Sunday, March 3, 2013

LUCIFER (လူစီဖါ စာတန်၏အမှောင်လျို့ဝှက်အကြံအစည်တချို့ ဖေါ်ပြချက် ၂) (အင်္ဂလိပ်နာမည်မှ အသံထွက်ကိုလိုက်ပြီး မြန်မာလိုပြန်ထားသည်)


လျှို့ဝှက်အဖွဲ့အစည်းကြီး                                                                                              ဧဖက် ၆း၁၀-၁၃ ၌စာတန်၏လုပ်ဆောင်မှုအချို့အား ဖော်ပြထားသည်။ နမော်နမဲ့ မဖတ်ကြပါနှင့်။ “အကြောင်းမှုကား ငါတို့သည် သွေးသားရှိသော ရန်သူတို့နှင့် ပြိုင်ဆိုင်တိုက်လှန်သည်မဟုတ်၊ အထွဋ်အမြတ်တို့နှင့်၎င်း၊ အာဏာစက်တို့နှင့်၎င်း၊ လောကီမှောင်မိုက်၌ အစိုးတရပြုသော
မင်းတို့နှင့်၎င်း၊ မိုးကောင်းကင်၌နေသော နတ်ဆိုးတို့နှင့်၎င်း တိုက်လှန်ကြ၏။” လူစီဖါသည် အနည်းငယ်သော လူတစုတို့ ထဲ၌ ၀င်ခိုပြီး ဤကမ္ဘာမြေကြီးပေါ်ရှိ ကျွန်ုပ်တို့အား ဖိနှိပ်အုပ်ချုပ်နေ၏။ သိမြင်ဖို့အတွက်တခုကတော့ ဘုရားသခင်၏အစီအစဉ် (plan) ဖြစ် နေသော ပုရောဖက်နှုတ်ထွက်စကားများ ပြည့်စုံစေဖိုက နတ်ဆိုးမင်းများကို သုံးနေသည်ဟုသိရသည်။ ထိုနတ်ဆိုးများက ဤလူစုတို့ကို သုံး ကြသည်။ ထိုလျှိုဝှက်အဖွဲ့အစည်သည် လူစီဖါ၏ကျွန်ဖြစ်သလို လူစီဖါကိုယ်တိုင်ကလည်း ဘုရားရှင်၏ကျွန်ဖြစ်သည်။ သူတို့လျှို့ဝှက်မိုက်မဲ မှုတွေထဲက ဘုရား၏ဂုဏ်တော်ပိုမိုထင်ရှားစေပြီး ပုရောဖက်များ၏ နှုတ်ထွက်စကားများ ပြည့်စုံစေသောကြောင့် နုတ်ကပတ်တော်ပြည့်စုံစေ သော အစီအစဉ်များဟုပြောနိုင်၏။ ဤနေရာ၌ဖော်ပြချင်သည်မှာ စာတန်ကို၎င်း၊ လျှို့ဝှက်အဖွဲ့အစည်းကို၎င်း ကြောက်စရာမလိုပါ။ သူတို့ကို သိပ်ပြီး ဒေါသထွက်စရာလည်းမလိုပေ။ ကျွန်ုပ်တို့သည် ဘုရားသခင်၏အကြံအစည်တော်များကို သာ၍သိနားလည်ရပြီး၊ ပိုမို၍ဘုရားသခင်၏ ဂုဏ်တော်ကိုချီးမွမ်းရန်ပင်ဖြစ်၏။ လျှို့ဝှက်နက်နဲစွာ ကျစ်ကျစ်လစ်လစ်ဖေါ်ဆောင်နေကြသောကြောင့် လူအများမသိကြ။ တချို့ကသိကြ သည့်တိုင် တပါးသူကိုမပြောပြပေ။ တချို့က နားမလည်လို့မပြောကြပေ။ တချို့ကသိကြပေမဲ့ မယုံကြသဖြင့် ငုံနေကြသည်(သို့မဟုတ်) အမှတ်တမဲ့နေကြသည်။ စာတန်၏လူထိုအဖွဲ့ကို “The Secret Society, The Illuminatis” ဟုခေါ်သည်။ ဤအကြောင်းများကို ၂၀၀၀ ခုနှစ်မှစ၍ လေ့လာ ခဲ့ရာ ဤအထိလေ့လာနိုင်ခဲ့ပြီး အားလုံးဖေါ်ပြလို့ မဖြစ်သေးပါ။ အနည်းငယ်အားဖြင့် စာဖတ်သူတို့အား ဤကဲ့သို့အဖွဲ့အစည်း ရှိသည်ဟုအသိ ပေးခြင်းသာဖြစ်၏။ ဤအဖွဲ့အစည်းသည် ပုန်းအောင်းပြီး ကမ္ဘာကိုအုပ်ချုပ်နေ၏။ လွန်ခဲ့သော ရာစုလောက်မှသာ တချို့တလေပေါ်လာ၏။ ဤအဖွဲ့အစည်း၌ပါဝင်ခဲ့သောပုဂ္ဂိုလ်အချို့သည် မကောင်းမှန်းသိသွားသောအခါ ထွက်သွားပြီး ဖေါ်ထုတ်မှုတွေ တွေ့ရကြသည်။ ဤအချိန်တွင် သူတို့၏လျှို့ဝှက်ချက်များကို ကြာကြာလျှို့ဝှက်မရနိုင်ကြောင်း သိရ၏။ ယခုတွင် တီဗွီ၊ အင်တာနက်၊ youtube တွေမှ ပို၍ ပေါ် ပေါက်လာကြသည်။ ဤပညာများတိုးတက်လာသောကြောင့် ဘုရားသခင်ကို ကျေးဇူးတင်မဆုံးပါ။ ၁၉၆၇ ခုနှစ်တွင် Anthony Hilder က အမေရိကန်နိုင်ငံ၏ လျှို့ဝှက်အဖွဲ့အစည်းအလုပ် (America’s Secret Society Network) အစီအစဉ်ကို ဖေါ်ထုတ်ခဲ့သည်။ ထိုသူနှင့် Jordan Maywell တို့နှင့်အတူ Skull and Bones Societs (ဦးခေါင်းခွံအဖွဲ့အစည်း) အဖွဲ့၊ အမေရိ ကန်သမ္မတ George W.Bush လည်းအပါအ၀င် Johnkerry တို့သည် ဦးခေါင်းခွံအဖွဲ့အစည်းဖွင့်လှစ်တည်ထောင်ထားသော Yale University ကျောင်းတက်ခဲ့ကြသည်။ သူတို့အား နောက်နောင်၌ သမ္မတလောင်းတွေ ဖြစ်ဖို့ရန် လျာထားပြီးသားဖြစ်သည်။ http://trueconspiracyblog.blogspot.com/2007/08/interview-with-antony-hilder.html                                       မည်သူတွေနည်း?                                                                                               ကမ္ဘာ့သူဌေးကြီးအချို့၊ ပညာရှိအချို့၊ နာမည်ကြီးပုဂ္ဂိုလ်အချို့တို့သည် ဤအဖွဲ့၌ ပါဝင်ကြသည်။ တိုင်းပြည်အုပ်ချုပ်အဆင့်ရှိ ပုဂ္ဂိုလ်များဖြစ် ကြသော ဘုရင်များ၊ သမ္မတများ၊ ဗိုလ်ချုပ်ကြီးများ၊ သိပ္ပံပညာရှင်များ၊ တရားသူကြီးများ၊ ဘဏ်မန်နေဂျာအချို့၊ ဆေးဖက်ပါရဂူ ဆရာဝန် ကြီးအချို့၊ ဂီတပညာရှင် အဆိုတော်အချို့နှင့် ဤကဲ့သို့အဖွဲ့တွေထဲမှ နာမည်ကြီး စွမ်းဆောင်နိုင် သူများကို ထည့်သွင်းကြ၏။ မပါဝင်ရသေးသူများကို လည်း နောက်တွင်အဖွဲ့ဝင်များ အဖြစ် ပါဝင်စေသည်။ Aluminatis ၏ အဓိပ္ပါယ်ကတော့ “enlightened ones” ဖြစ်ပြီး ပညာရှိသူများ၊ မျက်စိရှင်သူများ၊ အလုံးစုံကိုမြင်နိုင်စွမ်းသူများဟု အဓိပ္ပါယ်ရှိ၏။ သူတို့၏ တံဆိပ်လက္ခဏာ များကိုကြည့်လျှင် မျက်စီကို ပီရမစ်ကြီး၏ ထိပ်ခေါင်း၌ တပ် ထားကြသည်။ အဓိပ္ပါယ်မှာ ကမ္ဘာပေါ်ရှိအားလုံးကို သူတို့က အပေါ်စီးမြင်နိုင်သူများဖြစ်ကြသည် ဟုဆို လိုသည်။  မည်သည့်အချိန်တွင်စတင်တည်ထောင်ခဲ့သနည်း?                                           တချို့က ရှေးအီဂျစ်ပြည်မှ စတင်ခဲ့သည်ဟုဆိုကြ၏။ အကြောင်းမှု ဤအဖွဲ့ ရှိခိုးသော၊ ကိုင်ဆောင်သောအမှတ်အသားများ၌အီဂျစ် လူမျိုးများ ကိုးကွယ်ခဲ့သောအရာများပါဝင်ကြခြင်းကြောင့်ဖြစ်သည်။ နေပုံပါနေခြင်းသည် ရှေးအီဂျစ်လူမျိုးများ နေကိုကိုးကွယ်ခဲ့သောကြောင့် ဖြစ်သည်။ တချို့က ဣသရေလရှင်ဘုရင်ဒါဝိတ်၏ကြယ်ပုံပါခြင်းကြောင့် ရှေးဒါဝိတ်နှင့်ရှောလမုန်မင်းတို့ လက်ထက်မှ စတင်ခဲ့သည်ဟုလည်း ဆိုကြသည်။

No comments :

Post a Comment