JEHOVAH
WITNESSES. ယေဟောဝါသက်သေခံအသင်း
ဤအသင်းတော်ကို
Charles Taze Russell ကတည်ထောင်ခဲ့ပြီး Freemasons အဖွဲ့ဝင်ဖြစ်ခဲ့သည့် အကြောင်းကို
ကိုယ်တိုင် ဝန်ခံ ဖွင့်ပြောပြခဲ့သည်။ သူ့အုတ်ဂူကို
ရုပ်ပုံထဲမြင်နိုင်သည်။
ဤကျောက်ပြားပေါ်သုံးမြောင့် ပိရမစ်ပုံစံ သင်္ချိုင်းတခု တည်ဆောက်ထားသည်။ အပေါ်တွင်ဖေါ်ပြထားသော
US $1 မှ ပုံသည် အီဂျစ်ပြည်မှ ယူဆောင်လာသော ပစ္စည်းတစ်မျိုဖြစ်သည်။ လက်ဝါးကားတိုင်တံဆပ်သည် သူတို့ယေဟောဝါသက်သေခံအသင်း၏ မူပိုင်တံဆိပ်ဖြစ်သည်။ သူတို့အသင်းအားတည်ထောင်ခဲ့သောသူ၏ သင်္ချိုင်းလည်း အနားမှာပင်ရှိသည်။ ထိုနေရာတွင် WATCH TOWER BIBLE AND SOCIETY လို့ရေးထားသည်။ ထို့ကြောင့်သူတို့သည် Freemasons အဖွဲ့အစည်းမှန်းသိရသည်။
သက်သေ ၆။
GRORGIA GUIDESTONE
ဤကျောက်စာနံရံကြီးကို အမည်မသိသောပုဂ္ဂိုလ်တပါးက အမေရိကန်နိုင်ငံ Altanta ပြည်နယ်တွင်
၁၉၇၉ ခုနှစ် ဇွန်လတွင် တည် ဆောက်ခဲ့သည်ဆို၏။ ဘာသာစကားရှစ်မျိုးဖြင့် ရေးသားပြီးလျှိုဝှက်အဖွဲ့အစည်း၏ ခံယူချက် စာတန်းဖြစ်သည်ဟု တချို့က ယုံကြည်ကြ၏။ ထိုပညတ်တရား (၁၀) ချက်မှ ပထမအချက်တွင် ကမ္ဘာ့လူဦးရေကို သန်းပေါင်း
၅၀၀ အောက်ရှိရမည်။ ယခုလက်ရှိ ကမ္ဘာ့လူဦးရေ သန်းပေါင်း ၆၀၀၀ မှ သန်းပေါင်း ၅၅၀၀ သေစေရမည်တဲ့။ ဤကျောက်ပြားတွင် ရေးထားသော
ပညတ်ချက် ၁၀ ချက်များသည် ဘာသာစကား (၈)
မျိုး ဖြင့် ရေးထားသည်။ အင်္ဂလိပ်၊ စပိန်၊ ဆွာဟလီ၊ ဟိန္ဒူ၊ ဟီဗြူး၊ အာရပ်၊ တရုတ်နှင့် ရုရှား ဘာသာတို့ဖြင့် ရေးသားထားသည်။
1.
Maintain
humanity under 500,000,000 in perpetual balance with nature.
2.
Guide
reproduction wisely - improving fitness
and diversity.
3.
Unite
humanity with a living new language.
4.
Rule
passion - faith - tradition - and all things with tempered reason.
5.
Protect
people and nations with fair laws and just courts.
6.
Let
all nations rule internally resolving external disputer in a world court.
7.
Avoid
petty laws and useless officials.
8.
Balance
personal right with social duties.
9.
Prize
truth - beauty - love - seeking harmony with the infinite.
10.
Be
not a cancer on the earth – Leave room for nature – Leave room for nature.
အမှန်ပင် ကမ္ဘာပေါ်ရှိလူဦးရေ များပြားလွန်းလာသဖြင့် ကမ္ဘာကလုပ်ကျွေးလို့မရနိုင်တော့သည့် အကြောင်းကို သိရသည်။ ဤကမ္ဘာ သည် စုတ်ပြတ်ဟောင်းနွမ်းလာသော ကားဟောင်းတစီးနှင့် တူနေပြီ။
ဘယ်လောက်ဟောင်းနွမ်းလာကြောင်း ကြည့်မည်ဆိုလျှင်-သမုဒ္ဒရာအထဲရှိ သတ္တဝါအားလုံး၊ မြေကြီးပေါ် တောတောင်မြေပြန့်အားလုံးရှိ သတ္တဝါ သစ်ပင်မြက်ပင်များ၊ မိုဃ်းကောင်းကင်ပေါ်၌ ပျံသန်း
မှီခိုသမျှ အားလုံးသည် ငိုကြွေးမြည်တမ်းနေကြပြီ။ လယ်၊ တောင်ယာ၊ ခြံကအစ အားလုံး၌ မြေသြဇာကုန်ခမ်းနေပြီ။ ရေလွမ်းမိုး၊ လေမုန်တိုင်းကျ၊ ရာသီဥတု ကမောက်ကမဖြစ်ပြီး မိုးခေါင် အငတ်ဘေးဒါဏ်ကြုံ၊ အနာရောဂါဆန်းတွေကြောင့် လူဦးရေ လျော့သွားကြသည်ကို ကြည့်၍ ကမ္ဘာမြေကြီး ငိုကြွေးခြင်းတစ်မျိုးပင်ဖြစ်သည်။ သခင်ယေရှ ဒုတိယအကြိမ်ကြွလာရန် နီးကပ်နေခြင်း ကြောင့်လည်းဖြစ်သည်။ လူသားတွေမှာ မေတ္တာစိတ် ခေါင်းပြီး ဒုစရိုက်ဖြင့်သာ ကမ္ဘာအနှံ့ပြည့်နေသည်။ နောဧခေတ်တုန်းကလို ဝရုန်းသုန်းကား ဖြစ်နေကြသည်။ ဘုရားကို မရှာဘဲ သူဌေးဖြစ်ရန်၊ ပညာရှာရန်၊ တိုးတက်ရန်သာ ရှာကြသည်။ လောဘစိတ်နှင့်သာ လူတွေမွန်ထူနေကြပြီ။ တကယ်ပင်
ဤလောကသည် လူတွေရဲ့ အပြစ်များ၊ ဒုစရိုက်များနှင့် ပြည့်လျှံနေပြီ။ ဘုရားသခင်သည်
အာဒံ၊ ဧဝအားဤကမ္ဘာကို ပြည့်လျှံအောင်ပွါးများကြဟု ဂတိပေးထားပေမဲ့ လူသားများ၏ အပြစ်များနှင့်သာ ပြည့်နက်နေပြီ။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYxiXiqt_JKXOdlACS99KvmL012-xsYnUxdSN97q959QuUUV1Lm1E7c1nvgRvZnbb_f8jVRXLg1CzqDt8USH9jEynoMmcnr2xjqp57t6MHEyxWqEvVgFbyVADCSmAS3dHS0h4wjlCMTHs/s320/IMG_0006.jpg)
စားသောက်စရာအမျိုးမျိုးဖြင့်၎င်း၊ အနာရောဂါ အမျိုးမျိုးပေါ်ပေါက်စေ၍၄င်း၊ တနိုင်ငံနှင့်တနိုင်ငံကြားအငြင်းပွါးစေခြင်းဖြင့်၎င်း လူများ ကို သတ်ဖြတ်ကြသည်။ ကစားစရာများဖြင့်၎င်း၊ TV ရုပ်ရှင်ကားများဖြင့်၎င်း၊ ကျောင်း၌သင်ကြားသော ကိုယ်ကာယကြံခိုင်ရေး သင်တန်းများ၌၄င်း သတင်းစာများထဲ၌၄င်း ပညာရှိတွေက
လူတွေကို ဖျက်ဆီးကြသည်။ ဤအရာများကို သိနားလည်နိုင်ရန် မျက်စိရှင်ရမည်။ ဤအရာများကို
မြင်နိုင်လျှင် သူတို့လို အလုံးစုံကို မြင်နိုင်သောသူလို ဖြစ်လာလိမ့်မည်။ ကမ္ဘာ့လူဦးရေလျော့ချရေး စီမံကိန်းတွင် အမေရိကန်နိုင်ငံ၌ နောက်နောင်
မည်သည့်နေရာ၌ လူတွေနေစေ၊ တိရစ္ဆာန်တွေအတွက် မည်သည့်နေရာဟူ၍
blueprint ဆွဲပြီးသားရှိနေပြီ။ မြို့တချို့ကို အခြားနေရာသို့ ပြောင်းရွှေ့ရလိမ့်မည်။ လူဦးရေကန့်သတ်ချက်တွင် အမျိုးသမီးများ ပဋိသဋေ တားဆီးဆေးထိုးခြင်းတွေ အထိပါကြောင်း သိရသည်။ အမေရိကရှိ လူနီများနှင့် အာဖရိကလူမျိုးများအားလည်း ဝေငှပေးကြောင်းသိရသည်။ ကမ္ဘာစစ်ဖြစ်ပေါ်စေပြီး အနာရောဂါ ပွါးများစေရန် AIDS၊ ကင်ဆာ၊ ဝက်ကြက်အနာတွေ ပေါ်စေသည်။ ထိုရောဂါများကုသရန် ဆေးဖေါ်ထုတ်ပြီး ထိုဆေးထဲတွင် ဖြည်းညှင်းစွာ အသက်တိုစေသောဆေးထည့်ပြီး လူတို့အားသတ်ဖြတ်ကြခြင်းဖြစ်သည်။ ကျွန်ုပ်တို့ အမြဲသုံးနေကျ သွားတိုက်ဆေးထဲတောင်မှ အဆိပ်ဖြစ်သော fluorite ထည့်ထားသည်။
Fluorite ဆေးသည် အဏုမြူဗုံး လုပ်ရာ၌ အသုံးပြုသောဆေးတမျိုးဖြစ်ပြီး သွားကိုဖြူစေ သော်လည်း အသက်ကို အန္တရာယ်ဖြစ်စေသော အဆိပ်ဓါတ်ငွေ့တမျိုးဖြစ်သည်။ Chlorine ကို ရောဂါပိုးသတ်ရန် ရေသန့်စင်ရာ၌ သုံးကြသည်။ ဒုတိယကမ္ဘာစစ်အတွင်း နာဇီများသည်
ဂျူးလူမျိုးများကို မြေအောက်တိုက်ထဲသွင်းပြီး Chlorine အငွေ့လွတ်ကာ သန်းပေါင်းများစွာ သတ်ခဲ့သည်။
ဦးဏှောက်အလုပ်မလုပ်အောင် ထုံထိုင်းစေရန်လည်း သုံးကြသည်။
ထိုဆေးမျိုးထည့်ထားသော သောက်ရေ သုံးသူသည် တဖြည်းဖြည်းနှင့် အဆင့်မှီအောင်အလုပ်မလုပ်နိုင်တော့ချေ။ ဤနေရာ၌
တခြားဖေါ်ပြ၍ မရနိုင်သော အကြောင်းများစွာလည်း ရှိသေးသည်။
No comments :
Post a Comment