Saturday, March 23, 2013

ရယ်ဖို့ မမေ့နဲ့

တန်ဖိုးမရှိသောသူ

သူငယ်ချင်းနှစ်ယောက် အလောင်းအစားလုပ်ကြသည်။တက္ကစီကားမှတ်တိုင်သို့ရောက်လာပြီး တစ်ယောက်က တက္ကစီကားဒရိုင်ဘာကိုမေးသည်။
``ဒီကနေ မြို့ထဲကို ဘယ်လောက်ပေးရမလဲ။´´
``နှစ်ရာ´´
``ကျွန်တော့်သူငယ်ချင်းပါ ကျွန်တော်နဲ့လိုက်မယ်ဆိုရင်ကော´´


``နှစ်ရာပါပဲ´´
``ကြားတယ်မဟုတ်လား ဘမောင်၊ မင်းဟာ ဘာတန်ဖိုးမှမရှိတဲ့အကောင်ဆိုတာ ယုံပြီလား။´´

.........................................
မှီနိုင်သေးတယ်

အမျိုးသမီး၏နောက်သို့လူငယ်တစ်ယောက် ပြေးလိုက်လာပြီးပြောသည်။
``ဒီမှာခင်ဗျာ၊ ဒီမှာခင်ဗျာ´´
အမျိုးသမီး ပြန်လှည့်ကြည့်ပြီး မေးသည်။
``ကျွန်မကိုခေါ်တာလား ဘာကိစ္စလဲ´´
``ဘတ်စ်ကားပေါ်မှာ ထီးမေ့ကျန်ခဲ့တာ ခင်ဗျားလား´´
အမျိုးသမီးလှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။
``ဟုတ်ပါရဲ့ ကျွန်မထီးမေ့ကျန်ခဲ့တယ်´´
``အဲဒါဆိုမြန်မြန်ပြေးလိုက်၊ကားကအခုမှ စထွက်ကာစပဲရှိသေးတယ်။´´

.......................................

 လူမှားခြင်း

တနေ့မှာ အမျိုးသမီးတယောက်ဟာ နေမကောင်းတဲ့ လသားအရွယ်ကလေးငယ်ကို ဆေးခန်း လာပြတယ်။ ဆရာဝန်က ကလေးကို စမ်းသပ်တဲ့အခါ ကလေးဟာ နို့မ၀လို့ နေမကောင်း ဖြစ်နေတာကို သိလိုက်တယ်။
“ကလေးကို နို့မတိုက်ဘူးလား”
“နို့လည်းတိုက်တယ်။ နို့မှုန့်လည်း ဖျော်တိုက်တယ် ဆရာ
“ကျနော် ခင်ဗျားကို နည်းနည်း စမ်းသပ်ကြည့်ချင်တယ်”
ဆရာဝန်ရဲ့ စကားကိုကြားတော့ အမျိုးသမီးက ရှက်ကို့ ရှက်ကန်းနဲ့…
“ဟို ဟို ကျမကလေ…ကျမက…
“မရှက်ပါနဲ့ ခင်ဗျ။ ကျနော်က စမ်းသပ်ရုံပါပဲ။ ခဏလေးပါ”
အဲဒီလိုပြောပြီး စမ်းသပ်ခန်းထဲမှာ အမျိုးသမီးရဲ့ နို့တိုက် အင်္ဂါတွေကို ဆရာဝန်က
စမ်းသပ်လိုက်တယ်။ ခဏကြာတော့ ဆရာဝန်က အမျိုးသမီးကို အပြစ်တင်တဲ့လေသံနဲ့
ပြောတယ်။
“ကလေးက ဘယ်လိုလုပ် နို့ဝမလဲဗျ။ ခင်ဗျားရဲ့ နို့တိုက်အင်္ဂါတွေမှာ နို့ရည်မှ မရှိတာ
အဲဒီမှာ အမျိုးသမီးက ဒေါသထွက်ထွက်နဲ့ ဆရာဝန်ကို ပြန်ပြောလိုက်တယ်။
“ဘယ်လိုလုပ် နို့ရည်ရှိနိုင်မလဲ။ ကျမက သူ့အဒေါ်ရှင့်…”
.......................................

ဈေးကြီးလိုက်တဲ့ ကြက်တူရွေး

အိမ်မွေးတိရစ္ဆာန်များရောင်းသော ဆုင်တစ်ဆိုင်အတွင်း ၀ယ်သူတစ်ဦး ရောက်ရှိလာလေသည်။
ဝယ်သူ။ ။ ကြက်တူးရွေးတစ်ကောင်လောက် လိုချင်တယ်။
ဆိုင်ရှင်။ ။ ရပါတယ်။ ဒီကြက်တူရွေးက ဒေၞလာ ၅၀၀၊ ကွန်ပျူတာ
ကောင်းကောင်းအသုံးပြုတတ်တယ်။
ဝယ်သူ။ ။ တယ်ဟုတ်ပါလား။
ဆိုင်ရှင်။ ။ ဒီကြက်တူရွေးက ရုပ်မြင်သံကြား ဖွင့်တတ်၊ ပိတ်တတ်ပြီး
သီချင်းလည်းဆိုနိုင်ပါတယ်။ ဒေၞလာ ၁၀၀၀။
ဝယ်သူ။ ။ မဆိုးပါဘူး
ဆိုင်ရှင်။ ။ ဒီကြက်တူရွေးကတော့ ဒေၞလာ ၃၀၀၀ ပါ။
ဝယ်သူ။ ။ ဈေးကြီးလိုက်တာ ...။ သူကကောဘာတတ်ပါသလဲ.....။
ဝယ်သူ။ ။ ဘာမှတော့မတတ်ပါဘူး။
ဆိုင်ရှင်။ ။ ဟင်ဘာဖြစ်လို့ ဈေးကြီးတာလဲ။
ဆိုင်ရှင်။ ။ မနက်တိုင်း ဟိုကြက်တူရွေးနှစ်ကောင်က သူ့ကို ဆရာကြီးလို့ခေၞါ်နေလို့ပါ။
....................................

လျှော့မပြောနဲ့

လူနာအမျိုးသမီးကြီးကို စမ်းသပ်စစ်ဆေးပြီးနောက် ဆရာဝန်က ပြောသည်။
"အင်း ခေါင်းက နောက်နေတယ်၊ အစာအိမ်လည်း သိပ်မကောင်းဘူး၊ ဒီကြားထဲ
ခင်ဗျားရဲ့ သွေးတိုးနှုန်းက အတော်လေး မြင့်နေပြန်တယ်။ ဒါနဲ့ ခင်ဗျား
အသက်ဘယ်လောက် ရှိပြီလဲ"
အမျိုးသမီးက မပွင့်တပွင့် ဖြေသည်။
"၂၈ နှစ်ပါ"
"ဪ မှတ်ဥာဏ်လည်း မကောင်းဘူးကိုး"
...................................

ခေါ်လိုက်စမ်းပါ..

 တစ်နေ့တွင် မောင်ညိုသည်ရဲစခန်းသို့ ဖုန်းဆက်လိုက်သည် "ဟဲလို ရဲစခန်းက ပါလားခင်ဗျာ ..
ကျွန်တော့်အိမ်နီးချင်း အကြောင်းကို တိုင်ချင်လို့ပါ .. သူ့အိမ်ရဲ့
ထင်းစင်ထဲမှာ ဆေးခြောက်တွေ ဖွက်ထားတယ် ခင်ဗျ" "အခုလို သတင်းပေးတာ ကျေးဇူး
အများကြီးတင်ပါတယ်" ရဲစခန်းမှ ပြန်ပြောသည်။ နောက်နေ့တွင် မောင်ညို၏
ဘေးအိမ်သို့ ရဲများ ရောက်လာသည်။ ရဲများက ထင်းစင်ရှိရာသို့ သွားကာ
ထင်းစများကို တစ်စချင်းကို ပေါက်ဆိန်ဖြင့် ခွဲကာ ရှာဖွေ ကြတော့သည်။
သို့သော် ဆေးခြောက်များကို မတွေ့ချေ။ ရဲများ ပြန်သွားပြီးနောက်
မောင်ညိုသည် သူ၏ အိမ်နီးချင်း မောင်စိမ်း ဆီသို့ ဖုန်းဆက်လိုက်သည်။
"ဟေ့ကောင် ခုနက ရဲတွေ လာပြီး ထင်းတွေ ခွဲသွားလား" "အေး ခွဲသွားတယ်ကွ"
"အေး .. ကောင်းတယ် .. အဲ့ဒါဆိုရင် မင်းအလှည့် .. ရဲတွေ ဆီကို
ဖုန်းခေါ်လိုက်.. ငါ့အိမ်က ဥယျာဉ် မြေဆွဖို့ လိုနေတယ်..
....................................

နေရာလွဲခြင်း

လူငယ်လေးတစ်ယောက်က ဂုဏ်သရေရှိလူကြီးတစ်ယောက်ကို ပီရ၀ါစာ
စကားနဲ့နှုတ်ဆက်တာပါ။ အလွန်ရိုကျိုးစွာနဲ့ မျက်နှာကို အချိုဆုံး ပြုံပြီး ………..
“အန်ကယ် …. စားပြီးပြီလားခင်ဗျာ”
“ဘာ ! …… ဘာကွ .. မင်းမိုက်ရိုင်းလှချေလား ဟေ့ကောင်
မင်း … မင်း ခွေးစကားမပြောနဲ့”
ဟုတ်ကဲ့။ အဲဒီလူကြိးက အိမ်သာထဲကအထွက်မှာ အမေးခံရလို့
ဒေါကန်သွားတာပါ။
ချိုသာသော စကားဆိုပေမယ့်လို့ နေရာလွဲရင် “ခွေးစကား”တဲ့။
.....................................

နောက်ဆိုမှတ်ထား

ပီတာလေးသည်သူငယ်ချင်းနှင့်အတူလမ်းလျှောက်လာသည်။တစ်နေရာအရောက်တွင်မြောင်းပေါက်တစ်ခုတွေ့ရာ
သူငယ်ချင်းကိုအကောက်ကြံလိုသဖြင့် ''မိုးပေါ်ကို ကြည့်လိုက်စမ်း မိကျောင်းတွေပျံနေတယ်''
သူငယ်ချင်းကမော့ကြည့်သည်၊ကံကောင်းစွာ မြောင်းပေါက်ထဲမကျချေ၊နှစ်ယောက်သားလမ်းဆက်လျှောက်သွားကြသည်
အနောက်မှ မြောင်းရေတွေပေကျံနေသော လူကြီးတစ်ယောက်လိုက်လာပြီးပြောသည်
''ကလေးတို့ နောက်ဆိုမှတ်ထား မိကျောင်းတွေဟာ ဘယ်တော့မှလေပေါ်မှာ မပျံတတ်ဘူး''
...............................

 မှန်ခွဲမိသူ

ထောင်သားအသစ်တစ်ယောက်ကို ထောင်သားအဟောင်းများကမေးကြသည်
''မင်းဘယ်နှနစ်ကျတာလဲ၊ဘာအမှူလဲ''
''အနှစ်နှစ်ဆယ်ပါ၊အမှူကတော့ ပြတင်းပေါက်မှန်ကိုခွဲမှူပါ''
''ဟာ ပြတင်းပေါက်မှန်လေးခွဲမိတာ အဲ့လောက်ကျရလား''
''ကျွန်တော်ခွဲလိုက်တဲ့ ပြတင်းပေါက်မှန် ကရေငုပ်သင်္ဘောကပါ''
..................................



No comments :

Post a Comment