Friday, January 10, 2014

မြိုခမိ သတင်းကောင်း ၂



မြို ခေါ် ခမိ ညီကိုယ်များအတွက် သတင်းကောင်း 

ရန်ကုန်ရှိ မြို ခေါ် ခမိ ပါတီခေါင်းဆောင်များမှ ဦးညှိလှထွန်း၊ ဦးစိန်သာထွန်း နှင့်ဦးမြထွန်းတို့သည် ရခိုင်ပြည်နယ် ကျောက်တော် မြောက်ဦး နှင့် ပလက်ဝမြို့နယ်များတွင် မြိုလူထု ဆန္ဒခံယူ ပွဲ အောင်မြင်စွာပြီးဆုံးကြောင်း သတင်းရရှိပါသည်။ ဆက်လက်ပြီး ပုဏ္ဏားကျွန် ပေါက်တော ဘူသီးတောင် နှင့် တစ်ခြားမြို့နယ်များသို့ မြိုလူထုဆန္ဒခံယူပွဲ လုပ်နေကြောင်း သိရပါတယ်။ တစ်ချို့ ခမိ အမည်ခံ မြိုလူမျိုးတွေဟာ မိမိတို့၏ သမိုင်းအမှန်ကိုသိလာကြသဖြင့် 90%မြိုလူမျိုး အမည်တစ်ခုတည်းခံကြဖို့ ဆုံးဖြတ်ကြကြောင်း
သိရပါသည်။ ဆန္ဒခံယူပွဲ ပြီးလျှင် မြို အမျိုးသားခေါင်းဆောင် ဝါရင့်နိုင်ငံရေး သမားကြီး ဦးကျော်ဇောလှ ဒရောင်ဆိန် အကြံပေးချက်အရ မြို အမည်တစ်ခုတည်းဖြင့် ပါတီသစ်ဖွဲ့ မှာဖြစ်ကြောင်း ကျောက်တော်မြို့ သတင်းစာရှင်းလင်းပွဲတွင် မြို ခေါ် ခမိပါတီ ခေါင်းဆောင်များ ဆွေးနွေးမှာဖြစ်ပါသည်။ နောက်ဆက်လက်ပြီး မြို နိုင်ငံရေးသတင်း တင်ပေးပါမည်။


ကီမာမြေ fb ပြန်လည်တင်ပို့သည်

1 comment :

  1. မြိုနှင့်ခမိ လူမျိုးတူတိုင်းရင်းသားညီအစ်ကိုမောင်နှမများအား ပ်ြန်လည်သွေးစည်းညီညွတ်ရေးအတွက် မြို နာမည်တမျိုးတည်း ( သို့) ခမိ နာမည်တမျိုးတည်းနှင့် စည်းရုံး၍ ရနိုင်မည်မဟုတ်ပေ ။
    ဘိုးဘွားဘီဘင်အဆက်ဆက်က ခံယူလာတဲ့ မြို (သို့) ခမိ ဟူသောလူမျိုးအမည်ကို နှစ်ဘက်စလုံးက ဥပေက္ခာပြု လျစ်လျူရှုကြမည် မဟုတ်ကြောင်းကိုလည်း သတိပြုကြစေလိုပါသည်

    ReplyDelete