NEW WORLD ORDER
/ ONE WORLD GOVERNMENT
ဒီကမ္ဘာကို သူတို့၏အကြံအတိုင်း အုပ်ချုပ်ဖို့ အစိုးရသစ် တဖွဲ့ ဖွဲ့ရလိမ့်မည်။ ထို့ကြောင့် သူတို့အကြံအားဖြင့် New World Order
သို့မဟုတ် One World Government အစိုးရအဖွဲ့ကို ဖေါ်ထုတ်၍ ကြိုးစားလာခဲ့တာ ကြာနေပြီဖြစ်သည်။ တချို့က New World Order
(သို့) One World Government ကို
မသုံးကြပါ။ Globalization, Union ကဲ့သို့ လျှို့ဝှက်နာမည် အမျိုးမျိုးဖြင့် သုံးထားကြသည်။
၁၉၉၁ ခုနှစ် ဇန္နဝါရီလ ၁၆ ရက်တွင် သမ္မတ Bush
အနေဖြင့် သူဖြစ်စေချင်သော New World Order
အကြောင်းနှင့် ပတ်သတ်၍ ပြောခဲ့သည်။
United Nation ကကျွှန်ုပ်တို့ကို NOW သို့
လမ်းပြပို့ဆောင်ပေးသည်။ ထိုရှေ့မှာ တောထုံးစံဓလေ့တွေ မဟုတ်တဲ့တရားတွေနှင့် အုပ်ချုပ်လိမ့် မည်ဟု သမ္မတ Bush ကကြေညာခဲ့သည်။ United Nation သည် ထိုအဖွဲ့၏ ဌာနချုပ်ဖြစ်သည်။ Kissinger (သမ္မတ
Reagan လက်ထက် လက်ထောက်ရုံးအုပ်) ပြောသည်မှာ Obama သည်
ကမ္ဘာကို NWO သို့ပို့ဆောင်နိုင်စွမ်းသည်ဟု ပြောဆိုခဲ့သည်။
ထိုလျှို့ဝှက်အဖွဲ့ထဲပါဝင်သော
လူကြီးတစ်ဦးက၊ လူတချို့က သူတို့၏ အကြံအစည်လျှို့ဝှက်ချက်များကို ဖေါ်ထုတ်ခဲ့ကြောင်း ပြောပြရာတွင် “New World Order (NWO) သို့မဟုတ် One World Grvernment ပြောချင်တာက တကမ္ဘာလုံးကို ကူးသန်း ရောင်းဝယ်မှုအားဖြင့် ချုပ်ကိုင်ရန်ဘဲ ဖြစ်တယ်၊ စစ်တပ်တွေ တပုံစံဖြစ်ဖို့ တိုင်းပြည်နယ်နမိတ်တွေပြောင်းလဲ ပစ်ရန်မဟုတ်ပါ” ဟုပြောခဲ့သည်။ ထိုသို့ဖြစ်လာလျှင် ဗျာဒိတ်ကျမ်း ၁၃ တွင် အင်တီခရစ်၏နံပါတ်တခုထဲက မဟုတ်ရင် မည်သူမှ ရောင်းဝယ်၍ မရနိုင်ကြောင်းနှင့် ဆင်တူသည်။ ထိုသူကို ရောက်အောင်အဖက်ဖက်က ပြင်ဆင်ပေးကြခြင်းဖြစ်သည်။ ထိုပုဂ္ဂိုလ်သည် လူစီဖါဖြစ်ပြီး လူစီဖါနည်းဥပဒေတွေဖြင့် အုပ်ချုပ်ရန်တာစူ နေကြပြီ။ နိုးကြားလျက် မျက်စိရှင်ပြီး ကြည့်မှသာ မြင်နိုင်သည်။ အင်တီခရစ်ပေါ်လာလျှင် ကမ္ဘာမှာ ကိုးကွယ်မှုဘာသာအားလုံးကို ဖျက်ဆီးစေပြီး သူ့ကို ကိုးကွယ်ရန် အမိန့်ထုတ်လိမ့်မည်။ ခရစ်ယာန်များကိုသာမက အခြားဘာသာကိုးကွယ်သူများကိုလည်း ညှင်းဆဲလိမ့်မည်။ အသင်းတော်များလှုပ်ရှားခွင့် လုံးဝပိတ်ပင်မည်။ ယခုအချိန်ကဲ့သို့ ဘုရားရှိခိုးကျောင်းနှင့် မီရှင်နရီအလုပ် လုပ်သူတွေ လုံးဝ မရှိရတော့။ ခရစ်ယာန် TV, Radio ဟူ၍လည်းရှိမည်မထင်။ ပစ္စည်းတခုခု ရောင်းဝယ်ရန်လည်း မရ။ Democracy Freedom ဆိုသည်မှာ ထိုနေ့မှစ၍ ကုန်ဆုံးသွားပြီ။ ယနေ့ဤအချိန် လွတ်လွတ်လပ်လပ် ပျော်ပျော်ပါးပါး နေရပေမဲ့ ဘုရားအမှုလုပ်နိုင်သေးသည်။ ၂၀၀၀ ခုနှစ် စက်တင်ဘာ ၁၀ ရက် ၁၃ ရက်ကြာ လျှို့ဝှက်အစည်းအဝေးပြီးမှ New World Onder ကို တရားဝင်မွေးဖွါးလာခြင်းဖြစ်သည်။ ထိုနောက် တနှစ်ကြာသော ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့တွင် Terrorists တွေက World Trade Center တိုက်ကြီးနှင့် Pentagon ကို လေယာဉ်ဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ စက်တင်ဘာ ၁၁ ရက်နေ့သည် ရှေးတုံးက သူတို့နတ်ဘုရားအား လူပူဇော်ပသခဲ့သော နေ့ကျရောက်သည်ဟူ၏။
ကမ္ဘာကို ဆယ်ပုံခွဲခြားလိုက်ပုံ
ဤအဖွဲ့အစည်းက
ကမ္ဘာကို ဆယ်စုခွဲပြီး ချုပ်ချယ်ရန် စီမံသည်။ ရှေးဒံယေလ အားဖြင့် အိပ်မက်မြင်ခဲ့ပုံနှင့် တူလှပုံကို ခရစ်ယာန်အ ချို့ယူဆကြသည်။ ပုံကိုသေချာကြည့်ပါ။ တကမ္ဘာလုံးသုံးရန် အသပြာဒင်္ဂါးတွေထုတ်လုပ်စမ်းသပ်ပြီးပြီ။ ဆယ်စုဆယ်ပုံ ခွဲထားပုံကို အောက် မှာကြည့်ပါ။ အောက်ပါနာမည်များသည် ပုံထဲကနံပါတ်နှင့် မသက်ဆိုင်ပါ။
1.
အမေရိက၊ ကနေဒါ၊ မက္ကဆီကို၊
2.
တောင်အမေရိကတိုက်
3.
သြစတြေးလျနှင့် နယူးဇီလန်
4.
ဥရောပအနောက်ပိုင်း
5.
ဥရောပအရှေ့ပိုင်း
6.
ဂျပန်
7.
တောင်အာရှ
8.
အာရှအလယ်ပိုင်း
9.
မြောက်အာဖရိကနှင့် အရှေ့အလယ်ပိုင်း
10.
ကျန်သောအာဖရိက ဖြစ်သည်။
ဤကမ္ဘာကိုမည်ကဲ့သို့အုပ်စိုးချုပ်ကိုင်ကြပုံ
ဤအဖွဲ့သည်
တိုင်းပြည် အုပ်စိုးသော အစိုးရ၊ ပညာရေး၊ သိပ္ပံပညာ၊ စစ်ဘက်ဆိုင်ရာ၊ ကျမ်းမာရေးဌာန၊ ပတ်ဝန်းကျင်ညစ်ညမ်းမှု ထိမ်းသန်းရေးအဖွဲ့၊ intertainment နားထောင်စရာ
ကြည့်စရာ (media entertaining) နှင့်
ယုံကြည်မှုဆိုင်ရာ (Mormon, Jehovah Witneses, New Age)၊ ငွေကြေး မှလည်း ချုပ်ကိုင်ထားသည်။ မှောင်ခို ချုပ်ကိုင်ခြင်းဖြစ်သည်။ United Nation ကို သူတို့၏ ရုံးဌာနချုပ်လုပ် ပြီး
ချယ်လှယ်နေသည်။ ၁၉၇၀ ခုနှစ်လောက် ကတည်းက အမေရိကန်စစ်တပ်သည် ကုလသမဂ္ဂကို
အပ်ထားပြီးဖြစ်သည်။ ထို့ကြောင့်
မည်သည့်နေရာမှာပင်မဆို သူတို့ချည်း ဝင်ရှုပ်နေတာကို တွေ့မြင်ရသည်။ United States နှင့် United States of America မတူဟုဆိုသည်။ United States သည်
သူတို့၏ လျှို့ဝှက် နာမည်တစ်ခုဖြစ်သည်။ Company သို့မဟုတ်
အဖွဲ့အစည်းတခု၏ နာမည်သာ ဖြစ်သည်ဟု ဆိုသည်။ ထို့ကြောင့် အမေရိကန်သမ္မတသစ်တက်တိုင်း လူထုကမိတ်ဆက်ရာ၌ “ This is president of United States” ဆိုပြီး ကျယ်ကျယ် ပြောလေ့ရှိသည်။ “The president of United States
of America” ဟု မအော်ကြ ဟုဆိုသည်။ The president of United States of America သည် ကုမ္ပဏီနာမည်၊ အဖွဲ့အစည်းနာမည်မဟုတ်၊ တိုင်းပြည် ပြည်သူလူထုကိုယ်စား ပုဂ္ဂိုလ်ဖြစ်သည်။ ဤကဲ့သို့ဆိုခြင်းသည် သူတို့ အသင်းသားအချင်းချင်း အသိပေးကြခြင်းသာဖြစ်သည်။ သို့သော် ကျွှန်ုပ်တို့မသိသူများက အမေရိကန် သမ္မတဟူ၍ သာသိကြသည်။ တိုင်းပြည်တခု၏ ခေါင်းဆောင်တစ်ဦးရဲ့ဝတ္တရားများကို ထမ်းဆောင်နေသောကြောင့်သာ ထိုသို့ထင်ရသည်။ Obama ကို မိတ်ဆက် ပေးသောအခါ ဤဆိုဒ်ကိုကြည့် http://www.youtube.com/watch?v=Sk7tsrgDXnU
ဤလျှို့ဝှက်အဖွဲ့၌ မပါသူပင်ဖြစ်ပါစေ ပြည်သူလူထုက ကြိုက်နှစ်သက်လျှင် သမ္မတဖြစ်နိုင်သည်။ John F.kennedy သည် ထိုအဖွဲ့ဝင် မဟုတ်ပါ။ ထိုအဖွဲ့အား ဖေါ်ထုတ်ရန် ကြိုးစားသောကြောင့် အသတ်ခံရသည်။ John F.kennedy ကထိုအဖွဲ့အကြောင်း ပြောခဲ့ပုံကို အောက်တွင်ရှာကြည့်ပါ။
Obama သည်ထိုအဖွဲ့ဝင်ဟုတ်မဟုတ် သေချာမသိရပေ။ ဟုတ်ချင် ဟုတ်လိမ့်မည်။ မဂ္ဂဇင်းတနေရာတွင် ထိုအဖွဲ့က
၁၉၈၀ ခုနှစ် ကတည်းက Obama ကို စောင့်မျှော်နေခဲ့သည်ဟု ဖတ်ရသည်။ သူတို့အဖွဲ့မဟုတ်သော သမ္မတတစ်ယောက်ကိုလည်း သူတို့မျိုသွင်းနိုင်သည့် အရည်အချင်းရှိကြသည်။ “change” ပြောင်းလဲရမည်ဟု သူအော်ခဲ့သံက
သူ့အာဘော်တော့မထင်ပါ။ Obama သည်
လူဖြူ၊ လူမဲ စပ်သည် သာမက မူဆလင်၊ခရစ်ယာန်ဘာသာရောနှောသူလည်းဖြစ်သည့်အတွက်ကြောင့် New World Order
အစိုးရကို ဦးဆောင်ရန် အံဝင်ဂွင်ကျ ဖြစ်ပေသည်။ ထို့ကြောင့် သူ့ကို ထိုအဖွဲ့ကြီးက သုံးခြင်းဖြစ်သည်ဟု ကျွန်တော်ထင်သည်။ Kissinger [Reagan လက်ထက် States’ Secretary] က
ကမ္ဘာကို New World Order ၌
ခေါင်းဆောင်နိုင်စွမ်းရှိသည်ဟု ဖွင့်ဟခဲ့သည်။
လိမ်ညာခြင်း
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEtpn8Rgk1OPvtKYfPfCjqdwLh0qj7ZVjAyw4SE3ucgZY9draf78wEpE5hck1xKg7QaNFRDiqtctRhKbtc_t0M9LJ0LP_16rW-bq_b7TMAZSmaRVjJn3RK18svI-1_mUvlEGFA3I1WCYI/s200/mu.jpg)
MEDIA
Media ဆိုသော TV, Radio, Internet (website), သတင်းစာနှင့်
Movie များတွင်လည်း ကောင်းမွန်စွာ စီစစ်ကြည့်သင့်သည်။ Media လည်း လိမ်ညာမှုများဖြင့် ပြည့်နက်နေသည်။ Lord of the ring, 2012 ဇတ်ကားများတွင် လျှို့ဝှက်အဖွဲ့က မည်သို့လုပ်တော့မည်ကို အချင်းချင်းအသိပေးကြခြင်းဖြစ်သည်။
အကြောင်းမသိသူတယောက်က ကြည့်မိလျှင် လွန်စွာမှကြည့်ကောင်းသော ဇတ်ကားတစ်ခုဟုသာ ယူဆမိလိမ့်မည်။
ထိုသို့ မဟုတ်ပါ။ ဇတ်ကားမှသူများ၏ ဦးဏှောက်များကို စိတ်ပြောင်းခိုင်းခြင်း၊ စိတ်ပြုပြင်ခိုင်းမှု၊
စရိုက်ပြောင်းခိုင်းစေမှု၊ မိသားစုများကွဲခိုင်းမှု၊ ကိုယ်ခန္တာအတွက်သာလိုက်ပြီး လုပ်ဆောင်မှုတွေဖြင့်
စရိုက်ပျက်စီးစေသည်။ ဝိညာဉ်ရေးရာ၌ မစဉ်းစားအောင် လုံးဝမှားယွင်းပြီး အမှောင်ထဲကိုခေါ်ဆောင်နေသည်။
ဒါကြောင့်ခရစ်ယာန်ညီအကိုများသည် မည်သည့်ဇတ်လမ်းကြည့်သင့် မသင့် ဝိညာဉ်မျက်စိ ရှင်ကြရမည်။
ပိုက်ဆံ၊ ပညာ၊ အလုပ်အကိုင်၊ ရာထူး၊ ဘုန်းအရှိန်၊ လှပချမ်းသာမှုတွေ ဖြစ်ကြသော ကိုယ်ကာယ
အလိုကိုသာ လိုက်ပြီး ရောရောင်မသွားဖို့သတိထားကြရန် အချိန်သည် ယခုအခါသမယပင်ဖြစ်သည်။
EVOLUTION (ဆင့်ကဲဖြစ်စဉ်)
Evolution
ကို လျှို့ဝှက် အဖွဲ့က စနစ်တကျစီစဉ်ပြီး လူများကိုဖျားယောင်းရန် စီစဉ်ခဲ့သည့် လိမ်ညာလှည့်ဖျားသူများ၏ လုပ်ငန်းကြီး တခုဖြစ်သည်။ သိပ္ပံပညာနှင့် ရောထွေးထားသည်။ အဲဒီကစပြီး သိပ္ပံပညာရှင်များ၏ ပြောစကားအားလုံးသည် မှန်ကန်သည်ဟု
လူတိုင်းအလွယ်တကူ ယုံကြသည်။
ကျွှန်ုပ်တို့သည် Evolution နှင့်
သိပ္ပံပညာ မတူကြောင်း သိထားရန်လိုအပ်သည်။ သိပ္ပံပညာသည် ဘုရား သခင်ထံတော်ပါးမှ ဖြစ်သောကြောင့် ငြင်းခုံစရာမလိုအောင် အားလုံးကောင်းကြသည်။ Evolution သည်
စာတန်ထံမှ ဖြစ်သည်။ Evolution သည် သိပ္ပံပညာရှင်များ စဉ်းစားချက်၊ ထင်မြင်ချက်၊ ယူဆချက်များကို သိပ္ပံတွင်ရောနှောကာ သင်ယူမှုတမျိုးဖြစ်သည်။ ဥပမာ- ဤကမ္ဘာလုံး သည် ၄.၄၅ ဘီလီယံနှစ်ရှိလာပြီ။ စင်္ကြာဝဠာသည် ၁၃.၇၅ ၀.၁၁ နှစ်ကြာပြီ။ “လူသည် မျောက်မှ ဆင်းသက်လာသည်” စသည်တို့သည် သူတို့၏ ထင်မြင်ယူဆမှုသာဖြစ်သည်။ သက်သေထူချက် ဘာမှ မပြနိုင်ပေ။ အလွန်ကြိုးစာပြီး သက်သေပြချက်တွေ့ရှိကြသော်လည်း ယခုထိ ရှာ၍ မတွေ့နိုင်သေးချေ။ လျှိုဝှက်အကြံအစည်အဖွဲ့သည် ပညာရှိ ပါရဂူတွေ ဖြစ်ကြသောကြောင့် သူတို့အမြင်ယူဆချက်တွေကို စာသင်ခန်းများ ၌ ထည့်သွင်းသင်ကြားခိုင်းကြသည်။ ကျွှန်ုပ်တို့အားလုံး ယုံမှားစေသည်။
စိတ်မနှံသူများသည် ရောယောင်ပါသွားကြမည် ထင်သည်။ Evolution ကို တပတ်လောက် သင်၍လည်း မကုန်နိုင်ပါ။ ဤကဲ့သို့မှားယွင်းစေခြင်းဖြင့် ခရစ်ယာန်တချို့ကျမ်းစာမှ သင်ကြား ချက်များကို ဇဝေဇဝါဖြစ်စေသည်။
နောဧခေတ်ရေလွှမ်းမိုးခဲ့မှုကို သက်သေအထောက်အထားများစွာဖြင့် လူသားများ ဒုစရိုက်များလာသောကြောင့် ဘုရားသခင် ကိုယ်တိုင်က ကမ္ဘာကို ရေလွှမ်းမိုးစေခဲ့သည်ကို သူတို့လက်မခံချင်ကြပေ။ ထိုအထောက်အထားကျမ်းချက်များကို ဖုံးကွယ်ရန်ကြိုးစား ကြသည်။ နောဧသင်္ဘောကြီးကိုလည်း တွေ့ရလေပြီ။ ဤတွင်ရှာကြည့်နိုင်သည်။
လှည့်ဖျားသော
ထိုအလုပ်များသည် လူများ
ဘုရားသခင်ကို ယုံမှားစေပြီး လမ်းမှားကို ပို့ဆောင်ခြင်းဖြစ်သည်။ သို့သော် ယခုအခါ ထိုပညာရှင် တချို့သည် ဘုရားရှင်ကိုတွေ့မြင်ပြီး ခရစ်ယာန်ဖြစ်လာသူလည်း မနည်းတော့ပေ။ သူတို့၏ သိပ္ပံ အတတ်သည် မမှန်ကန်ကြောင်း သိလာကြ
လို့ဖြစ်သည်။ အမေရိကန်တွင် Kent Hovint ဆိုတဲ့ ပုဂ္ဂိုလ်သည် ပြည်နယ်တိုင်း လည့်လှည်ပြီး သိပ္ပံပညာရှင်တချို့နှင့် တဲ့တိုးရင်ဆိုင်ပြီး ငြင်းခုံကာ အသင်းတော်များအတွင်း နိုးဆော်မှုတွေ ပြုလုပ်ခဲ့သည်။ ထိုအခါ သူ့ကို အကြောင်းအမျိုးမျိုးရှာကာ ဆယ်နှစ်အချုပ်ထဲ လှောင်ထားခဲ့သည်။ သူထွက်လာရန်လည်း ခရစ်ယာန်များအနေဖြင့် ဆုတောင်းကူညီဖို့ လိုအပ်သည်။
ဘုရားရှင်အခွင့်ပေးလျှင် ဤကဲ့သို့သော အကြောင်းများကို ဆွေးနွေးကြစို့၊ မိတ်ဆွေတွေလည်း များများလေ့လာကြပါ။
No comments :
Post a Comment