သက်သေ ၇။
DENVER AIRPORT ဒင်းဗားလေဆိပ်
အမေရိကန်
ကော်လိုရာဒိုလေဆိပ်တွင် အောက်ပါကားချပ်ပုံများ ထင်ရှားစွာကပ်ထားသည် ကိုတွေ့နိုင်သည်။ ဖြတ်သန်းသွားလာသူ ထောင်ပေါင်းများစွာက အမှတ်တမဲ့သာ
မြင်ကြလိမ့်မည်။ ဤကားချပ်ပုံများသည် လျှို့ဝှက်အဖွဲ့မှ New World
Airport Commission (NOW, New World Order, One World Goverrnment) နာမည်ကိုင်ဆောင်ပြီး လုပ်ကြသည်။
သေချာစွာကြည့်ပါ။ youtube မှာ
တချို့က ရှင်းလင်းစွာ ဖေါ်ပြထားတားလည်းတွေ့ရသည်။ ဤရုပ်ပုံကားချပ်များတွင် သူတို့အဖွဲ့က ကမ္ဘာကိုမည်သို့မည်ပုံ အုပ်ချုပ်မည့် အစီအစဉ်များ ဖေါ်ပြထားခြင်းဖြစ်သည်။ လူဦးရေများကို ဖျက်ဆီးတော့မည်။ ထိုနောက်မှ ခေတ်သစ်တခေတ်ထူထောင်ရန်ဖြစ်သည်။ လျှို့ဝှက် နက်နဲချက်များ ပါဝင်သည်။ ![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgc_IjyH_JbRcDQph9deNBa_DiTaRw-138_CnUfN1ojKZT91aCIbOUoY9xyVY0uIfVyZOTHOqWOpdfKIpJBzrkf9U7doOfhs9PiOgKcStTGLypIk1nhYCjrahvpGB-qZZ9LwQ1wI20RKJs/s320/IMG_0008.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjucrWltIoPUs17ZaSM_hIrmxeqGzBDmdYKl1CigCs14Q1F24G3vtVUUm96l91iUCW-5S0t0zrwLto88s_EcGE4EEoDxPJDhhG5G91dLLytM0WK-9Fdsuy1tDS_yNVW0s4K1KwlE4e8vhg/s200/IMG_0007.jpg)
မကြာသေးသော နှစ်များအတွင်း “2012” ဇာတ်ကားကိုကြည့်ဖူးကြလိမ့်မည်။ ထိုဇာတ်ကားသည် ပိုက်ဆံရဖို့အတွက်သာ ထုတ်လုပ်ခဲ့ ခြင်းမဟုတ်။ သူတို့အဖွဲ့က ကမ္ဘာပေါ်တွင်မည်ကဲ့သို့ ဆက်လက်လုပ်တော့မည့် အစီအစဉ်များ အချင်းချင်း အသိပေးခြင်းဖြစ်သည်။ ကျွန်ုပ် အထင် ဤနှစ်ကစပြီး သူတို့၏အစီအစဉ်များကို အကောင်အထည်ဖော်လိမ့်မည်ဟု ယူဆရသည်။ ထိုရုပ်ရှင်ဇာတ်ကားထဲ၌ကဲ့သို့ လူများ ဝရုန်းသုန်းကားသေကြေပျက်စီးကြချိန်တွင် ပုန်းရှောင်ရန် မြေကြီးအောက်ဥမင်လှိုင်ဂူများ တချို့လူတွေတူးကြ၊ ပြင်ဆင်ကြကြောင်းလည်း ကြားရသည်။ လွန်ခဲ့သော နှစ်များအတွင်း သမ္မတဟောင်းတချို့များကလည်း မြေအောက်မြို့များ Underground City (၁၀) မြို့လောက် ဆောက်လုပ်ခဲ့ကြောင်းလည်း ကြားသိရသည်။ Jesse Ventura ကထိုအစီအဉ်ကို ပုံစံဆွဲနေသူအား မေးမြန်းခန်း၌ ထိုကဲ့သို့ ဖြေဆိုသွားခြင်းဖြစ်သည်။ အစိုးရကိုယ်တိုင်က ထိုသို့ တည်ဆောက်နေသောကြောင့် မြေအောက်ဆောက်လုပ်ရေးပစ္စည်းအားလုံးကို အစိုးရကသိမ်းဆည်းထားသည်ဖြစ်၍ အခြားသူများဝယ်ယူလို့ မရပါ။
USA အုပ်ချုပ်သူများ လျှို့ဝှက်အစည်းအဝေးကျင်းပပုံ
၂၀၀၈ ခုနှစ် မတ်လ ၁၃ ရက်နေ့တွင် USA ၏အထက်တန်းအရာရှိများ လျှို့ဝှက်အစည်းအဝေးကျင်းပခဲ့ကြောင်း သိရသည်။ ထိုအချိန်တွင် သူတို့အစည်းအဝေးမစတင်ခင် အဖွဲ့ဝင်တစ်ယောက်သည် ကန့်ကွက်ငြင်းဆန်ခဲ့သည်။ ဤဆိုဒ်၌ လေ့လာကြည့်ပါ။
1.
The
imminent collapse of the U.S. Economy to occur sometimes in late
2008
2.
The
imminent collapse of the U.S. Government finances sometime in mid
2009
3.
The possibility of Civil War inside the United
States
as a result of the collapse
4.
The
advance round-ups of “insurgent U.S. Citizens” likely to move against
the government
5.
The
detention of those rounded up at The REX 84 Camps constructed
throughout the United States
7.
The
location of safe facilities for members of Congress and their
families to reside during massive civil unrest
8.
The
necessary and unavoidable merger of The U.S. with Canada and Mexico
establishing The North American Union
မြန်မာပြန်ဆိုချက်-
1.
၂၀၀၈ ခုနှစ်ကုန်ခါနီးလောက်တွင် US စီးပွါးရေးပျက်ပြားသွားမည်။
2.
၂၀၀၉ ခုနှစ်လယ်လောက်တွင် US ငွေဈေးကျပြီး
ပျက်စီးမည်။
3.
ထိုသို့ယိုယွင်းပျက်စီးပြီးလျှင်US တွင်
ပြည်တွင်းစစ်သေချာပေါ်လာမည်။
4.
US
တိုင်သူပြည်းသားများသည် သူပုန်ထပြီး အစိုးရကိုတော်လှန်လာမည်၊ ထိုသူများကို ဖမ်းဆီးရမည်။
5.
ဖမ်းဆီးရသူများကို ချုပ်နှောင်ရန် ထောင်ချုပ်များ US နေရာတွင် တည်ဆောက်ရလိမ့်မည်။
6.
တိုင်းပြည်ယိုယွင်းပျက်စီးလာလျှင် ပြည်သူလူထုသည် ခေါင်းဆောင်များကို မကျေမနပ်ဖြစ်ကြလိမ့်မည်။
7.
ထိုသို့ဆူပူမှုတွေဖြစ်ပေါ်လာလျှင် အစိုးရအမှုထမ်း မိသားစုတွေ ခိုအောင်းပုန်းရှောင်နိုင်ရန် နေရာများအဆင်သင့် ဖြစ်စေရမည်။
8.
The
North American Union အဖွဲ့ဖြစ်မြောက်လာအောင် USA, Canada နှင့် Mexico တို့ စီးပွါးရေး၌ တနိုင်ငံစနစ်ဖြစ်လာမှာ မုချမလွဲပေ။
9.
US,
Canada နှင့် Mexico သုံးနိုင်ငံ စုပေါင်းပြီး AMERO ခေါ်
ဒင်္ဂါးသစ်တမျိုးသာ သုံးရန်
ဖြစ်သည်။
သူတို့အမှန်ပင် အစည်းအဝေးကျင်းပခဲ့ကြောင်း သိသာသည်။ ၂၀၀၈ ခုနှစ်မှစ၍ အမေရိကန်ဒေါ်လာဈေးကျဆင်းပြီး၊ စီးပွါးရေးကမောက်ကမ ဖြစ်ခဲ့သဖြင့်
သူတို့အဆို အမေရိကန်ငွေဈေးသည် ပြန်လည်နလံထူဖို့ရန် အလားအလာမရှိသလိုဖြစ်သည်။ အမေရိကန်နိုင်ငံ၏ ကြွေးမြီသည် ဘယ်တော့မှ ဆပ်လို့ရမည်မထင်၊ ပိုပြီးအကျပ်တွေ့လာလေ တိုင်းပြည်တွင် ဆူပူမှုအရှိန်ပြင်းလာလေဖြစ်နိုင်သည်။ ထို့ကြောင် FEMA (Federal Emergency Management
Agency) ကုမ္ပဏီတွင် ပလပ်စတိပ်ခေါင်း သန်းပေါင်းများစွာ ထုတ်လုပ်ပြီး
သိုလှောင်ထား ကြောင်းလည်းသိရသည်။ ထိုသို့ဖြစ်လာသောအခါ သူတို့အဖွဲ့ဝင်များပုန်းရှောင်ရန်အတွက် နေရာအသင့် ပြင်ဆင်ပြီးဖြစ်သည်။ အပေါ်ကဖော် ပြထားသော ဒင်းဗားလေဆိပ်နားတောင်တန်းကြီး အထဲ၌ လူပေါင်းမြောက်မြားစွာခိုရန် အခန်းများရှိသည်။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgN5Tks2NkJj_qHxAjYD43fMEC374olrXmIEvPY2eCc0BrOK0_1212mmZ42KjxFwaYZPvIdl2OXT9UryS-wB-RWu6XBqBTIRSDKGZeFfHm2ZEzysGeFXbc1TZyXRyXKKSWVs5KU7CkfUyY/s400/IMG_0012.jpg)
Albert
Pike
ဤပုဂ္ဂိုလ်သည် ထိုလျှို့ဝှက်အဖွဲ့က ကမ္ဘာကို မည်သို့မည်ပုံ စစ်ပွဲတွေ ပေါ်ပေါက်လာစေရန် လုပ်ဆောင်မည်ဟု စာအုပ်ရေးသားထားခဲ့သည်။ သူသည်ပထမကမ္ဘာစစ်မဖြစ်မှီ ၁၈၀၉-၁၈၉၁ အတွင်းအသက်ရှင်နေထိုင်ခဲ့သည်။ Freemasons အဖွဲ့ခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့သည်။ သူ၏အင်္ကျီအရှေ့တွင် Freemason 33 အဆင့်ဒီဂရီ၊
ပီရမစ်၊ နေထွက်ပုံတံဆိပ်များ
တွေ့ရသည်။
ကမ္ဘာစစ်မည်ကဲ့သို့ဖြစ်ခဲ့ကြောင်း အကြောင်း ရင်းကို ကျွှန်ုပ်တို့
အနည်းငယ်သာသိကြ၏။ သူတို့၏
ပစ်မှတ်ကျရောက်အောင် တမင်တကာ
သူတို့ကပင် ဖန်တီးခဲ့သည်။ သူတို့ ရည်ရွယ်ချက်သည် သူတို့ကိုးကွယ် သော လူစီဖါ၏နာမ
အမိန့်တွေကို ကမ္ဘာသို့ သိစေချင်သော သဘောသာဖြစ်သည်။
WWI 1911-18
To create an atheistic world (a communism by Britain and German)
ပထမကမ္ဘာစစ် စတင်ခြင်း၏ရည်ရွယ်ချက်သည် ဂျူးဘာသာနှင့် နာဇီဝါဒ ပျောက်စေပြီး ဣသရေလနိုင်ငံထူထောင်ရန်ဖြစ်သည်။ ဂရိတ်ဗြိတိန် နှင့်ဂျာမနီပူပေါင်းပြီး အလုပ်အတူလုပ်ခြင်းဖြင့် ဆိုဗိယက်ရုရှားနိုင်ငံကို ကွန်မြူနစ်ဖြစ်စေခဲ့သည်။ သူတို့၏ပစ်မှတ် ပန်းတိုင်ရောက်ခဲ့သည်။ ပထမကမ္ဘာစစ်မတိုင်ခင် ဥရောပတွင်
ဂျူးနှင့် ခရစ်ယာန်ဘာသာဝင်များ အလွန်များပြားခဲ့သည်။ ထိုဘာသာဝင်များ မပျောက်ရန်ကြိုးစားခဲ့ခြင်း ဖြစ်သည်။
WWII 1939-45 To destroy the Jews and the Nazi,
and to eatablish Israel
ဒုတိယကမ္ဘာစစ်သည် ဂျူးနာဇီပပျောက်ရေး၊ အစ္စရေးနိုင်ငံသစ်ထူထောင်ရေးပန်းတိုင်ရောက်အောင်ဖေါ်ထုတ်ခဲ့ခြင်းဖြစ်သည်။ ဟစ်တလာက ဂျူးတွေကို မည်သို့မည်ပုံသတ်ဖြတ်ခဲ့ပုံ အနည်းငယ်ကို အောက်တွင် ရှင်းပြထားသည်။ စာရေးသူအမြင် -စာတန်သည် ဘုရားရှင်၏လူမျိုးးစု အစ္စရေးများကို ရှေး Easter ခေတ်ကစ၍ ဖျက်ဆီးရန် အကြိမ်ကြိမ် ကြိုးစားခဲ့သည်။ ဟစ်တလာခေတ်၌ ဂျူးတွေက တကမ္ဘာလုံးစီးပွါးရောင်း ဝယ်ရေးကို လက်ဝါးကြီး အုပ်ထားနိုင်ခဲ့သည်သာမက သူတို့သည် အသက်ရှင်သော ဘုရားတကာ့ဘုရားကို ပိုင်ဆိုင်ထားမှုကြောင့် အမြစ်ဖြတ်ရှင်းလင်းရန် ရည်ရွယ်ထားသည်။ လက်ကျန်ဂျူးများကို သူတို့နိုင်ငံငယ် ပါလက်စတိုင်း၌
ထူထောင်ပေးလိုက်ခြင်းဖြင့် အာရပ် (Arab World) အီစ္စလမ်တွေက ဝိုင်းဝန်းတိုက်ခိုက်စေပြီး အပြတ်ရှင်းစေခဲ့ခြင်းဖြစ်ဟန်တူကြောင်း ယူဆရသည်။ အမျိုးပြုန်းသွားခြင်းတော့ မရှိဘဲ ဘုရားရှင်က ပိုပြီး ကောင်းချီးပေး၍ ပရောဖက်ဟောပြောချက်တွေ ပြည့်စုစေခဲ့သည်။ ခုခေတ်တွင်
အစ္စရေးနိုင်ငံငယ်သည် အလွန်ခွန်အားကြီးမားပြီး နာမည်ကြီးနိုင်ငံတနိုင်ငံအဖြစ် ရပ်တည်နိုင်ပြီဖြစ်၏။ ဘုရားရှင် ဂုဏ်တော်ကြီးမားလှ၏
WWWIII To make the Jews and the Arabs fight until
they destroy each other into an exhauation. Atheism unleashed, persecution,
bloodshed, the pure doctrine of Lucifer revealed.
တတိယကမ္ဘာစစ်တွင် အစ္စရေးနှင့်အာရပ်ကမ္ဘာ အချင်းချင်း တိုက်ခိုက်ပျက်သုဉ်းသွားစေရန် ရည်ရွယ်ထားသည်။ ထိုနောက်မှ လူစီဖါ (Lucifer the Anti christ) ၏မူဝါဒများဖြင့် ကမ္ဘာသူကမ္ဘာသားတွေကို ထိန်းသိမ်းအုပ်ချုပ်ရန်ဖြစ်သည်။ ကျမ်းစာထဲ၌လည်း ထိုသို့ဖြစ်လာမည်ကို ကြိုဟောထားသည်။ ယခုတွင် အစ္စရေးနှင့်အာရပ်ကြား တင်းမာမှုပိုကြီးးမားလာပြီး ကြောက်မက်ဖွယ် နျုကလီးယား စစ်ပွဲကြီးဆီသို့ တာစူနေပြီ
ကို ကြောက်ခမန်းလိလိ မြင်တွေ့ရသည်။
ဘုရားသခင်က ပရောဖက်တို့၏ စကားပြည့်စုံစေခြင်း
ယေဇကျေလအခန်းကြီး ၃၈
တွင် တနေ့နေ့၌ ရုရှားပြည်သည် အာရပ်ကမ္ဘာနှင့်ပေါင်းပြီး အစ္စရေးကိုလာတိုက်လိမ့်မည်၊ ဇာခါရိယ အခန်းကြီး ၁၂ တွင်လည်း ကမ္ဘာတဝှမ်းမှ လူတွေ ကမ္ဘာတဝှမ်းမှ လူတွေ အစ္စရေးကို စိတ်ဆိုးပြီး စုရုံးကာ လာတိုက်လိမ့်မည်ဟု ဖေါ်ပြထားသည်။ သို့သော် ရန်သူတို့ကို ဘုရားသခင်အနေဖြင့် မောင်းထုတ်လိမ့်မည်။ ဤပရောဖက်ကျမ်းများ ထိုအခါတွင် ပြည့်စုံစေလိမ့်မည်။ ယခုအများပိုင်းပြည့်စုံနေပြီး ကျန်အပိုင်းလည်းဆက်လက်ဖြစ်ပျက်နေသည်။ ရန်သူကို နိုင်ဖို့ရန် ရန်သူစစ်အင်အားကို ချိုးဖျက်ပစ်ရန် လိုသည်။ ကြည့်ပါ- အစ္စရေးရန်သူနံပါတ် (၁)
သည် ရုရှားဖြစ်သည်။ ဘုရားရှင်စေခိုင်းလိုက်သောကြောင့် ယခုအစိပ်စိပ်အမွှာမွှာကွဲကုန်ပြီ။ ယခုရုရှားခေါင်းဆောင်တွေကအစ လူကြီးပိုင်းစရိုက်ပျက်ပြီး အရက်သမားတွေ ဖြစ်ကြကုန်ပြီ။ အပျိုကညှာတွေလည်း ကမ္ဘာအနှံ့တွင်
ပြည့်တန်ဆာအလုပ်ဖြင့် ငွေရှာကြကုန်ပြီ။ ရန်သူနံပါတ်
(၂)
က
Iraq ဖြစ်သည်။ ပင်လယ်ကွေ့စစ်ပွဲတုန်းက scud ဒုံးကျည်များဖြင့် အစ္စရေးကို
ပစ်ခတ်ပြီး ယေရုဆလင်မြို့ကိုကာကွယ်ရန် လူ
(၇)သန်းပြင်ဆင်ခဲ့သည်ဆို၏။ ဘုရားသခင်က ဘာမှမကျန်အောင်ရှင်းလိုက်ပေပြီ။ လက်ဘနွန်နိုင်ငံလည်း အခြအနေ
မဟန်သေးပေ။ ယခုကျန်နေသေးသော အာရပ်နိုင်ငံများကို ဘုရားရှင်က
နည်းအမျိုးမျိုးဖြင့် ဆုံးမနေသည် ကို တွေ့ရသည်။ အီဂျစ်ခြေကျိုးပြီး လစ်ဗျားလည်းဆုံးမခံရသည်။ ဆီးရီးယားလည်းအရိုက်ခံနေပြီး အီရန်လည်း ကျန်သေးသည်။ အစ္စရေးက အရင်စပြီး အီရန်ကို နျုကလီးယား လက်နက်ဖြင့် တိုက်ခိုက်အုံးမလား မပြောတတ်သေးပေ။ ထိုသို့ဖြစ်လာလျှင် ဇာခါရိ အခန်းကြီး ၁၂ ထဲက အတိုင်း ကမ္ဘာသူကမ္ဘာသားများနှင့် အာရပ်ပေါင်းပြီး အစ္စရေးကို
တိုက်လာလျှင် တတိယကမ္ဘာစစ် ထိုနေရာမှစတင်တော့မည်ဖြစ်သည်။ အခြားမူဆလင်နိုင်ငံများဖြစ်ကြသော မလေးရှား၊ အင်ဒိုနီးရှား၊ တူရဂီတိုနှင့် ရုရှား၊ တရုတ်တို့လည်း အစ္စရေးရန်သူဘက်မှ ပါဝင်တိုက်ခိုက်လာမည်။ လျှို့ဝှက်အဖွဲ့အစည်း၏ အကြံအစည်သည် ထိုသို့အစ္စရေးနှင့် မူဆလင်နိုင်ငံများတိုက်ခိုက်ကြလျှင် ဂျူးဘာသာ၊ အစ္စလမ်ဘာသာ ပပျောက်သွားမည်ဟု ထင်ကြသည်။
အဲဒီအချိန်ကျမှ သူတို့ကိုးကွယ်သော လူစီဖါစနစ်က အားလုံးကို အုပ်ချုပ်ရန် ရည်ရွယ်ထားသည်။ တချိန်ချိန်တွင် စာတန်အင်တီခရစ်က ကမ္ဘာကို အုပ်စိုးရန်ပြင်ဆင်လာမှာ သေချာသည်။ သို့သော် ထိုသူတို့၏ လျှို့ဝှက်အကြံအစည်အားလုံး အင်တီခရစ်နှင့် အပေါင်းအပါရော ဖျက်ဆီးလိမ့်မည်ဟု ပရောဖက်စကားရှိ၏။ ရှင်းရှင်းပြောရလျှင် ဘုရားသခင်သည် သူအကြံအစည်များ (ပရောဖက်စကား) အောင်မြင်ပြည့်စုံးစေရန် အင်တီခရစ်အားဖြင့်လျှို့ဝှက်အဖွဲ့ကို အသုံးပြုနေခြင်းပင်ဖြစ်သည်။ ထိုအဖွဲ့က သူတို့စီမံကိန်း တွေကိုသုံး၍ ကမ္ဘာကိုချယ်လှယ်နေသလို ဘုရားရှင်၏ နုတ်တော်ထွက် ပရောဖက်ဟောကြားခဲ့ချက်များကို ပြည့်စုံစေသည်။ ဤအကြောင်းအရာများကို သေချာစေ့စပ်စွာကြည့်ရှူလျှင် အသင်းသူအသင်းသားများ ဤလောကတွင်နေဖို့ အချိန်သမယသည် သိပ်ပြီးကြာဦးမည် မဟုတ်ကြောင်း သိသာထင်ရှားလှသည်။
No comments :
Post a Comment