ဦးအား မြို့လူကြီးအဖွဲ့က လက်ဆောင်တစ်ခုချီးမြင့်သည်။ ၄င်း သည်ကြေးဝါဖြင့်ထုထားသော လက်နှစ် ဘက် နှုတ်ဆက်ပုံတခုဖြစ် သည်။ ထိုဆု ကြီးကိုချီးမြင့်လိုက်ခြင်းဖြင့် လျှို့ဝှက် အဖွဲ့ကြီး၏ လက်ဆောင်ဆုတခုဖြစ်ကြောင်း တန်းသိရသည်။ ကျွန်တော်က သူငယ်ချင်းတွေကို ထိုအကြောင်းမေးကြည့်သော် တယောက်မှ အမှတ်မထားကြ၊ မသိကြကြောင်း ပြောကြသည်။
အရောင်းအဝယ်ကိစ္စများတွင်လည်း အထက်က ဖေါ်ပြခဲ့သော အကြောင်းအရာများဖြင့် ပုံစံတူနီးပါး တုယူပြီး အမှတ်တံဆိပ် လက္ခဏာမျာဖြင့် သင်္ကေတ ဖလှယ်မှုတွေ ပြုလုပ်ကြသည်။
ကုမ္ပဏီများ၊ စတိုးဆိုင်များ၊ TV များတွင် ထိုသင်္ကေတများကို တွေ့ရသည်။ ဤအကြောင်းကို မသိသူများသည် မျက်စိရှေ့ တန်းလန်းပေါ်လာသော်လည်း အမှတ်ထားကြမည် မထင်၊ ယခုမှစပြီး
မိတ်ဆွေများ အောက်တွင်တချို့
ဖေါ်ပြထားသည်ကို
မှတ်သားပြီး ထိုအမှတ် လက္ခဏာများကို သတိထားစွာ ကြည့်၍ မှန်လျှင် မှတ်သားထားပါ။ ဤကဲ့သို့အားဖြင့် လျှိုဝှက်အဖွဲ့ အစည်း၏ သင်္ကေတများကို သိကြစေဟူ၍ တချို့ ကိုဖေါ်ပြလိုက်သည်။
Computer Chips (ကွန်ပျူတာ ချိပ်များ)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZUgl5dr0mpfxW7RxUSzfqsNh-hhyQ4U7SBOnObwcW6qVBbD_10p6Pj9NvtKeK1lJXlkT5-eS7ITXoH6PaNOXn6PKbJRBEBSAJu1Vk7FPSfkpseWOimaX9rOa7i6eLEZjyN4IUG7BZZQM/s320/IMG_0032.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_osBz1F9RahMBDC1UP-_-P5oBH4077YsDaVLTKo1nXy4JAmZfcEi_D9XFMSccMOd3xAKW7spqTX8SH1yWTM9lsWVXiGiDxD5Uak6nEitbFQN9Ayn59jsc5GAU8Tv2ycFZ50QzD3U-fy4/s200/IMG_0025.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmVeBgfUvX0zRbnfqFWS32_eyeesU7mI-y40sCJhrjkDKH9df0s63nD9qjnzBGzV0FHBeeTpdJCwei0SKos0FBk0C1L1YGmgbT6cR-OfHs8OB5BsY9zan8AHMLeFdT69gkIpHKU89qOq4/s200/IMG_0027.jpg)
အစတွင်
ငွေစက္ကူ အကြွေတွေနှင့် ပိုက်ဆံအိတ်ပြည့်ခဲ့သည်။ ဘဏ်ကတ်စသည့် ကတ်ပြားတွေပေါ်လာသောအခါ ထိုသိုမယူဆောင် ရကြတော့ပါ။ သို့သော် ထိုကတ်ပြား များလည်း ခိုးတတ်၊ ပျောက်တတ်သဖြင့် ယခုနောက်ဆုံး Chip လေးတွေ
တီထွင်လိုက်ခြင်းဖြစ်သည်။ ကွန်ပျု တာနှင့်ကြည့်လိုက်လျှင် မည်သူမည် ဝါဖြစ်ကြောင်း၊ ပိုက်ဆံမည်မျှရှိသည်၊ မည်သည့်နေရာတည်းခိုသည်၊ မည် သည့်ပစ္စည်းဝယ်သည်၊ မည်သို့သော ရောဂါရှိသည်၊ ကြောက်စရာလူဆိုး/ လူကောင်းဖြစ်သည်၊ မည်သည့် နိုင်ငံသားဖြစ်သည်စသည့် အားလုံးကွန်ပျူတာချိပ်က ပြလိမ့်မည်။ တနိုင်ငံမှ တနိုင်ငံကူးရာတွင် Terrorist အကြမ်းဖက်သမားများကို စိစစ်နိုင်သည်။ ထိုချိပ်မျိုး မပါသူသည် မည်သည့်ပစ္စည်းအရာတခုမှ ရောင်းဝယ်ရန်မရတော့ပါ။ ခရီးသွားလာရာ ၌လည်းထို chip မပါလျှင်
ဘာမှ မလုပ်နိုင် ဖြစ်လာမည်။
ခရစ်ယာန်ယုံကြည်သူ များသည်
ထိုအဖွဲ့ထဲမဝင်ကြသဖြင့် ညှင်းဆဲနှိပ်စက်သူ၊ အကြမ်းဖက်သူ
ဟူ၍ အပြောခံအလွန်ဒုက္ခရောက်လိမ့်မည်။ ဘုရားရှိခိုးကျောင်းတွေ လည်း ရှိလိမ့်မည်မထင်၊ မစ်ရှင်နရီတွေလည်း မရှိရတော့။
ခရစ်ယာန် TV၊ ရေဒီယို၊ အသံလွင့်ချက်တွေ လည်းရှိတော့မည်မထင်။ ကမ္ဘာကို
ဤနည်းအားဖြင့် လူစီဖါက အုပ်စိုးတော့မည်ဟု ခန့်မှန်းရသည်။
နောက်ဆုံးအမှာစကား
မိတ်ဆွေတို့
ကျမ်းစာထဲတွင် ဤကမ္ဘာမြေကြီး ပိုပြီး လှပငြိမ်းချမ်းလိမ့်မည်ဟု မရေးသားပေ။ ပိုပြီး နောဧခေတ်ကဲ့သို့ ဖြစ်လိမ့်မည်ဟု ရေးထားသည်။ နောဧခေတ်လူတွေက ပရမ်းပတာ ကိုယ်အလိုအတိုင်းသာ လိုက်လျှောက်ကြသည်။ ပိုက်ဆံနောက်ကိုသာလိုက်ကြပြီး လှပဖို့၊ တိုးတက်ဖို့ကိုသာ ကြိုးစားကြသည်။ ယုံကြည်သူတွေလည်း ကျမ်းချက်တွေကို မလိုက်လျှောက်ချင်ကြပေ။ နှုတ်ဖြင့် ခရစ်ယာန်နာမည်ခံပြီး၊ ကိုယ်ခန္ဒာကို ဝလင်စွာကျွေးမွေးကြပေမဲ့ ဝိညာဉ်ကိုယ် ကြုံလှီနေကြသည်။ ငွေမရှိလျှင် ဘုရားအမှု မဆောင်ချင်ကြ။ ငွေသည် ဘဝလမ်းပြလို့ ယူဆကြပါသလား၊ ဘုရားသခင်၏ သန့်ရှင်းသောဝိညာဉ်တော် ခန္ဒာကိုယ်အထဲ၌ အလုပ် လုပ်မဖြစ်အောင်များ ဖြစ်နေသလား။
ဤနေရာ ဆွေးနွေးရေးသားချက်များသည် အမှန်တကယ်ပင်ဖြစ်သည်။ ယခုလို ပျော်ပျော်ပါးပါး ဆက်လက်ပြီး နေကြရလိမ့်မည်ဟု ရူးမိုက်စွာ မတွေးကြပါနှင့်။ သခင်ယေရှုဆင်းသက်လာခြင်းဖြင့် ထောင်ချောက်လိုအမိမခံရရန် ဝိညာဉ်နိုးကြားချိန်သည် ယခုအချိန်ပင်ဖြစ်သည်။ ထိတ်လန့်စေခြင်း မဟုတ်ပါ၊
နိုးဆော်ခြင်းသာဖြစ်သည်။ အချိန်သည် ကုန်လွန်နေ၏။ နာရီလက်တံသည် သွားနေသည်။ ခရစ်တော် ဒုတိယအကြိမ် ကြွလာမည်ကို စောင့်စားသူတစ်ဦးသာဖြစ်လျှင် ဝိညာဉ်နိုးကြားပြီး ရှေ့ကိုတိုးဝင်ပါ။ ယခုမှစ၍ လူသစ်တစ်ယောက်လို စိတ်တင်းထားပြီး ယုံကြည်မှုကတဆင့် တိုးတက်အောင် သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ရှေ့ဆောင်လမ်းပြခိုင်းပါ။
“သခင်ခရစ်တော်..
ဤစာတမ်းကိုဖတ်ရှုသူအား ကောင်းချီးနှင့်ငြိမ်သက်ခြင်းကို ချပေးတော်မှုပါ။ အခြားလူအား
တဆင့်ဝေငှ ပေးနိုင်သော ခွန်အားကို ပေးတော်မှုပါ။ ကြား၍ဖတ်ရှုသူအား ကိုတော်ထံပို၍
နီးကပ်စေတော်မှုပါ။ အလုံးစုံကိုတတ်စွမ်းတော်မှုသော လောက ကယ်တင်ရှင်ယေရှုဘုရား၏ နာမတော်၌ တောင်းလျှောက်ပါ၏။ အာမင်။”
“ဖတ်ရှုသူတိုင်း ဘုရားရှင်ထံတော်ပါးမှ ဝိညာဉ်မျက်စိ ပွင့်လင်းပါစေ”
No comments :
Post a Comment