မြိုခမိစာပေ
ပဒေသာပင်စိုက်ထူရန်လိုအပ်ခြင်း
“ပဒေသာပင်” ဟူသည် ဆွတ်းခူး၍ မကုန်နိုင်ကြဟု ဆိုကြသည်။
သတင်းစာ၊ ဂျာနယ်များတွင် ပခုက္ကူဦးအုန်းဖေ၏ တသက်တာစာပေဆုဖေါင်ဒေးရှင်း၊
ရုပ်ရှင်သရုပ်ဆောင်
ကျော်သူ၏
နာရေးဖေါင်ဒေးရှင်း၊
ရုပ်ရှင်သရုပ်ဆောင်ပြေတီဦး၏
ပညာရေးဝန်ဆောင်မှုဖေါင်းဒေးရှင်း
စသည်ဖြင့်ကြားဖူးကြမည်ထင်ပါသည်။
ထိုပုဂ္ဂိုလ်တို့ကား မြင့်မြတ်သော နှလုံးသားပိုင်ရှင်များဖြစ်ကြ၏။
ထိုပုဂ္ဂိုလ်တို့
လွန်ပြီးသော်လည်း
“မျိုးဆက်သစ်”
များက
ဆက်လက်ထိန်းသိမ်း
အကျိုးဆောင်နေကြမည်
ဖြစ်ပေသည်။
လူသေသွားသော်လည်း
နာမည်ကားသေသွားကြမည်မဟုတ်ပေ။
မြိုခမိတို့မှာ ဆင်းရဲမွဲတေကြပါသည်။ ရှိသူများကလည်း လူမှုရေးလုပ်ငန်း၊ စာပေလုပ်ငန်းတို့၌ ရက်ရောစွာပေးကမ်းကြသူများ
မရှိကြသေးပါ။
မည်သည့်လုပ်ငန်း၊
မည်သည့်အရာမျှ
အဖိုးအခမပေးဘဲ
အလကားရသည်မရှိပါ။
မည်သည့်အရာဖြစ်စေ
ပစ္စည်းစာရင်းအမြစ်များ
ရင်းနှီးပြီးမှ
အချိန်များစွာယူပြီးမှ
အောင်မြင်မှုကို
ရရှိကြခြင်းဖြစ်ပေသည်။
မြန်မာစာပေသည်လည်း လူ့အရင်းမြစ်များ နှစ်ပေါင်း (၁၀၀၀) ကျော် ရင်းနှီးပြီးမှ အချိန်များစွာယူပြီးမှ
ပညာရှင်အဆက်ဆက်တို့ ကြိုးစားလုပ်ဆောင်ခဲ့ကြရသည်။ ဤနေ့ထိ မြန်မာစာပေလုပ်ငန်း ပြီးဆုံးသွားပြီ ဟူ၍မရှိပါ။
မနေ့တနေ့က မြိုခမိစာပေက ဆိုဘွယ်မရှိပြီ။ မြိုခမိစာပေကော်မတီ အနေဖြင့် အစီစဉ်ရေးဆွဲခြင်း ဆရာ၊ ဆရာမများမွေးထုတ်ခြင်း
သင်ရိုးပြုစုခြင်း၊
စာအုပ်စာပေများ
ထုတ်ဝေခြင်း၊
အဘိဓါန်
ပြုစုခြင်း၊
စာရေးနည်း
လမ်းညွှန်ပြုစုခြင်း၊
သုတေသနပြုခြင်း၊
သင်ကြားသင်ယူမှုများပြုလုပ်ခြင်း
တို့ကိုဆောင်ရွက်လျက်ရှိပါသည်။
သို့သော်လည်း တစ်ချို့…တစ်ချို့ ပုဂ္ဂိုလ်များအမြင်မမှန်ခြင်း၊
ဝိရောဓိအသွင်ဆောင်နေသည်က
မည်သူ့ကိုမျှအပြစ်
မတင်လိုပါ။
လုပ်ဆောင်မှုတိုင်း၊
နေရာတိုင်းမှာ
ရှိလေ့
ရှိထသော
မိမိတို့မြိုခမိတို့၏
“ဗီဇဆိုး”
(Bad Habit) တစ်ခုပေလောဟု
တွေးတောဆင်ခြင်မိခြင်းသာဖြစ်ပါသည်။
မည်သို့သော အခြေအနေတွင်ဖြစ်စေ၊ ဤတစ်ခေါက် စာပေဥက္ကဌနှင့် အဖွဲ့ ရတနာမြေ (ဖါးကန့်) သို့ လာရောက်ရခြင်း အဓိကမျှော်မှန်းချက်မှာ
မြင့်မြတ်သောနှလုံးသားပိုင်ရှင်များ
ဖြစ်ကြသည့်
မိမိတို့အမျိုးသားများအနေဖြင့်
မြိုခမိစာပေ
ပဒေသာပင်
(ဖေါင်ဒေးရှင်း)
တစ်ခု
ပေါင်းစုပြီး
ပေါ်ပေါက်နိုင်ရေး
“မျှော်လင့်ချက်”
ပင်
ဖြစ်ပါသည်။
မြိုခမိတို့အောင်နိုင်ခြင်း
(ဝါ)
ဂုဏ်ယူစရာမှတ်တိုင်
ရတနာမြေစာပေခရီးတွင် မြိုခမိတို့ အောင်နိုင်ခြင်း (ဝါ) ဂုဏ်ယူစရာမှတ်တိုင် (နှစ်) ရပ်ကို တွေ့ရသည်။
၁။
ဖါးကန့်ဒေသ
မြိုခမိနာရေးအသင်းရပ်တည်ရှိနေခြင်း
မြိုခမိနာရေးအသင်းဥက္ကဌ၏ဖိတ်ကြားချက်အရ၊
မြိုခမိနာရေးအသင်းအဆောက်အဦးသစ်
(မှော်စီစာ)
သို့တက်ရောက်ခဲ့ကြ၏။
ဤအဆောက်အဦးမှာ
ယခင်
‘တောင်ပြို’
အရပ်မှ
ပြောင်းရွှေ့ဆောက်ခြင်းဟုသိရသည်။
သိန်းနှစ်ဆယ်ကျော်ကုန်ကျမည်ဟု
ခန့်မှန်းရသည်။
ကိုယ်နှင့်စပ်ဆိုင်သူမိမိတို့မြိုခမိများကို
ကူညီရိုင်းပင်းနိုင်ကြရန်ဟု
နာရေးဥက္ကဌ
ဦးဇော်ဇော်မှ
ရှင်းပြသည်။
မြိုခမိတို့အများစုနေထိုင်ရာ၊
ခေါင်းဆောင်ကြီးများရှိရာ
ရခိုင်ဒေသ၌
အိမ်မက်ပင်မမက်ခဲ့သည့်
အရာများကို
ဖါးကန့််ရှိမြိုခမိတို့သည်
ယုံကြည်ကိုးကွယ်မှုမခွဲ၊
ဒေသမခြား၊
ဂိုဏ်းဂဏမစွဲ၊
လူတန်းစာမခွဲခြားဘဲ
ဤကဲ့သို့
မြိုခမိစည်းလုံးညီညွတ်မှုကို
ဖော်ဆောင်နိုင်ခြင်းသည်
မြိုခမိတို့အောင်နိုင်ခြင်း
(သို့)
ဂုဏ်ယူစရာမှတ်တိုင်
တစ်ခုကို
စိုက်ထူခြင်း
ဖြစ်ပေသည်။
စဉ်ဆက်မပြတ်
ရပ်တည်နိုင်ရန်မှာ
“ရှင်သန်သော
ခေါင်းဆောင်များ”
ရှိရမည်ဖြစ်သကဲ့သို့
တက်ကြွသော
နောက်လိုက်ကောင်းများလည်းလိုအပ်ပေသည်။
၂။
ယုံကြည်သူများ
မိတ်သဟာယရှိနေခြင်း
ရတနာမြေရှိ မြိုခမိယုံကြည်သူများသည်
အမှိုက်ပုံ
(လေညှင်းသာ)
ရှိဦးထွန်းလှ၊
ဒေါ်မြခိုင်တို့
နေအိမ်၌
ခရစ်ယာန်
ဂိုဏ်းပေါင်းစုံမိတ်
သဟာယဝတ်ပြုခြင်းနှင့်
မိတ်သဟာယအမှုတော်ဆောင်
ရွေးကောင်ခြင်း
အခမ်းအနားကို
(၂၀.၂.၂၀၁၁) နေ့ ခရစ်တော်နာမ၌ ပြုလုပ်ခဲ့ကြပါသည်။
“ဘုရားသခင်သည် ယေရှူခရစ်အားဖြင့် ငါတို့၏ ရန်ကို ငြိမ်းစေ၍ ကိုယ်တော်နှင့် မိတ်သဟာယဖွဲ့စေတော်မှု၏။” (၂ကော၅း၁)
မိတ်သဟာယဟူသည် မိတ်ဆွေဖွဲ့ခြင်း၊ ရန်ငြိမ်းစေခြင်း သဘောကို သက်ရောက်စေသည်။ “ယေရှူခရစ်၌ ယုဒလူမရှိ၊ ဟေလသလူမရှိ၊ ကျွန်မရှိ၊ လူလွတ်မရှိ၊ ယောကျာင်္းမရှိ၊ မိန်းမ မရှိ။ ထိုသခင်၌ သင်တို့အပေါင်းသည် တစ်လုံးတစ်ဝတည်းဖြစ်ကြ၏” (ဂလာတိ ၃း၂၈)
ဘာသာယုံကြည်ကိုးကွယ်မှုမှာ
ချည်နှောင်ခြင်း၊
တစ်စုံတစ်ခုသော
ကျေးကျွန်ဖြစ်ခြင်း
မဖြစ်စေရပါ။
မြိုခမိတွေက
ကျွန်စိတ်ရှိနေ၏။
- မိမိတို့ မြိုခမိဖြစ်ရခြင်းမှာ
ဘဝကုသိုလ်ကံမကောင်း၍
ခံယူကြခြင်း၊
ရှက်ကြောက်ခြင်း
- မိမိတို့ဘာသာစကားကို မပြောကြခြင်း
- ပုဂ္ဂိုလ်စွဲ၊ ဆရာစွဲ၊ ဂိုဏ်းဂဏစွဲ၊ ဒေသစွဲ ရှိနေခြင်း
- အသင်းတော်၌ ကွဲပြားကြခြင်း၊ ခွဲခြားခြင်း….များသည် ကျွန်စိတ်များဖြစ်ကြ၏။
ထိုအမှုများမှ
လွတ်မြောက်ပြီဆိုလျှင်
ကျိန်ခြင်း
အမင်္ဂလာမှ
ကင်းလွတ်ပြီးကောင်းကြီးခံစားကြရမည်
ဧကန်မလွှဲပါ။
မိမိကိုယ်ကိုဆန်းစစ်ခြင်း
လူတိုင်းမှာ ရည်မှန်းချက်ပန်းတိုင်ရှိကြ၏။
`ပစ်မှတ်’
မလွှဲချော်ရန်
မိမိကိုယ်ကိုဆန်းစစ်ရန် လိုအပ်သည်။
- ငါ…ရောက်လိုသော ပန်းတိုင်က ဘာလဲ…
- ငါ…ဒီနေ့ဘယ်နေရာ၊ ဘယ်အတိုင်းအတာထိရောက်နေပြီလဲ….
- ငါ…ရှေ့ဆက်ဘာလုပ်ရမည်လဲ
ကျွန်တော်ထင်ပါသည်။ ဤနေ့ဖါးကန့် ဒေသသို့ရောက်ရှိသော မြိုခမိတိုင်းက ကျောက်စိမ်းရရှိပြီး ချမ်းသာကြွယ်ဝကြရန်မဟုတ်ပါလား။
လောပန်းကြီးတစ်ဦးဖြစ်ခဲ့လျှင်
မိမိဘဝ
မိသားစုသာမက
မြိုခမိများ၏
လိုအပ်သော
နေရာ၌
ကူညီနိုင်ကြမည်ဖြစ်သည်။
ထိုသို့ဖြစ်လာရန်မှာ
-
1. မိမိလျှောက်သောလမ်း (ပန်းတိုင်) မပျောက်စေရန်။
2. တစ်နေ့ရောက်ရမည်ဟူသော
မိမိကိုယ်ကိုယုံကြည်မှု
(Self-Confident) ရှိရန်။
3. ရောက်မည့် (အောင်မြင်မှု) ရရှိမည့် အချိန်ကို တာရှည်၊ သည်းခံ၊ ဇွဲရှိရန်လိုအပ်ပါသည်။
ထိုအရာများအပြင် အရေးကြီးဆုံးက “တောင်” သုံးလုံးကို ကျော်လွှားနိုင်ရမည်ဖြစ်ပါသည်။
1.
မကောင်းသော(အစာမဟုတ်သော)အစာကို စားမိခြင်းတောင်တစ်လုံး
2.
မကောင်းသော
မိန်းမပျက်ကိုလိုက်စာခြင်းတောင်တစ်လုံး
3.
မတော်မတရားသော
လောဘတောင်တစ်လုံး
ထိုမည်သော
“တောင်” များကို လုံးဝဥသုံ ကျော်လွှားနိုင်ပြီဆိုပါက သင်လိုသော “ပန်းတိုင်” သို့ မုချမသွေရောက်နိုင်မည်
ဖြစ်ပါသည်။ ဤနေရာတွင် စာရေးဆရာကြီး ကြည်မင်း၏ ‘စာချိုး’ ဖြင့် အားပေးလိုပါသည်။
“တောင်ခြေရင်းမှာ
ရပ်လို့သာ
ထိပ်ဆီငေးနေတာ
ဘယ်သောအခါ
ရောက်မှာလဲ
မင်းက
မကြိုးစားပဲ။ ။”
ဖါးကန့်ဒေသမြိုခမိများ၏ အာတီကျူး
(Attitude)
မြိုခမိစာပေ အလုပ်ရုံဆွေးနွေးပွဲမှ ရလဒ်ကား-
မြိုခမိစာပေနှင့်
ယဉ်ကျေးမှုလုပ်ငန်းအတွက်မရှိမဖြစ် ကွန်ပျူတာဝယ်ရန် လိုအပ်သောငွေ (တစ်ဆယ့်တစ်သိန်း)
ကျော်ကို စာရေးတံမဟုတ်ဘဲ ရင်မှ စေတနာကိုယ်စီဖြင့် ပါဝင်ကူညီပေးခဲ့ကြပါသည်။ ကြွယ်ဝသောစေတနာများထား၍
ကျွေးမွေးပြုစုပေးကြပါသည်။
ထိုသို့ပါဝင်ကူညီပေးကြခြင်း၊
လိုလေသေးမရှိ ပြုစုကျွေးမွေးကြခြင်းမှာ ပုဂ္ဂိုလ်ခင်၍၊ ဆွေမျိုးနီးစပ်၍ ဆိုသည်ထက် စာပေသည်လူမျိုး၊
လူမျိုးသည်စာပေ။ မြိုခမိစကားသည် တို့စကား၊ မြိုလည်းခမိ၊ ခမိလည်း မြိုဟူ၍ နားလည်သဘောပေါက်စွာဖြင့်
ခံယူကြ၍ ဖြစ်ပေလိမ့်မည်။ ဤကဲ့သို့ မြင့်မြတ်သော မျိုးချစ်စိတ်နေသဘောထား (Attitude)
များကို လေးစားဂုဏ်ယူရပါသည်။ ပီတိဖြစ်ရပါသည်။ ကျေးဇူးတင်ရပါသည်။ တစိမ့်စိမ့်တွေး၍ ဂုဏ်ယူရပါ၏။
ရင်မှထွက်လာ နုတ်ဆက်စကား
စာပေကော်မတီနှင့်
ဖါးကန့်မှော်အသီးသီးမှ မြိုခမိတို့သည် (၄.၃.၂၀၁၁) အမှိုက်ပုံ (သရက်ကုန်း) ဌါန၌ ဂုဏ်ပြုနုတ်ဆက်ညစာစားပွဲ
တစ်ရပ်ကို ပြုလုပ်ခဲ့ကြပါသည်။
မြိုခမိစာပေဥက္ကဌ
ဆရာထင်းအောင်မှ ရင်မှခံစားနှုတ်ဆက် စကားကို ဤသို့မျှဝေပေးခဲ့ပါသည်။ “အကြင်အလုပ်တစ်ခု၏
ရလဒ်သည် စစ်ကိုလည်းအားမပေး၊ ရွှေ၊ ငွေ၊ ရတနာကိုလည်း အဓိကမပြု။ လူတန်းစား ခွဲခြားခြင်းကိုလည်းမမှုဘဲ
အတ္တနှင့် ပရဟိတ အကျိုးကိုတစ်ပြိုင်တည်းရစေသော ကောင်းကျိုးကား မိမိတို့အမျိုးဘာသာစာပေနှင့်
ယဉ်ကျေးမှု၌ ပါဝင်ပေးကြခြင်းပေတည်။”
“မြိုခမိပုံပြင်၌
ညီမ၏အေးမြသော နှင်းဝတ်ရည်ဖြန်းဆွတ်ပေးမှ ‘မောင်တော်သဇင်ပန်း’
လှပဝေဆာပွင့်ဖူးလာရသည်။ ထို့အတူ မြိုခမိစာပေပန်းသည်လည်း မိမိတို့ မြိုခမိမျိုးနွယ်
တို့ကို အမှီသဟဲ ပြုပြီးမှသာ ပွင့်ဖူးဝေဆာ လှပနေမည်ပင်…”
“ရစ်ပတ်တွယ်တက်နေသော
နွယ်ပင်ကလေးတစ်ပင်.. ဒေါဟုန်ပြင်းပြသောနွေဒဏ်ကြောင့် ခွေလိပ်ပြတ်တောက်သွားရ၏။ ဒေါသပြည့်လျှံ၊
မလိုတမာပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကြောင့်” ဤမြိုခမိစာပေ အဆောက်အဦးကြီး မပြိုမပျက်ရပါစေသတည်း။”
တူညီသော
ဦးတည်ချက်၊ တူညီသော ပန်းတိုင်သို့…တစ်စုတစ်ရုံးတည်း သွားကြပါစို့။
ထင်းအောင် (ကျောက်တော်)
ပြောင်းတင်လမ်းက ဝေဒနာနှင့် အခြားရသစာစုများမှ
No comments :
Post a Comment