Saturday, March 30, 2013

နိုင်ငံရေးဆိုတာ ဘာလဲတဲ့


ဖေဖေ ၊ သားကျောင်းစာကို ကူပါဦး ၊ နိုင်ငံရေးဆိုတာ ဘာလဲတဲ့ "
မောင်ဖြူစင်က သူ့ဖခင်အား အကူအညီတောင်းလိုက်သည်။
ဖခင်က…" အေး သားသားသဘောက်ပေါက်အောင် အတိုချုပ်ရှင်းပြမယ်၊


ဖေဖေက ပိုက်ဆံရှာပြီး အိမ်ယူလာတယ်၊ ဖေဖေ့ကို အရင်းရှင်လို့ ခေါ်နိုင်တယ်။
သားမေမေက ဒီပိုက်ဆံတွေကို စနစ်တကျ စီမီခန့်ခွဲပြီးသုံးစွဲတယ်။
ဒါ့ကြောင့် သားမေမေကို အစိုးရလို့ခေါ်နိုင်တယ်။ ဖေဖေတို့က
သားကိုပြုစုစောင့်ရှောက်တယ်၊ ဒါ့ကြောင့် သားကို ပြည်သူလို့ခေါ်ရမယ်၊
သားရဲ့ ညီလေးကိုကြတော့ အနာဂတ်လို့ခေါ်ရမယ်၊ ရှင်းရဲ့လားသား ဒါဟာ
နိုင်ငံရေးပဲ "

အဲဒီလိုနဲ့ ညလယ်သန်းခေါင်းယံအချိန်တွင် မောင်ဖြူစင်လေးသည်
ကလေးငိုသံကြားသဖြင့် သွားကြည့်ရာ သူ၏ညီလေးမှာ အနှီးထဲတွင်
အညစ်အကြေးများ(ချီး) ပေကျံနေသည်ကို တွေ့ရသည်။

အဲဒါနဲ့ သူဟာ သူ့အဖေ နဲ့ အမေအိမ်ခန်းသို့တခါးဖွင့်ဝင်ကြည့်ရာ
မိခင်တစ်ယောက်တည်း အိပ်မောကျနေသည်ကို တွေ့လိုက်ရတယ်။
ဒါနဲ့ မောင်ဖြူစင်လေးဟာ မိခင်ကိုလှုပ်နိုးသော်လည်း မနိုးသဖြင့်
အိမ်ဖော်မလေးရဲ့ အခန်းကိုဝင်ကြည့်ရာ အိမ်ဖော်နှင့်အတူ ဖက်လျက်အိပ်နေသော
ဖခင်ကိုတွေ့လိုက်ရတယ်။ ဒီလိုနဲ့ မောင်ဖြူစင်လေးဟာ ဒေါသထွက်ပြီး
အိပ်ခန်းသို့ ပြန်သွားလေသည်။

နောက်တစ်နေ့ နံနက်ကျောင်းသို့ရောက်သည့်အခါမှာ ….
" ဆရာမ ကျနော် နိုင်ငံရေးအကြောင်း နားလည်ပြီလို့ ထင်ပါတယ် "
" မောင်ဖြူစင်ရယ် ၊ တော်လိုက်တဲ့ကလေးလေးကွယ်၊ တစ်တန်းလုံးသိအောင် ရှင်းပြပါကွယ်"
ဒီလိုနဲ့ မောင်ဖြူစင်လေးဟာ နိုင်ငံရေးအကြောင်းကို ဆရာမနှင့် သူ့အခန်းဖော်
သူငယ်ချင်းစာသင်သားတွေကိုပြောပြလိုက်တာက…။


" အလုပ်သမားလူတန်းစားဟာ အရင်းရှင်နဲ့ ဖောက်ပြန်နေတယ်၊ အစိုးရကတော့ အိပ်နေ

တာပဲ၊ ပြည်သူကို လုံးဝ ပစ်ထားတယ်၊ အနာဂါတ်ဟာလဲ ညစ်ပတ်နံစော်နေတာပဲ "
.................................................

 ဟိုက် .. လူမှားပြီ

                   မြို.တစ်မြို.တွင် ရုပ်ဖျက်ပြီးမျက်နှာဖုံးစွပ် ကရသော ပါတီပွဲသို. မိန်းမ ဖြစ်သူ ခေါင်းကိုက်နေသဖြင့်
မလိုက်နိုင်တော့ဘဲ ယောက်ျားဖြစ်သူကို သူ.ဘာသာသူ သွားရန်ပြောသည် ။
                   ထို.နောက် မိန်းမ ဖြစ်သူက ခေါင်းကိုက်သက်သာလာသဖြင့် ပါတီပွဲသို. အ၀တ်စားလဲပြီး လိုက်သွားလေသည် ။
ထို ၀တ်စုံကို ယောက်ျားအနေဖြင့် တခါမှ မမြင်ဖူးပေ ။ ပါတီပွဲ ရောက်တော့ သူ.ယောက်ျားမှာ မိန်းမ တစ်ယောက်နဲ့
တွဲကလျက်ပျော်ရွင်နေသည်ကို တွေ.ရလေသည်။
                   သို.နှင့် သူ. ယောက်ျားထံသွားပြီး အနားကပ်ရ်ျ တိုးတိုးလေးပြောလိုက်ရာ သူ. ယောက်ျားက သူ နှင့်ပင်
အချိန်တော်တော် ကြာတွဲကတော့သည်။
ထို.နောက် သူ.ယောက်ျားအား ပန်းခြံထဲခေါ်လာရာ နှစ်ယောက်သား ကြည့်နူးလျက်ရှိကြသည် ။ ညသန်းခေါင်ရောက်လျှင်
လူအားလုံး မျက်နှာဖုံးတွေချွတ်ရသဖြင့် မိန်းမ ဖြစ်သူမှာ ထိုအချိန်မတိုင်ခင် အိမ်ပြန်လာခဲ့သည်။ သူ.ယောက်ျားဖြစ်သူမှာ
မနက်သုံးနာရီထိ အိမ်ပြန်မလာသေးပေ ။ မိုးလင်းခါနီးမှ ယောက်ျားဖြစ်သူ ပြန်လာရာ မိန်းမ က မေးလိုက်သည်။
                
                  " ဘယ့်နှယ့်လဲ ပါတီပွဲက တော်တော် ပျော်စရာကောင်းရဲ့လား ။ "
                  " ပျင်းစရာကြီးပါကွာ "
                  " ရှင် မက ခဲ့ဘူးလား "
                  " တကယ်ပြောရမယ်ဆိုရင်ကွာ ၊ ပါတီရောက်သွားတော့ ပီတာ ၊ ဘီလ် ၊ ဖရက် တို. နဲ့ သွားတွေ.တာနဲ့
မြေအောက်ခန်းထဲသွားပြီး ဖဲကစားနေကြတာကွ "
                 
                  " ဟုတ်တယ်လေ ၊ အင်္ကျီ အ၀တ်အစားနဲ့ မျက်နှာဖုံးကိုတောင် ဂျက် ကိုပေးလိုက်တယ် ။
                     ဂျက် ကတော့ ပြောတယ်ကွ ၊ သူ. ဘ၀ မှာ အပျော်ဆုံးပါတီပွဲ ပဲတဲ့ "

...................................................

 
 တော်သေးတာပေါ့
 
လင်မယားနှစ်ယောက်တွင် သားလေးယောက်ရှိသည်။ ထူးဆန်းသည်မှာ
အကြီးသုံးယောက်မှာ ဆံပင်နီနီ၊ အသားလတ်လတ်၊ အရပ်မြင့်မြင့်ဖြစ်သည်။
အငယ်ဆုံးမှာ ဆံပင်နက်နက်နှင့် အရပ် ပုပုဖြစ်သည်။ ဖခင်ဖြစ်သူသည်
နောက်ဆုံးတွင် မကျန်းမမာဖြစ်ပြီး သေလုဆဲဆဲတွင် ဇနီးဖြစ်သူကို သေချာ
မေးလိုက်သည်။

-အချစ်ရယ် ကိုယ်မသေခင် ကိုယ့်ကို ရိုးရိုးသားသား ပြောစမ်းပါ။ အငယ်ဆုံး
သားလေးက ကိုယ့်ရဲ့ ကလေးဆိုတာ။

- ဘုရားအဆူဆူကို ကျိန်ပြီး ပြောရဲပါတယ်။ ရှင့်သားမှ ရှင့်သား အစစ်ပါ။
ဟု ဇနီးဖြစ်သူက ပြန်ပြောလိုက်သည်။

ထိုစကားကို ကြားပြီးသည်နှင့် ခင်ပွန်းဖြစ်သူသည် ပြုံးလျှက်
ကွယ်လွန်သွားသည်။ ထိုအခါ ဇနီးဖြစ်သူက ရေရွတ်ပြောဆို လိုက်သည်။
- တော်သေးတာပေါ့ ... တခြား သုံးယောက်ကို မေးမသွားလို့
...................................

အမလေး ရှင်မပြန်သေးဘူးလား?
 
မန်ချက်စတာယူနိုက်တက် အသင်း၏ ရှေ့တန်းတိုက်စစ်မှူး ၀ိန်းရွန်နေး တစ်ယောက် သူ.ရဲ. small လေး ဆီကို အလည်သွားပါတယ်။ သူ.ရဲ. small လေးကလဲ သူ.ကိုတွေ.တိုင်းSmall လေး - “ရှင်.ရဲ. ပသိုင်းမွေး တွေ ကို ရိတ်လိုက်ပါလား ရှင်။ ဒါမှ ရှင်ရဲ. အင်မတန် ခန်.ညားတဲ. ရုပ်ကို ကျွန်မ ကောင်းကောင်းကြီး ခံစားလို.ရမှာ
ဝိန်းရွန်နေး - “ငါ.အိမ်က အဖွားကြီးက အဲ.ဒီ အမွေးကို ကြိုက်တယ်ဟ။ ငါ.သာ အဲ.ဒီ ပသိုင်းမွေး ကို ရိတ်လိုက် ရင် ငါကို သတ်မှာ။ ဒါဆို ချစ်လေးနဲ. ဝေးပြီ။
Small လေး - “ဟာ တိုတို ကလဲ ရိတ်လိုက်ပါ ချို အဟွန်.အဟွန်.” Small လေး ရဲ. အချွဲကောင်းမူကြောင်. ၀ိန်းရွန်နေးကလည်း သူ.ရဲ. ပသိုင်းမွေး ကို ရိတ်လိုက်ပါတယ်။
အဲဒီည မှာ ပဲ သူက ကျောပေးပြီး အိပ်နေသော သူ.မယားကြီး ကောလင်း ရဲ့ ခုတင်ပေါ်ကို တိတ်တိတ်လေး တက်ပြီး လှဲလိုက်စဉ်။ ကောလင်း က ရုတ်တရက် နိုးလာပြီး လှည်.မကြည်.ပဲ သူ. ရဲ. မျက်နှာ ကို ပွတ်သတ်အာရုံခံလိုက်ပြီး ပြောလိုက်သည်မှာ
အမလေး ရှင်မပြန်သေးဘူးလား။ ခဏ နေရင် အိမ်က နွားကြီး ပြန်လာတော.မှာနော်” ….

.................


No comments :

Post a Comment