Tuesday, May 20, 2014

မြို တိုင်းရင်းများ ပေါင်းစည်းညီညွတ်ရေးအတွက် တွေ့ ဆုံ.

၁၈-၅-၂၀၁၅ ရက်နေ့ တွင် မြောက်ဦးမြို့ နယ် ဘောက္ကံချောင်းကျးရွာတွင်(၁၀)မြို့ မှ
မြို တိုင်းရင်းများ ပေါင်းစည်းညီညွတ်ရေးအတွက် တွေ့ ဆုံ..........

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
၁၈-၅-၂၀၁၅ ရက်နေ့ တွင် မြောက်ဦးမြို့ နယ် ဘောက္ကံချောင်းကျးရွာတွင်(၁၀)မြို့ မှ
မြို တိုင်းရင်းများ ပေါင်းစည်းညီညွတ်ရေးအတွက် တွေ့ ဆုံ.ခဲ့ရာ မြို့ နယ်(၁၀)မြို့ နယ်များမှ ဗဟိုကော်မတီဝင်များ၊ မြို့ နယ်ကော်မတီဝင်များနှင့်(၁၀)မြို့ နယ်မှာ
မြိုတိုင်းရင်းသားလူထုအင်အား(၁၇၉၂)ဦး တိတိတက်ရောက်ခဲ့ကြောင်း
(၁၀) မြို့ နယ်များမှ ရောက်ရှိလာကြသော လူထုဆန္ဒ နှင့် ဗဟိုကော်မတီဝင်များ၏သည် သဘောတူညီချက် အချက်(၃)ချက်အား အဓိကထား ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်း၊
(၁) လက်ရှိ ဗဟိုကော်မတီအဖွဲ့ ဝင်များ လူအင်အား အသစ်ဖြင့် ဖြည့်တင်း ဖွဲ့ စည်းရန်
(၂) မြို(ခေါ်)ခမိ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီမှ မြိုအမျိုးသားဖွံ့ ဖြိုးတိုးတက်ရေးပါတီ သို့  ပြောင်းလဲဖွဲ့ စည်းနိုင်ရန်
(၃) ပါတီ မူဝါဒများရေးဆွဲပြီး ရွေးကောက်ပွဲ ကော်မရှင်သို့ ပြန်လည် တင်ပြနိုင်ရန် အတွက်မေလကုန်ပိုင်းမတိုင်မီ ဗဟိုကော်မတီသို့  အဆိုတင်သွင်းပေးရန် ဗဟိုကော်မတီဝင်များ က ပြောဆိုခဲ့ကြောင်း၊ ပေါင်းစည်းညီညွတ်ရေးအတွက် (၁၀)မြို့ နယ်များသည် ဖားကန့် ၊ ရန်ကုန်၊ အမ်း၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပလက်ဝ၊ မြောက်ဦး၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်မြို့ နယ်များဖြစ်ကြောင်း၊ တက်ရောက်လာကြသော(၁၇၉၂)ဦး၏ လူထုဆန္ဒသဘောတူညီချက်များအရ မြိုခမိ လူမျိုးတို့ သည် လူမျိုးတစ်မျိုးတည်းဖြစ်သည့်အပြင် တသွေးတသားတည်းဖြစ်သည်ဟု ဟုလည်း အစည်းအဝေးသို့ ရောက်လာသူများက ပြောဆိုခဲ့ကြောင်း ဗဟိုကော်မတီဝင်များဖြစ်သည့် မြောက်ဦးမြို့ နယ်မှ ဦးစံထွန်း၊ ဦးလာဘွေ(ဗဟိုကော်မတီဝင်) ကျောက်တော်မြီု့ နယ်မှ ဦးကျော်မင်း၊ ဦးကျော်ထွန်းခိုင်၊ ပလက်ဝမြို့ နယ်မှ မြို့ နယ်ကော်မတီဝင် ဦးဝါးမာတို့ နှင့် မြို့ နယ်အသီးသီးမှ မြို့ နယ်ကော်မတီဝင်များလည်း တက်ရောက်ဆွေးနွေး သဘောတူညီခဲ့ကြသည်ဟု သိရကြောင်း။ ယခုဆွေးနွေးဆုံးဖြတ်ချက်များ ပြီးဆုံးပါက သတင်းစာရှင်းလင်းပွဲကိုလည်း ဇွန်လ တွင် ပြုလုပ်မည်ဟုလည်း အစည်းအဝေး တွေ့ ဆုံဆွေးနွေးပွဲသို့ တက်ရောက်လာသည့် မြို့ နယ် ကော်မတီဝင်တစ်ဦးမှလည်း ပြောဆိုခဲ့ကြောင်း။

ကီမာမြေ fb မှ ပြန်လည် ဖော်ပြသည်။




No comments :

Post a Comment