“မေမေ၊ သားတို့ဦးလေးကြီးကလေ ဟိုဘက်အိမ်က အန်တီလေးကို ဖက်နမ်းတာဗျ သိလား”
“နေပါစေ သားရယ်၊ သူတို့က လက်ထပ်တော့မှာပဲ”
“ဒါဆို သားတို့ဖေဖေရော အိမ်ဖော်ကောင်မလေးကို လက်ထပ်တော့မှာတဲ့လားဟင်”
ကြိုတင် သတိပေးချက်
“ဟဲလို မီးသတ်ဌာနကလား ခင်ဗျာ”
“ဟုတ်ပါတယ်ခင်ဗျာ ဘယ်မှာမီးလောင်လို့ပါလဲ”
ဒီလိုပါခင်ဗျာ ကျွန်တော့်အိမ်ရှေ့က ခြံထဲမှာ ငရုပ်နဲ့ ခရမ်းချဉ်ပင် စိုက်ထားတာ တော်တော်လေး အောင်မြင်ပါတယ်။ တစ်နေ့ရောင်းကြေးနှစ်ရာ့ငါးဆယ် သုံးရာလောက်ရပါတယ်”
“မိတ်ဆွေ ခင်ဗျားမှားနေပြီ၊ ဒါမီးသတ်ရုံးဗျ၊ စိုက်ပျိုးရေးဌာန မဟုတ်ဘူး”
“ဟုတ်ကဲ့ သိပါတယ်ခင်ဗျ၊ အခု ကျွန်တော့်အိမ်ဘေးမှာ မီးလောင်နေပါတယ်၊ ခင်ဗျားတို့လာပြီး မီးသတ်ရင် ကျွန်တော့်စိုက်ခင်းက အပင်တွေကို နင်းမိမှာစိုးလို့ပါ”
မောင့်လက်မှတ်လို့
“မောင်ရေ ကျွန်မရင်ဘတ်ကရင်ထိုးလေး ခါးပိုက်နှိုက်သွားပြီ ဒုက္ခပါပဲ”
“မင်းနှယ့်ကွာ လက်ကြီးတစ်ခုလုံးနဲ့ မင်းရင်ဘတ်လာနှိုက်တာ မင်းမသိဘူးလား”
“ကျွန်မက မောင့်လက်မှတ်လို့ ကြည့်နေလိုက်တာ”
အရေးကြီးတာ မေ့သွားတယ်
စိတ်လှုပ်ရှားနေသော လူငယ်စုံတွဲတစ်တွဲ စိန်ရွှေရတနာဆိုင်ထဲသို့ဝင်လာပြီ
ကိစ္စမရှိပါဘူး၊ ကျွန်မတို့နောက်တစ်ခေါက်လာခဲ့
No comments :
Post a Comment