၃တန်းနဲ့ပြိုင် ဘယ်သူနိုင်
------------------------
ကျောင်းသားလေးတစ်ယောက်ကို သူ.အမေက ကျောင်းလာအပ်တယ် … သူ.သားက အရမ်းတော်လွန်း၊ ဥာဏ်ထက်လွန်းလို့
သူငယ်တန်းကနေ စမတက်ဘဲ သုံးတန်းကနေ ထားပေးပါလို့ တောင်းဆိုတယ်တဲ့ … အဲဒါနဲ့ကျောင်းအုပ်ဆရာကြီးကလည်း စာမေးတာပေါ့ …
ကျောင်းအုပ်။ ။ ငါး .. ငါးလီ …
ကျောင်းသား ။ ။ နှစ်ဆယ့်ငါး
ကျောင်းအုပ်။ ။ သုံး .. သုံးလီ ..
ကျောင်းသား ။ ။ ကိုး
ကျောင်းအုပ်။ ။ ကိုး … ကိုးလီ ..
ကျောင်းသား။ ။ ရှစ်ဆယ့်တစ်
ကျောင်းအုပ်။ ။ တော်လိုက်တဲ့ ကလေး .. ကဲ .. သွားကွာ .. သုံးတန်း …
ဒါပေမဲ့ .. သုံးတန်းဆရာမက ကဲ ဒီအတိုင်းတော့ မရဘူး … ငါလဲ မေးဦးမယ်ဆိုပြီး စစ်ပါလေရောတဲ့ ….
ဆရာမ > ဆီမပါ၊ ပျားမပါ၊ ကောင်းလိုက်တဲ့အရသာ၊ ပေါင်ကြားထဲကဟာ အဲတာဘာတုန်း သားသိလား
ကျောင်းသား> နွားနို့ပါဆရာမ
ဆရာမ> အင်း အဲဒီ နွားမမှာ ၄ခုပါပြီး ဆရာမမှာ ၂ခုပဲ ပါတာ ဘာလဲ သိလားသား
ကျောင်းသား> ခြေထောက်ပါ ဆရာမ
ဆရာမ> အင်း နောက်ဆုံးမေးခွန်းမေးမယ် သားဘောင်းဘီထဲမှာ ၂လုံးပါပြီး၊ ဆရာမလုံခြည်ထဲမှာ တစ်လုံးမှ မပါတာ ဘာလဲ။
ကျောင်းသား> ဘောင်းဘီအိပ်ထောင်ပါဆရာမ။
ဆရာမ> အင်း သားအဖြေတွေမှန်တယ်။ ကဲ ဆရာကြီး ၃တန်းကို ထားလို့ရပါပြီနော်
ကျောင်းအုပ်>> နေ...နေ ဆရာမ ၃တန်းမှာ မထားနဲ့ ကျနော် သူ့ကို အလယ်တန်းကျောင်း ပြောင်းအပ်ပေးမယ်။ ဆရာမမေးခွန်းတွေ ကျနော်ဖြေတာ တစ်ခုမှ မမှန်ဘူး....

ချစ်စရာကောင်းသော ချစ်သူ
ချစ်သူနှစ်ယောက် အလွန်သာယာသော လယ်ကွင်းပြင်သို့ လက်တွဲ၍ လမ်းလျှောက်လာကြသည်။ လမ်းတွင် နွားမကြီးက နွားကလေးလေးအား နမ်းနေသည်ကို တွေ့ကြသောအခါ ကောင်လေးက ကောင်မလေးအား ပြောလိုက်သည် “အချစ်ရယ် ကြည့်စမ်း ဟိုမှာ နွားမကြီးက နွားကလေးကို နမ်းနေတာ ဘယ်လောက် အားကျစရာကောင်းလဲ ကိုယ်လဲ အဲ့လိုနမ်းချင်လိုက်တာ” ကောင်မလေးပြန်ပြောလိုက်သည်မှာ “မောင် နမ်းချင် သွားနမ်းလေ ချစ် ဒီကစောင့်နေမယ်” ဟုသတည်း။
No comments :
Post a Comment