Friday, March 1, 2013

ရခိုင်ပညာရှင်တစ်ဦး၏ အောက်မေ့ဖွယ်ရာစကား

ကမ္ဘာပေါ်တွင် ရှေ့အကျဆုံး လူမျိုးများ၏ ဘဝသမိုင်းကို လေ့လာရာတွင် ကိုယ်ခန္ဓာ အစိတ်အပိုင်း တို့ကို (အ) အက္ခရာဖြင့် ခေါ်ဝေါ်ကြသည်ကို အနောက်တိုင်းပညာရှင် ကမ္ဘာ့ သုတေသီတစ်ဦးက ပြောကြား သည်ကို တွေ့ရှိရသည်။ ငါတို့ ရခိုင်ပြည်တွင် မုနိ (ဏိ) (၅) ဆူသွန်းဓါတ်တော် အစစ်ရှိသည်။ တဆက်တည်းမှာ ရခိုင်ပြည် ထီးနန်းစိုးစံနေခဲ့သော လူမျိုးဖြစ်သည်။ ဗုဒ္ဒဘာသာအယူရှိသည်။ သာယာဝပြောသော တိုင်းပြည်တစ်ပြည် ဖြစ်သည်။
(သိလိုက်ကတ်ပါ) စပါး၊ ရွှေ၊ ငွေ ရတနာများ ကိုစုပုံပြီး ဓါတ်ရွှေဂူ တည်ထားကိုးကွယ်ခဲ့သည်။ သက္ကရာဇ် (၂၀၀၀) ကျော်လောက်ဆိုပါက ကမ္ဘာ့သုတေသီ တို့က သာယာဝပြောသော တိုင်းပြည် တစ်ပြည် ဖြစ်မည်ဟု ခန့်မှန်းကြသည်။ (ရခိုင်သားရို သတိထားကပ်ပါ။ အခြားလူတို့က သွေးထိုးသော နည်းဗျူဟာကို နားမလည်ပဲ ရခိုင်၊ ရခိုင်ချင်းသတ်ကြ၊ နှိပ်ကွက်ကြ၊ အမျိုးဘာသာဖျက်ဆီး၊ နမိတ်၊ ဘုရားကို ယတြာလုပ်လျှင်လည်း ရခိုင်သားဘုရားဖောက်၊ သမိုင်း စာ ဖျက် လည်း ရခိုင်သား၊ ရခိုင်သားရို သတိထားကပ်ပါ။ အခုပြောကတ်တေ လူမျိုးက သွေးခွဲမရအောင် ဖြစ်နီပါရေ။) ခေတ်အဆက်ဆက်ပြောင်း လဲလာ ခဲ့သည့် ဓညဝတီခေတ်၊ ခရစ်တော်မပေါ်မီ နှစ်ပေါင်း (၃၀၀၀) ကျော်ခန့်က ရခိုင်ပြည်မြောက်ပိုင်း ဒေသသ၌ မာရယုမင်း တည်ထောင်ခဲ့သည်။ ဓညဝတီမြို့တော်သည် ယခုခေတ် ပလဝအနီး တောင်ကုန်းဒေသ၌ ဖြစ်ခဲ့သည်ဟု အဆိုရှိခဲ့သည်။ (ယင်းအတွက်နဲ့ မာရာယုမင်း ဆက်ကစပြီး သိကပ်ပါ။ မာရာယုမင်းကို မြိုအမျိုးသား မွေးစားခဲ့သည် ရခိုင်အစစ် ချင်းက ပြောကပ်ပါရေ။ စကားကိုသတိနှင့် ပြောကတ်ပါမယ်။ မာရယုနှင့် မဘီရို့က ရရေသား ရခိုင်ပြည်မင်း ဆက်ခံဖြစ်ပါရေလို့ မှတ်ထားလိုက်ကတ်ပါ။ ဓညဝတီတွင် ရှေ့အကျဆုံးလူမျိုးဖြစ်ကြသည်ကို သမိုင်းကျောက်စာတွင်ပါရှိ၏။ ရခိုင်သားရို့ မြိုနှင့်ခွဲထွက်ဖိုး မကြိုးစားပါနှင့်။ ဤလူမျိုးကိုမောင်းထုတ်ကေ ရခိုင်သားဒုက္ခ ရောက်လိမ့်မည်။ သတိထားကတ်ပါ။ ခရစ်မပေါ်မှီ နှစ်ပေါင်း (၅၀၀၀) ကျော်ခန့်က အနောက်တိုင်းက ဆင်းသက်လာပြီး ကစ္ဆပနဒီ (ခေါ်) ကုလားတန်မြစ်၊ မီးချောင်း၊ ပီချောင်း နှင့် ရမ်းချောင်းတို့တွင် နေထိုင်ကြသည်ကို နေရာအထောက်အထား လုံလောက်စွာရှိနီရေ။) ဓညဝတီ၊ ဝေသာလီခေတ်၊ ရခိုင်ပြည်မြောက်ဦး ထီးနန်းစိုက်သည်အထိ သမိုင်းကျောက်စာ တွင်ပါရှိသည်။ နယ်ချဲ့အင်္ဂလိပ်အစိုးရသည် ဓညဝတီတွင် မြိုအမျိုးသားများသည် ကတိတည်၏။ သစ္စာကြီး၏။ မဟုတ်မမှန်မလုပ်။ ဗုဒ္ဓဘာသာ အယူခံရှိ၏။ အင်္ဂလိပ်အစိုးရက မြိုအမျိုးသားများအား စုဝေးပြီး ပြည်နယ်ပေးရန်လာသောအခါ မြိုအမျိုးသားတို့၏ သင်္ကြန်ဝါခေါင်လဖြစ်နေ၍ ပြည်နယ်ပေး၍မရ။ နောက်တကြိမ်လာသောအခါ မြိုအမျိုးသားတို့၏ ကြီးကျယ်သော တန်းလျာပွဲတော်ကြီး ကျင်းပသည်နှင့် ကြုံပြန်သဖြင့် ပြည်နယ်ပေးရန်မဖြစ်ခဲ့ပေ။ နောက်ဆုံးတတိယအကြိမ် လာပြန်၏။ အာဏာကြီးမားသော တောင်ပိုင်းမင်းသားနှင့် ချောင်းပိုင်မင်း၏ သမီးလက်ထပ်မင်္ဂလာ ပွဲတော်က ကျင်းပနေ၍ ပြည်နယ်မပေးဖြစ်။ ထိုအခါ တောင်ပိုင်းမင်းက အစေခံ ရခိုင်သားတစ်ယောက်ကို အင်္ဂလိပ်ထံမှ ပြည်နယ်ယူရန် စေလွတ်လိုက်သည်။ တောင်ပိုင်းမင်းက စေလွတ်လိုက်သည့် အစေခံရခိုင်သားကို အင်္ဂလိပ်တို့က မေးမြန်းလေရာ တောင်ပိုင်းမင်းက မိမိအစေခံအား စေလွတ်လိုက်ကြောင်း သူသည်ရေကြိုင်သား ဖြစ်ကြောင်း ပြော၏။ယင်းအတွက်ကြောင့် ယခုရခိုင်ပြည် ဖြစ်ရသည်။ (မြိုအမျိုးသားတို့သည် အစားအသောက်ကြူးတတ်သော လူမျိုးဖြစ်၍ ပေးသောအခွင့်အရေးများ ဆုံးရှုံးလိုက်ရရေ။ ယင်းအတွက်နဲ့ မြို၊ ရခိုင်မခွဲဘဲနေကြပါလို့ ကျွန်တော်ပြောလိုက်ပါရေ။ မြိုကို ရန်စ နှင်ထုတ်ကေ ချင်းကရန်စပြီး ရခိုင်အမျိုးသား ပြုန်းလိမ့်မည်။ ရခိုင်သားရို့ အေလူမျိုးတိ ထိပ်တက်ဖိုးရှိပါရေ။ အစားအသောက်မက်ရေ အေလူမျိုးကို အရက်သေစာ၊ ဖဲသွင်းပြီး ကိုယ့်ဖက်ပါအောင်စည်းရုံးမှသာ တပန်းသာမယ်။) ရခိုင်ပြည် စန္ဒရားမင်း ကိုဆက်ပါ။ မြိုမင်း၊ ပဲဖြူမင်းထိ၊ ပဲဖြူမင်းသည် ကောဇာသက္ကရာဇ် ၁၃၈(AD - ၇၇၆) ဖြစ်သည်။အမြရတူ၊ အမြရကူ၊ ပဲဖြူမင်းထိ ဖြစ်သည်။ (၁၃၄၈-ခု၊ ၁၃၄၉) ခုနှစ် ရခိုင်ပြည်မြောက်ပိုင်း ရခိုင်ပညာရှိ ပဏ္ဍိဦးသာထွန်းသည် သမိုင်းသုတေသီ တစ်ဦးအနေဖြင့် ဘုရင်ရာဇာ တည်ဆောက်ခဲ့၍ ရာဇာမုနိ (ဏိ) ဘုရားရင်ပြင်တော်ပြောကြားသည့် မိန်းခွန်းမှ) ရေးသားဖော်ပြခြင်းဖြစ်သည်။

မြို(ခေါ်)ခမိအမျိုးသားညီညွတ်ရေးပါတီ ဥက္ကဌ ဦးစံသာအောင်ထံမှ ရရှိလာသောနဂိုစာရွက်အတိုင်း ရေးသားတင်ပို့သည်။။
..................................................

ရခိုင်ပညာရှင်တစ်ဦး၏ အောက်မေ့ဖွယ်ရာ စကားလုံးများ..........ကိုထောက်ပြလျက်...........

အနောက်တိုင်းပညာရှင်နှင့် ကမ္ဘာ့သုတေသီတစ်ဦးသည် ကမ္ဘာပေါ်တွင် ရှေ့ အကျဆုံးဘ၀၊ လူ့သမိုင်းကိုလေ့လာရာတွင် ကိုယ်ခန္ဓာ အစိတ်အပိုင်းကို(အ) အက္ခရာဖြင့် ခေါ်ဝေါ်ကြသည်ဟု တွေ့ ရှိကြသည်။ ရခိုင်ပြည်မြောက်ပိုင်း ပဏ္ဍီဦး သာထွန်းသည် ၁၃၄၈ ခု၊ ၁၃၄၉ ခုနှစ်တွင် ရခိုင်ပြည်သမိုင်း သုတေသီအဖြစ်ဖြင့် ဘုရားရာဇာတည်ထားသော သောရာဇာမုဏီဘုရားရင်ပြင်တော်တွင် မိန့် ခွန့် ပြောကြားခဲ့သည်။
င်္ ´´ ငါတို့ ရခိုင်ပြည်တွင် မုဏီ(၅)ဆူ သွန်းဓါတ်တော် အစစ်ရှိ၏ တဆက်တည်းမှာ ရခိုင်ပြည် ထီးနန်း စိုးစံနေသော လူမျိုးဖြစ်သည် ဗုဒ္ဓဘာသာ အယူရှိသည်။ သာယာဝပြောသော တိုင်းပြည်တစ်ပြည်ဖြစ်သည်။ သိလိုက်ကြပါ။ စပါး၊ ရွှေ၊ ငွေ၊ ရတနာများကို စုပုံပြီး ဓါတ်ရွှေဂူတည်ထားကိုးကွယ်ခဲ့သည်။ သက္ကရာဇ် ၂၀၀၀ ကျော်လောက်ဖြစ်ပါက ကမ္ဘာ့သုတေသီတို့ က သာယာဝပြောသော တိုင်းပြည်ဖြစ်မည်ဟု ခန့် မှန်းကြသည်ဟု ရခိုင်သားတို့ သတိထားကြပါ။ ရခိုင်ပြည်တွင် နေထိုင်သော အခြားလူမျိုးတို့ က သွေးထိုးပေးနည်းဗျူဟာကို နားမလည်ဘဲ ရခိုင်အချင်းချင်းသတ်ကြနှိပ်ကွက်ကြ အမျိုးဘာသာ ဖျက်ဆီးနိမိတ်ဘုရားကို ယတြာလုပ်ချင်းလည်း ရခိုင်အမျိုးသား သစ္စာဖောက်လည်း ရခိုင်သား ဘုရားဖောက်...သမိုင်း...စာဖျက်လည်းရခိုင်သား ရခိုင်သားတို့ သတိထားကြပါ။ ယခုပြောနေသော လူမျိုးများက သွေးခွဲမရအောင် ဖြစ်နေပါသည်။ ခေတ်အဆက်ဆက်ပြောင်းလဲလာခဲ့သည်။ ဓည၀တီခေတ် ခရစ်မပေါ်မီ နှစ်ပေါင်း ၃၀၀ ကျော်ခန့်  ရခိုင်ပြည်မြောက်ပိုင်းဒေသတွင် မာရာယုမင်းတည်ထောင်ခဲ့သော ဓည၀တီမြို့ တော်သည် ယခုခေတ် ပလက်ဝမြို့ အနီး တောင်ကုန်းဒေသတွင်ဖြစ်ခဲ့သည်ဟု အဆိုရှိသည်။ အဲ့ဒီအတွက် မာရာယုမင်းဆက်က စပြီးသိထားကြပါ၊ မာရာယုမင်းကို မြို(ခေါ်)ခမီ အမျိုးသား သင်းကြီး အောင်လာက မွေးစားပြီး မဘီနှင့် ထိမ်းမြောက်ပေးစားခဲ့သည်။ အဲ့ဒီအတွက် ရခိုင်အစစ်(ချင်း)ဟု ပြောဆိုနေကြပါသည်။ စကားကို သတိနဲ့ ပြောကြပါ၊ မာရာယုမင်းနဲ့ မဘီတို့ ရသော သား ရခိုင်ပြည်မင်းဆက်ခံဖြစ်ပါသည်ကို မှတ်ထားကြပါ....ရခိုင်သားတို့ .......ဓည၀တီတွင် ရှေ့ အကျဆုံး မြို(ခေါ်)ခမီ လူမျိုးများဖြစ်ကြသည်ကို သမိုင်းကျောက်စာတွင်ပါရှိ၏။ ရခိုင်သားတို့  မြို(ခေါ်)ခမီ လူမျိုးနဲ့ ခွဲထုတ်ဖို့ မကြိုးစားပါနှင့် ၄င်းလူမျိုးများကို ရခိုင်ပြည်မှ မောင်းထုတ်လျင် ရခိုင်သားတို့ ဒုက္ခ ရောက်လိမ်မည်။ သတိထားကြပါ....ရခိုင်သားတို့ .........
ရခိုင်သားတို့ .....ခရစ်မပေါ်မီ နှစ်ပေါင်း ၅၀၀၀ ကျော်ခန့် က အနောက်တိုင်းက ဆင်းသက်လာပြီး ဂစ္ဆပနဒီ ကုလားတန်မြစ်၊ မီးချောင်း၊ ပီချောင်း၊ ရမ်းချောင်းတို့ တွင် နေကြသည်ကို နေရာ အထောက်အထားလုံလောက်စွာရှိပါသည်။ ဓည၀တီ၊ ဝေသာလီခေတ် ရခိုင်ပြည်မြောက်ဦးထီးနန်းစိုးစံသည်အထိ သမိုင်းကျောက်စာတွင်ပါရှိသည်။ နယ်ချဲ့ အင်္ဂလိပ်အစိုးရသည် ဓည၀တီတွင် မြို(ခေါ်)ခမီ အမျိုးသားများသည် ကတိတည်၏၊ သစ္စာကြီး၏၊ မဟုတ်မမှန်မလုပ် ဗုဒ္ဓဘာသာ အယူခံရှိ၏၊ အင်္ဂလိပ်အစိုးရသည် မြို(ခေါ်)ခမီ အမျိုးသားတို့ အား စည်းဝေးပြီး ပြည်နယ်ပေးရန်စီစဉ်ပေးသော်လည်း မရ၊ နောက်တစ်ကြိမ်ပြန်လာသော်လည်း မြို(ခေါ်)ခမီ အမျိုးသားတို့ သင်္ကြန်(၀ါခေါင်လ)ဖြစ်သည် ပြည်နယ်ပေးသော်လည်းမရပေ၊ နောက်တစ်ကြိမ်လာသော်လည်း မြို(ခေါ်)ခမီ အမျိုးသားတို့ ၏ ကြီးကျယ်သော ရိုးရာဓလေ့ တန်းများပွဲကြီး ကျင်းပသည်နှင့် ပြည်နယ်ပေးသော်လည်းမရဖြစ်ပေသည်။ နောက်ဆုံးတတိယအကြိမ်ပြန်လာသော်လည်း အာဏာမင်းကြီး တောင်ပိုင်းမင်း၏ သားတော်နှင့် ချောင်းပိုင်မင်း၏ သမီးလက်ထပ်မင်္ဂလာပွဲဖြစ်သည်နှင့် ပြည်နယ်ပေးရန်မရသောကြာင့် တောင်ပိုင်းမင်း၏အစေခံ ရခိုင်အမျိုးသားတစ်ယောက်ကို အင်္ဂလိပ်ထံ ပြည်နယ်ရယူရန် စေလွှတ်လိုက်သည် တောင်ပိုင်းမင်းက စေလွှတ်လိုက်သည့် အစေခံ ရခိုင်အမျိုးသားကို အင်္ဂလိပ်အစိုးရက မေးမြန်းရာ တောင်ပိုင်းမင်းက မိမိအစေခံအား စေလွှတ်လိုက် ကြောင်း သူသည် ရေကြိုင်သားဖြစ်၏။ အဲ့ဒီအတွက် ယခုရခိုင်ပြည်ဖြစ်သည်ဟု မြို(ခေါ်)ခမီ အမျိုးသားတို့  အစားအသောက်ကြူးတတ်သောလူမျိုးဖြစ်သည်နှင့် ပေးအပ်သော အခွင့်အရေးများ ဆုံးရှုံးလိုက်ပြီး ဖြစ်ကြောင်းကို ရခိုင်သားတို့ .......သိရှိအောင် ပြောကြားခြင်းဖြစ်ပါသည်။........
အဲ့အတွက်ကြောင့် မြို(ခေါ်)ခမီ၊ ရခိုင် မခွဲခြားဘဲနေကြပါလို့  ကျွန်တော်ပြောလိုက်ပါတယ်....
မြို(ခေါ်)ခမီ လူမျိုးကို ရန်လည်းမစနင်ထုတ်က ချင်းလူမျိုးက ရန်စပြီး ရခိုင်လူမျိုးပျောက်ကွယ်သွားလိမ်မည်။ ရခိုင်ဟူသည် ဗုဒ္ဓဟူးနာမ်ဖြစ်သည် ရခိုင်ဟုသော ဗုဒ္ဓဟူးနာမ်ကို ရန်သုံးရန်နှင့် သတ်သော်ရခိုင်လူမျိုး ပျောက်ကွယ်မည် ရန်(၃)ရန်ဆိုသည်မှာ လူမျိုး(၃)မျိုးကိုဆို၏ .....ရခိုင်သားတို့ ၎င်းလူမျိုးများကတိုးတက်ဖွံ့ ဖြိုးရေးတွင် ထိပ်ဆုံးတွင် တက်လှမ်းရန်ရှိပေသည်။ အစားအသောက်ကြူးတတ်သာ ၄င်းလူမျိုးများကို အရက်သေစာ၊ ဖဲ သွင်းပါ မိမိဘက်ပါလာအောင်စည်းရုံးမှသာ ရခိုင်သားများ အောင်မြင်မည်ဆိုသည်ကို သတိထားကြပါ......ဓည၀တီသမိုင်းကို ကြည့်မည်ဆိုလျင် ခရစ်သက္ကရာဇ် AD ၆၈၆ ခုနှစ် ရေးထိုးခဲ့သော အနန္တစဒ္ဒြ ကျောက်စာ အပိုဒ် ၃၃ တွက်ဖော်ပြသော ပုရမ္ဗုရမြို့ တို့  သမီး ပထမ၀င် မြေပုံနှင့် သရကူမြို့  ထိုမြို့ များသည် ဂင်္ဂါမြစ် အနောက်ဘက်တွင်ရှိပြီး ရခိုင်ပြည်နယ်တွင် ပါဝင်ပြီး မြို့ စားအဖြစ် အုပ်ချုပ်သော မဟာဝီရဝေသာလီခေတ်ကျောက်လှေကားမြို့ တွင်
မြို(ခေါ်)ခမီ စနြားမင်းကို ဆက်ခံသည်ဟု ကျောက်စာတွင်ပါရှိသည်။ ၄င်းအတွက်ကြောင့် ရခိုင်လူမျိုးများ သတိထားပြီး လုပ်ဆောင်ကြပါလို့ ပြောကြားရင်း နိမ့်ဂုံးချုပ်ပါသည်။...................
 ကိုခင်မောင်တင်ပြန်လည်ပို့သည်

No comments :

Post a Comment