ရခိုင်အစ
မာရယုက ဟုစာဆိုရှိသူမာရယုမင်းသားမှာ ဓညဝတီကို
စတင်တည်ထောင်သူဖြစ်သည်။ မာရယုမင်းသားမှာ သကျသာကီဝင်အဇ္ဇုနရှင်ရသေ့နှင့်
သက်အမျိုးသမီး ဣန္ဒမာရုတို့မှ မွေးဖွားသူဖြစ်သည်။
ဧချင်းနှင့် ရာဇဝင်များတွင် ဆက်(ဆတ်)ဟုရေးသားထားရာ တိရိစ္ဆာန်မှလူသားမမွေးနိုင်ပါ။
လူသားတို့၏ တကယ်ဖြစ်ရပ်အမှန်များသည် ကာလကြာမြင့်သောအခါ ပုံပြင်ဒဏ္ဍာရီဆန်လာသည်။
အရှင်ကေသရက မာရယုနှင့်
ဗေဒါရဇဝင်ရှင်းတမ်းစာအုပ်တွင် တိရိစ္ဆာန်မှ
လူသားမမွေးနိုင်ကြောင်းကို အသေးစိတ်ရှင်းလင်း ထားသည်။ ရခိုင်မင်းသမီး ဧချင်းအပိုဒ်(၆)တွင်-
“ဘေး
စောသကျ၊ အဇ္ဇုနလျင်၊
ကပိကဟု၊ ပြည်မခွာရှောင်၊ မြိုင်ချောင်တောတွင်း၊
သီတင်းသုံးရာ၊ ကြမ္မလေခတ်၊
ဈာန်လွတ်လျော၍၊ ရသေ့မျိုးပွါး၊
“ဆတ်” မသားဟု၊
မာရယုလျှင်” ဟူ၍စပ်ဆိုထားသည်။
ရခိုင်ရာဇဝင်အရ သက်မင်း ငမင်ငတုံ
(အေဒီ ၇၉၄-၈၁၈)
မှာ ဝေသာလီကျောက်လှေကားမြို့၊ ပျက်သုဉ်းပြီးနောက် စမ္ပဝတ်မြို့ကို
ထူထောင်သူဖြစ်ကြောင်း သိရှိရသည်။
သက်မင်း ကောင်းလှဖြူမှာလည်း
(၁၆) ရာစုကုန်ခါနီးတွင် ပဒေသရာဇ်မင်းငယ်အဖြစ်
အုပ်ချုပ်ခဲ့ကြောင်း မှတ်သားရသည်။
သက်လူမျိုးမှာ ဆက်ကယ(ဆကျ)သကျသာကီဝင်မင်းမျိုးဖြစ်ကြောင်း ရခိုင်ရာဇဝင်တွင် ဖော်ပြထားသည်။
ဦးသောင်းဖေ ကရခိုင်လူမျိုးမှာ ရှေးဦးစွာ
အိန္ဒိယမြောက်ပိုင်းမှ ဝင်ရောက်လာသော
(ဆကျ) မြန်မာအခေါ်
(သကျ) လူမျိုး
ဖြစ်သည်ဟု ရေးသားထားသည်။ သက်လူမျိုးနှင့်
ရခိုင်လူမျိုးတို့မှာ မင်းမျိုးမင်းနွယ်မှ ဆင်းသက် လာကြသူများ
ဖြစ်ကြောင်း ကောက်ချဆွဲနိုင်ပါသည်။
မြုံလူမျိုးကို
ရှာပုံတော်ဖွင့်ရလျှင် အဒူမင်းညို၏
ရခိုင်မင်းသမီးဧချင်းနှင့် မဟာပညာကျော်
လျှောက်ထုံးမှာ အဓိကကျပေသည်။
မြုံလူမျိုးမှာ ပျူ
ကမ်းယံ သက်တို့နှင့်
ခေတ်ပြိုင်ထွန်းကားခဲ့သော လူမျိုးဖြစ်သည်။ မြုံလူမျိုးမှာ
ယနေ့တိုင် မထင်မရှားဘဲ
တိမ်မြုပ်နေဆဲဖြစ်သည်။ မြုံလူမျိုးကို ခရစ်နှစ်
၁၄၄၄ ခုနှစ်တွင်
စတင်ဖော်ပြခြင်းခံရပြီး၊ ၁၉၇၈
ခုနှစ်တွင် နောက်ဆုံးအနေဖြင့် မှတ်တမ်းတင်ထားသည်ကို
တွေ့ရသည်။ တိုင်းရင်းသားလူမျိုးစုများကို လေ့လာသုတေသနပြုပါက မြုံလူမျိုးမှာ
ပျောက်ကွယ်နေပြီးဟူ၍ မှတ်ချက်ပြုပေလိမ့်မည်။
မြုံလူမျိုးအမည်ကို
သက္ကရာဇ် ၈၀၆
ခုစွဲ စစ်ကိုင်းထူပါရုံကျောက်စာတွင် ပထမဦးဆုံး
ရေးသားထား သည်ကို
လေ့လာနိုင်ပေသည်။
“သက်
မြုန် ချင်းကို
အစိုးရသော ကစ္စပတိ
အဿပတိမည်သော ပန်းသေးတို့၏
အမျိုးအနွယ် ဖြစ်သော
ရခိုင်မင်းသည် ဖိုးခေါင်ဆဲထပ်ကို ကျူး၍ အဘိုးအတိုင်းမသိသော မြရှင်လက်ကောက်ကို
ဦးထိပ်တင်၍ ဆက်ပြီးသော”
ဟူ၍ ကျောက်စာ
စာ၂၁-၂၂
တွင်ရေးသားထားသည်။ မြုံကို
မြုန်ဟူ၍ ရေးသားထားသည်။ မြုံလူမျိုးမှာ
ရခိုင်ပြည်နယ်တွင် သက်ချင်းများနှင့် အတူနေထိုင်ခဲ့ကြောင်းကို
လေ့လာ နိုင်ပေသည်။
အထက်ပါစစ်ကိုင်းထူပါရုံ
ကျောက်စာသမိုင်းကို လေ့လာကြည့်လျှင် အင်းဝခေတ်နရပတိကြီး
(အေဒီ ၁၄၄၂-၆၈)
နှင့်ရခိုင်ဘုရင် မင်းခရီး
(ခ) အလီခင်
(အေဒီ ၁၄၃၄-၅၉)
တို့ခေတ်ပြိုင် အုပ်ချုပ်ချိန် ဖြစ်သည်။
မင်းနှစ်ပါးမှာ ဖိုးခေါင်တောင်ရိုးတွင် အင်းဝနှင့်
ရခိုင်နယ်နမိတ်ကိစ္စကို ဆွေးနွေးပြီး
ဖိုးခေါင်တောင်အနောက်ကို ရခိုင်၊
ဖိုးခေါင်တောင်အရှေ့ကို အင်းဝနယ်ဟူ၍
နယ်နမိတ်များမှတ်သားခဲ့ ကြောင်း
မှတ်သားရသည်။
ရခိုင်ပြည်နယ်ရှိ
မဟာမြတ်မုနိဘုရားကို အနော်ရထာမင်းနှင့် အလောင်းစည်သူမင်းလက်ထက်တို့
တွင် ပုဂံသို့
ပင့်ဆောင်ရန်ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ချေ။ ဘိုးတော်ပဒုံမင်းလက်ထက်တွင်
မဟာ မြတ်မုနိဘုရားကို အမရပူရ (မန္တလေး)
သို့ ပင့်ဆောင်ခဲ့သည်။ အောင်မြင်မှုအထိမ်းအမှတ်အဖြစ်
ကျောက်စာတိုင်စိုက်ထူခဲ့ရာတွင် မြုံလူမျိုးကိုဖော်ပြထားရာ
“သျှမ်းပြည်အလုံး သိမ်းကျုံးပတ်ချုပ်
တရုပ်ထိပ်နင်း လင်းစင်မျက်နှာမည်း ကျော်ကသည်း
ယိုးဒယားစသော အရှေ့ပြည်ထောင်တလွှား တလိုင်းတဝယ် (ထားဝယ်)
ပင်လယ်စပ်ကျူး၊ ပသျှူးအစဉ်
စသည့်ကုန်အောင် တောင်ပင်လယ်ဖက်ရပ်နား ရခိုင်ဟဲရုမ်သက်
“မြုမ်” ကုံးရမ်
တောင်ဝှမ်းတလျှောက် အနောက်ပဋိက္ကရားစသော သင်းဘောသားကုလား
ကန်တူး ငနားကြီး
ရေပေါ်မီးတတောက် အမြီး
ရောက် တသင်း
ချင်းလင်းသိန်ပေါ တမုန်ထရုစသော အရိုင်းတို့စုနေရာ
ဟိမဝန္တာ တောဖျား”
ဟူ၍ ခရစ်နှစ်
၁၇၈၄ ခုထိုး
မဟာမုနိကျောက်စာ စာ
၂၈-၂၉
တွင် ရေးသားထားပါသည်။ မြုံကို “မြုမ်”
ဟူ၍ ရေးသားထားသည်။ ယင်းအချိန်တွင်
ရခိုင်ပြည်နယ်၍ မြုံလူမျိုးမှာ ရခိုင်ဟဲရုမ် (ဟဲရုံ)
သက်လူမျိုးတို့နှင့် အတူရှိနေပါသည်။
ရခိုင်ဘုရင်ဘစောဖြူ
(အေဒီ ၁၄၅၉-၁၄၈၂)
လက်ထက် ပညာရှိ
အမတ်ကြီးအဒူမင်းညိုမှာ ရခိုင်မင်းသမီး ဧချင်းကို
ရေးသားခဲ့သည်။ ထိုဧချင်းမှာ
ဧချင်းများအနက် အစောဆုံးဖြစ်ပြီး ရခိုင်မင်းစဉ်
မင်းဆက်အကြောင်းနှင့် ပြည်နယ်ဖြစ်စဉ်ပါ ရေးသားထားသည်။
ထိုဧချင်းတွင် မြုံလူမျိုးနှင့် ပတ်သက်၍-
ပြေးသွားခဲ့တုံ
မြုံ ဟဲရုံပြည်
တည်သည်ယခု (အပိုဒ်
၁၂)
မြုံဟဲရုံကို
ဆန်တုံတခက် ရှင့်ဘိုးဖျက်သည် (အပိုဒ်
၁၂)
ပန်းတင်ဟဲရုံ
မြုံကားတံမြက် ဆွမ်းချက်လုပ်ကျွေး (အပိုဒ်
၂၁)
သက်ရိုင်းနှင့်
မြုံ ဥသုံမှောင့်မှောင့် (အပိုဒ်
၂၆)
ဘင်္ဂါးကုလား
မြုံသက်သားနှင့် သုံးပါးလုံးပြည် (အပိုဒ်
၃၄)
ဟူ၍ ဖေါ်ပြထားသည်။
မန္တလေး မဟာမုနိကျောက်စာတွင် ဟဲရုမ်ဟု
ရေးထားပြီး ယခုဧချင်းတွင် ဖော်ပြသောဟဲရုံလူမျိုးမှာ
ရခိုင်ပြည်နယ်တွင် မရှိတော့ပေ။ တိမ်ကောပျောက်ကွယ်နေပြီလောဟူ၍
စဉ်းစာဖွယ်ဖြစ်သည်။ ဦးထွန်းရွှေခိုင်က မြုံနှင့်
ဟဲရုံလူမျိုးနှင့် ပတ်သက်၍
မိမိဘဝဇာတ်မြုပ်ကာ ရေငုံနုတ်ပိတ်မြုံထားပြီး နေထိုင်ကြသောကြောင့် ၎င်းတို့ကို
မြုံလူမျိုးဟူ၍လည်းကောင်း၊ ၎င်းတို့အရပ်ကို
မြုံပြည်ဟုလည်း ခေါ်ကြသည်။
“မြုံဟစ်ရုံ (ဟဲရုံ)”
ပြည်မှာ အိန္ဒိယနိုင်ငံ တြိပူရပြည်နယ်တွင်
ရှိကြောင်း ဖော်ပြထားသည်။
ရခိုင်ရာဇဝင်နှင့်
မြန်မာရာဇဝင်ပါမြုံနှင့် ဟစ်ရုံ
(ဟဲရုံ) လူမျိုးမှာ
အိန္ဒိယနိုင်ငံ တြိပူရပြည်နယ်တွင် ရှိသည်ဟု
ရေးသားချက်ကို လေ့လာကြည့်လျှင် ရခိုင်ပြည်နယ်နှင့်
တြပူရပြည်နယ်တွင် ရှိသည်ဟု
ရေးသားချက်ကို လေ့လာကြည့်လျှင် ရခိုင်ပြည်နယ်နှင့်
တြိပူရပြည်နယ်မှာ အလှမ်းကွာဝေးလွန်းလှသည်။ ရခိုင်ရာဇဝင်တွင် ပါရှိသော
မြုံလူမျိုးမှာ ရခိုင်ပြည်နယ်အတွင်းရှိ မြုံလူမျိုးကိုသာ ရည်ညွှန်းကြောင်း
ကျောက်စာများနှင့် ဧချင်းတွင်
ဖော်ပြပြီးဖြစ်သည်။ ဟစ်ရုံ
(ဟဲရုံ) လူမျိုးမှာ
ထိုအချိန်က ရခိုင်ပြည်နယ်တွင် ရှိခဲ့၍ လူမျိုးတစ်မျိုးအနေဖြင့် ဖေါ်ပြခဲ့ခြင်းဖြစ်သည်။ ရခိုင်ဘုရင်
စူဠစန္ဒရားမှာ ခရစ်နှစ်
၇၆၉ ခုတွင်
နဂါးရစ် (မော်တော်စွန်း)
မှ အပြန်
ရေနစ်သေဆုံးမှုနှင့် ပတ်သက်၍
အမတ်ကြီး ဓမ္မဇေယျကို
လုပ်ကြံသတ်ဖြတ်သည်ဟု စန္တာဒေဝီမိဖုရားကြီးက သံသယဖြစ်ခဲ့သည်။ ဓမ္မဇေယျအမတ်ကြီးကို
နန်းတော်သို့ဝင်ခွင့်မပြုသဖြင့် ကစ္ဆပနဒီ
(ကုလားတန်) မြစ်ညာသို့
သွားပြီး ရဲမက်တို့နှင့်အတူ မြို့တည်သည်
ဟုသိရသည်။ ယင်းနေရာကို
မြုံပြည်ဟုခေါ်သည်။
ဦးထွန်းရွှေခိုင်
ဖော်ပြထားသော မြုံနှင့်
ဟစ်ရုံ (ဟဲရုံ)
လူမျိုးတို့၏ မြုံပြည်
(တြိပူရ) မှာ
ရခိုင်ပြည်နယ်နှင့် အလှမ်းကွာဝေးလွန်းလှသည်။ ဖြစ်နိုင်မည်မထင်ပါ။ မြုံပြည်မှာ
ရခိုင်ပြည်နယ်အတွင်းသာ ရှိနိုင်ပါသည်။ ရခိုင်ရာဇဝင်ကျောက်ရိုး၊
မြို့တည်ခြင်း အင်္လကာတွင်
“ဓမ္မဇေယျစုံနှစ်မမှု ထိုသူရဲမက်
သိမ်းခေါ်လျှက်သား မြုံ
ရွာအဝင် တောင်ခွင်မြိုင်ခြေ”
ဟုပါရှိရာ ဓမ္မဇေယျအမတ်ကြီးမှာ မြုံတို့နေရပ်တွင်
မြို့သစ်တည်သည်ဟု ယူဆမိပါသည်။
ယင်းအချိန်ကတည်းက ရခိုင်ပြည်နယ်တွင် မြုံလူမျိုးတို့
ရှိနေပြီဖြစ်သည်။
အလောင်းစည်သူမင်းလက်ထက်
ရခိုင်ဘုရင်လင်္ကျာ မင်းနန်းထီးနန်း ပြန်လည်ရရှိရေးအတွက်
စစ်ကူပေးရာ မြန်မာ
ပျူနှင့် တလိုင်း
(မွန်) တို့
မဟာမြတ်မုနိဘုရား အထိရောက်ခဲ့သည်။ သတို့လက်ချက်ကြောင့်
မဟာမြတ်မုနိရုပ်ပွါးတော်မှာ ပလ္လင်မှပြုတ်ကျပြီး မြေဖုံးနေခဲ့သည်။
ဒသရာဇာမင်း (အေဒီ
၁၁၂၃-၁၁၃၉)
လက်ထက်တွင် ရှေးဘိုးလောင်းတော် ဘေးလောင်းတော်တို့
ကိုးကွယ်ခဲ့သော မဟာမြတ်မုနိဘုရားကို အမတ်ကြီးလင်္ကျာအား
ရှာဖွေစေခဲ့သည်။ ဘုရားပတ်ဝန်းကျင်တွင် နေထိုင်သော
မြုံလူမျိုးအကြီးအကဲ ငအောင်လာနှင့် အပေါင်လာ
ညီအစ်ကိုတို့ လမ်းညွှန်ပြမှုကြောင့် မဟာမြတ်မုနိ
ဘုရားကို ရှာဖွေတွေ့ရှိခဲ့ကြောင်း မန်းရာပြည့်ထုတ် မန္တလေးမဟာမြတ်မုနိဘုရားကြီး
သမိုင်းစာအုပ်တွင် ဖတ်ရှုရသည်။
တဖန်ယင်းစာအုပ်တွင်
မဟာမြတ်မုနိဘုရားကို ပြန်လည်ရှာဖွေတွေ့ရှိရာ ဒသရာဇာမင်းက
ဘုရားသိမ်တော်ကို မွမ်းမံပြင်ဆင်ခဲ့သည်။ ဘုရားကြီးတံခါးလေးရပ် အစောင့်အနေဆွမ်းတင်ပန်းကပ် မျက်နှာတော်သုတ်၊ တံခွန်ဆွဲ၊ တံမြတ်ခတ်၊ ကျီးစာခြောက်အလို့ငှာ ပြူ (၁၀၀၀)၊ ကုလား (၁၀၀၀)၊ တလိုင်း (၅၀၀)၊ ကမ်းယံ (၅၀၀)၊ မြုံ (၅၀၀)၊ ချင်း (၅၀၀) ပေါင်း လူ (၄၀၀၀) ကို အသီးသီးလယ်စားမြေနေထိုင်ရန် မြေပေးချတော်မူသည်ဟု ရေးသားထားသည်။ မန္တလေး မဟာမြတ်မုနိ ဘုရားကြီးသမိုင်းမှာ အရေးတော်ပုံ ငါးစောင်တွဲနှင့် ရခိုင်ရာဇဝင်တို့မှ မှီငြမ်းပြီးရေးသားထားရာ ရခိုင်ပြည်နယ်ရှိ မြုံလူမျိုးကို ရည်ညွှန်းကြောင်း သိသာထင်ရှားလှပေသည်။
မြုံလူမျိုးနှင့်ပတ်သက်၍ ရှင်မဟာရဌသာရ၏ စတုဓမ္မသာရ ကိုးခန်းပျို့တွင် အစောဆုံးရေးသား ဖော်ပြထားသည်။ ရှင်မဟာရဌသာရမှာ ရခိုင်ပြည်နယ်သို့ ရောက်ဖူးသူဖြစ်ရာ ရခိုင်ပြည်နယ်ရှိ ချင်းလင်း (လင်းကဲ) သက် မြုံလူမျိုးများကိုလည်း တွေ့မြင်ဖူးပေလိမ့်မည်။ ရှင်အဂ္ဂသမာဓိ၏ နေမိဘုံခန်းပျို့ရှင်မြတ် ခေါင်၏ သခင်ကြီးဧချင်း စိန္တကျော်သူဦးသြ၏ ကစိလက္ခဏာသတ်ပုံကျမ်း၊ ဒုတိယနဝဒေး၏ ရခိုင်နိုင်မော်ကွန်းမုံရွေးဆရာတော်၏ ပဉ္စဝုဓပျို့ မြဝတီမင်းကြီးဦးစ၏ စစ်ရတုမဟာဗန္ဓုလဘွဲ့၊ ကျည်းတန်ရှင်ကြီး၏ စွယ်စုံကျော်ထင် ကျမ်းတို့တွင်လည်း မြုံလူမျိုးအကြောင်းကို ကဗျာလင်္ကာ စပ်ဆိုထားကြောင်း အောက်တွင်ဖော်ပြပါမည်။
ချင်းလင်းသက်မြုံ ပတ်ခြုံရခိုင် ( ကိုး နိကုံး ၃ )
စောလီသထုံ ပြူမြုံလမြင် ကရင်ဓနု (
ဘုံ ၇၄ )
ဒါးဝယ်မြုံသက် တပက်လင်းချင်း (
သခင်ကြီး ၂၂ )
ကချင်နှင့် ဂုံ ပြူနှင့် မြုံ သထုံသည်ကလေး (
ကဝိ ၁၄၇ )
ယွန်းယိုးဒယား ကုလားသက် မြုံတဲ့ရုံ မကြွင်း ( ရခိုင်နိုင် ၃၃ )
ပြူနှင့် သထုံ ခုံသရဒံ တပသီမြုံ ( ဝု ၅၃ )
မြိုမြုံကျွန်းခြား သက်ကုလားကို (
စစ်ရတု ၁ )
သက်မင်းကတုံ မြိုမြုံမကျန် ကျွန်ချည်းမှန် (
စစ်ရတု ၂ )
ပသျှာပသျူ မြုံဓနုနှင့် ( မဟာဗန္ဓုလဘွဲ့ )
ရိပ်မြုံ ပြူမြုံ အနာမြုံ မိန်းမမြုံ ကြက်မြုံ ဘယ်သို့နည်း ( စွယ်စုံ ၆၃ )
အထက်ပါကောက်နုတ်ချက်များကို လေ့လာကြည့်လျှင် ရခိုင်နိုင်မော်ကွန်းတွင် ဟဲရုံ လူမျိုးကို တဲရုံ ဟုရေးသားထားသည်။ စွယ်စုံကျော်ထင်ကျမ်းတွင် မြုံကာရန် အမေးကို ဖြေကြားခြင်းမရှိပေ။ မြဝတီမင်းကြီး ဦးစမှာ စစ်သူကြီးမဟာဗန္ဓုလနှင့်အတူ ရခိုင်ပြည်နယ် ရှင်မဖြူ (ရှပူရီ) အရေးနှင့်ပတ်သက်၍ အင်္ဂလိပ်နှင့် စစ်ဖြစ်ပွါးရာတွင် အတူပါဝင်ခဲ့သည်။ ဦးစမှာ စစ်မြေပြင်တွင် ပါဝင်ခဲ့သူဖြစ်ရာ ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသား လူမျိုးများကို စစ်ချီရတုနှင့် မဟာဗန္ဓုလဘွဲ့တို့တွင် ထည်သွင်းရေးစပ်ခဲ့ခြင်းဖြစ်ပေသည်။
မြုံလူမျိုးကို မဟာပညာကျော်လျှောက်ထုံးတွင် အများဆုံးတွေ့ရသည်။ ယင်းခေတ်တွင်လည်း ရခိုင်ပြည်နယ်တွင် မြုံလူမျိုးများရှိကြောင်းကို အောက်ပါအတိုင်းလေ့လာတွေ့ရှိနိုင်သည်။
ရှေးဘေးလောင်းတော်မင်းများလက်ထက် မရိပ်ချောင်းညာနေမြုံဘိုးခေါင်သား အိုခေါင်သား အမျိုးတို့ ငြိမ်သက်စွာမနေ တစ်မြို့တစ်ရွာကိုသာ တိုက်ဖျက်၍ အစဉ်ပြုကျင့်ဆိုးသွမ်းသောကြောင့်
ထိုအရပ်က သင်းတို့ကိုခေါ်ပြီး ဘိုးတော်ဒသရာဇာမင်းက မာန်အောင်ကျွန်းသို့ ပို့ချတော်မူလေရာ
တစ်နှစ်ခန့်ရှိသောအခါ ထွက်ခွါလေ၍ ယိုးဒယားနှင့် ပဲခူတို့နှစ်ပြည်ကြားတွင် နေလေရာ မြုံကို
ထားဝယ်ဟု တွင်လေသည် ဟူ၍လည်းကောင်း၊
ညီတော်ကုလားတန်စားချစ်နှောင်းကိုလည်း
မြုံ သက် လင်းကဲ ချင်းချော် ခွေးမွေး လေးတူတဲစွ ချောင်းသားက တူးချုပ်လယော် သူတို့မျိုးနှင့်
ဘိုးခေါင်တောင် အရှေ့ဘက်ကျေးရွာသို့ ချီတက်စေသည် ဟူ၍လည်းကောင်း၊
တစ်ခါကတော်
သံတောင်စား ငစုံငယ်သည် မြုံတို့အရပ်ကလင်းကဲ မြုံသက်တို့နှင့် ပူပေါင်း၍ ခြား နားပြီးသော်
ဒါဂါမြို့စား ကောင်းညွန့်သူကို အလိုပြည့်လျင် ပြည်ပိုင်အမတ်ကြီးခန့်မည်ဟူ၍လည်းကောင်း၊
သားတော်သံတောင်စားအပါအဝင်
သက် လင်းကဲ မြုံ တို့အကြီးအခေါင်းများကိုလည်း အသက် မသတ် ကုသိုလ်တော်ရတနာပုံဘုရားမှာ
လှူတော်မူသည်ဟူ၍လည်းကောင်း၊
မင်းရာဇာကြီးလက်ထက်
ညီတော်မင်းစောလှကို စစ်တကောင်းမြို့စားပေးလေသည်။ တစ်နှစ်ရှိ လျှင် ကုလား ၁၂ မြို့ သက်မင်းကောင်းလှဖြူ
မြုံ လင်းကဲတို့နှင့် ပေါင်း၍ သောင်းကျန်းလေသော် သက္ကရာဇ် ၉၄၉ တွင် ပြည့်ရှင်မင်းကိုယ်တိုင်
ချီတော်မူလာသောအခါ စစ်တကောင်းစား မင်းစောလှမပြိုင်ဝံ့၍ ဝင်လေသည်ဟူ၍ ရေးသားထားသည်။ မြုံလူမျိုးမှာ
ရခိုင်ပြည်နယ်တွင် ချင်း လင်းကဲ သက်လူမျိုးများနှင့် အတူတကွနေထိုင်ကြသည်မှာ သေချာလှသည်။
စိန်သာထွန်း (မြောက်ဦး)
ဦးစိန်သာထွန်း
၁၂/ဗဟန(နိုင်)၀၂၀၆၀၉
တိုက်-၂၁ (ဃ)၊ စံပယ်ရိပ်သာ
ကာကွယ်ရေးဝန်ကြီးဌါန
နေပြည်တော်
စိန်သာထွန်း (မြောက်ဦး)
ဦးစိန်သာထွန်း
၁၂/ဗဟန(နိုင်)၀၂၀၆၀၉
တိုက်-၂၁ (ဃ)၊ စံပယ်ရိပ်သာ
ကာကွယ်ရေးဝန်ကြီးဌါန
နေပြည်တော်
No comments :
Post a Comment