Saturday, January 25, 2014

မြိုခမိ တိုင်းရင်းသား လူမျိုးများ၏ ရိုးရာယဉ်ကျေးမှုကို ထင်ဟပ်စေမည့် live show

Zin Kyi Kyi Khine's photo.Zin Kyi Kyi Khine's photo.

မြိုခမိ တိုင်းရင်းသား လူမျိုးများ၏ ရိုးရာယဉ်ကျေးမှုကို ထင်ဟပ်စေမည့် live show တစ်ခုကို 9-2-2014(Sunday) နေ့တွင် ရန်ကုန်မြို့ရှိ Excel Treasure Hotel ဆယ်လွှာတွင် ပြုလုပ်ကျင်းပမည် ဖြစ်ပါသည်။ မြိုခမိ တိုင်းရင်းသားများသည် ရခိုင်ပြည်နယ်တွင် မှီတင်းနေထိုင်သော ရှေးကျသော လူမျိုးတစ်မျိုးဖြစ်ကာ ကိုယ့်သမိုင်းနှင့်ကိုယ်နေထိုင်လာခဲ့သောလူမျိုးဖြစ်ပြီး မြန်မာနိုင်ငံ၏ လူမျိုး ၁၃၅ မျိုးထဲတွင်လဲ အပါအဝင် ဖြစ်ပါသည်။ ၄င်းလူမျိုးတို့၏ ဝတ်စားဆင်ယင်မှု ၊ ရိုးရာအက ၊ ရိုးရာသီချင်း ၊ခေတ်ပေါ်သီချင်း (owntune) များကို ထုတ်ဖေါ်ပြသ သီဆိုသွားမည့်
Ani Biera (အသင် ဘဲငါးရာ)liveshowကိုလေ့လာကြည့်ရှုကြပါရန် ဖိတ်ခေါ်အပ်ပါသည်။ရိုးရာမှု ချည်းမဟုတ်ဘဲ ရိုးရာ ဝတ်စုံများကို ဆန်းသစ်တီထွင်ထားသော ဒီဇိုင်းလန်းလန်း ဒီဇိုင်းဆန်းဆန်းများဖြင့် မြိုခမိ လှပျိုဖြူများ၏ ဖက်ရှင်ဒီဇိုင်းများကိုလဲ တွေ့မြင်ရမည် ဖြစ်ပါသည်။ထို့အပြင် ခေတ်ပေါ် Dancer အဖွဲ့အားဖြင့်လဲ အားဖြည့်ကူညီပေးထားပါသည်။((Dancer group ကို ဇင်ကြည်ကြည်ခိုင် ကိုယ်တိုင် ဦးဆောင်ပြီး ကကွက်များကိုလဲ ကိုယ်တိုင် ဖေါ်ထားတာဖြစ်ပြီး ကိုယ်တိုင်ဝင် က မည် ဖြစ်ကြောင်းလဲ သတင်းကောင်းပါးလိုက်ရပါသည်။သို့သော် Dancer အစစ်မဟုတ်သည့်အတွက် ဘာသင်တန်းမှလဲ မတက်ဖူးသည့်အတွက် ခြေလှုပ် ခေါင်းလှုပ်ရုံ သာလျှင် ထွက်လာမည်ဖြစ်ကြောင် ကြိုတင်ဝန်ခံအပ်ပါသည်။ :P)) live show နာမည်ကို Ani Biera (အသင် ဘဲငါးရာ) ဟုပေးထားခြင်းမှာ ရခိုင်ပြည်နယ်ရှိ သမိုင်းဝင် ဘဲငါးရာတောင်ကို အစွဲပြုပြီး ပေးထားခြင်းဖြစ်သည်။လာရောက်ကြည့်ရှုလိုသူများ ဝင်ကြေး (၅၀၀၀) ကျပ်ဖြင့် မည်သူမဆို လွတ်လပ်စွာ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ သတင်းယူမည့် မီဒီယာ များအားလည်း ဖိတ်ခေါ်အပ်ပါသည်။ဖေဖေါ်ဝါရီ ၁ ရက်သို့မဟုတ် ၂ ရက် နေ့တွင်လည်း live show နဲ့ပတ်သက်ပြီး ဂျာနယ်လစ်များရုံး တွင် ဇာနယ်ဇင်းမိတ်ဆက်ပွဲတစ်ရပ်ပြုလုပ်သွားမည် ဖြစ်ပါသည်။MRTV-4 နှင့်CHANNEL 7 တို့မှလည်း လာရောက်ရိုက်ကူးမည် ဖြစ်ပြီး Sky Net မှာလဲ တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည်ဟု သိရပါသည်။



Zin kyi kyi khine fb မှ တင်ပို့သည် 

No comments :

Post a Comment