Wednesday, March 13, 2013

တွေးတွေးပြီးရယ် ၅


အတုံ့အလှည့်

မော်စကိုမြို့၏ တစ်ခုသောအရက်ဘားသို့ လူကြီးတစ်ယောက်ဝင်လာပြီး၊ ဘီယာတစ်ခွက် မှာသည်။ ဘောက်ချာပေး
ရန်လည်း ပြောသည်။ လူကြီးသည်အိတ်ထဲမှ တစ်ရူဘယ်တန် အကြွေစေ့၂၇ စေ့ကိုထုတ်လိုက်ပြီး စားပွဲထိုး၏လက်ထဲ
မအပ်ဘဲ ဘားကောင်တာရှိရာ ဘေးဘက်သို့ပစ်ပေးလိုက်သည်။
ပိုက်ဆံများပြန့်ကျဲသွားသည်။

ဘားမင်း၏မျက်နှာ ဒေါသရောင်သန်းသွားသည်။ သို့သော် ဧည့်သည်ကို မည်သို့မှ ပြန်မပြောချေ။ ပိုက်ဆံများကို ကောက်
သိမ်းသည်။ စိတ်ထဲကတော့ မကျေနပ်။ နောက်တစ်နေ့တွင် မနေ့ကလူကြီး ရောက်လာပြန်ပြီး ဘီယာမှာသည်။ ၂၇ရူဘယ်
ပင်ကျရာ လူကြီးသည် အိတ်ထဲမှ ၅၀ရူဘယ်တန် ငွေစက္ကူတစ်ရွက်ကို ထုတ်ပြီး ဘားမင်းကို လှမ်းပေးသည်။

“ ဒီလူ့ကို ငါဒီတစ်ခါ ပြန်ဆုံးမရမယ်” ဟု ဘားမင်း တွေးလိုက်ပြီး ပြန်အမ်းငွေ ၂၃ရူဘယ် ကို တစ်ရူဘယ်တန်
အကြွေစေ့တွေချည်း ပေးလိုက်သည်။ ထို့နောက် “ ရော့ ပြန်အမ်းငွေ ” ဟုပြောကာ အခန်းထဲသို့ ပစ်ပေးလိုက်သည်။
ပိုက်ဆံများ ပြန့်ကျဲသွားသည်။ လူကြီးသည် စက္ကန့်ပိုင်းမျှ စဉ်းစားပြီး ချက်ချင်းပင်အိတ်ထဲမှ တစ်ရူဘယ်တန်အကြွေစေ့
၎စေ့ ထုတ်ကာ ဘားမင်းကို လှမ်းပြောသည်။

“ နောက်ထပ် ဘီယာတစ်ခွက် ”
........................................................................
 ဘယ်ရမလဲ

ဂျွန်နီကလေး ယနေ့ကျောင်းစတက်ရသည်။ အဖေဖြစ်သူက ဆရာမအား ``ကျွန်တော့်သားက အလောင်းအစားလုပ်တာ အရမ်းဝါသနာပါတယ်။ သူ့ကို သတိထားပါ`` ဟုပြောရာ ဆရာမက ``စိတ်မပူပါနဲ့၊ ကျွန်မငယ်ငယ်က သူ့ထက်တောင်ဆိုးသေးတယ်။ ကျွန်မ သူ့ကို ထိန်းနိုင်ပါတယ်`` ဟု
ဆိုသည်။
ညနေကျောင်းဆင်းချိန်တွင် ဆရာမက ဂျွန်နီကလေး၏ဖခင်အား ဂုဏ်ူယူစွာဖြင့် ``ဒီနေ့ အလောင်းအစားလုပ်တာ ကျွန်မ နိုင်လိုက်တယ်။ နောက်ဆို သူကျွန်မကို စိန်ခေါ်ရဲတော့မှာ မဟုတ်ဘူး။ ကျွန်မ တင်ပါးမှာ မှဲ့ရှိရမယ်လို့ သူက ငါးဒေါ်လာကြေး လာလောင်းလို့ မရှိဘူးဆိုတဲ့ အကြောင်း သူ့ကို သက်သေပြလိုက်တယ်လေ`` ဟု ဆိုရာ ဂျွန်နီလေး၏ ဖခင်က စိတ်ပျက်စွာဖြင့် ဆိုလိုက်သည်က ``အဲဗျာ…. ဒါဆို ကျွန်တော်တော့ ရှုံးပြီ။ သူက ဒီနေ့ နေ့မကူးခင် ဆရာမရဲ့ တင်ပါးကို ရအောင် ကြည့်ပြမယ်ဆိုပြီး ကျွန်တော်နဲ့ ဒေါ်လာ ၁၀၀ ကြေး လောင်းထားတာလေ…`` ။


အရှက်ကြီးတက်ပုံက

ဝင်ဒီက ပျော်ပွဲစားထွက်ခဲ့သည့်အကြောင်း ယောက်ျားကို ပြောပြသည်။
``ပင်လယ်ကမ်းခြေကို ခရီးထွက်ရတာ တော်တော်ပျော်စရာကောင်းတာပဲ။ ဒါပေမယ့် ဒီပျော်ရွှင်မှုတွေ တာရှည်မခံလိုက်ဘူး။``
ယောက်ျားလုပ်သူက ထိတ်ထိတ်ပျာပျာဖြစ်သွားပြီး ``ဘာတွေ ဖြစ်သေးလို့လဲ``
ဝင်ဒီက  ``ကျွန်မရေဆင်းကူးတာ ရေကူးရင်း အောက်ပိုင်းအဝတ် ကျွတ်သွားတယ်``။
ယောက်ျားလုပ်သူက ``ဘုရားရေ.. ဒါဖြင့် မင်းဘယ်လို ဖြေရှင်း လိုက်လဲ။``
ဝင်ဒီက ``ကျွန်မလို အရှက်ကြီးတဲ့ မိန်းမတစ်ယောက်အနေနဲ့ ဘာလုပ်မယ်လို့ ရှင်ထင်လဲ။ ရှက်လွန်းလို့ မျက်နှာကို လက်ဝါးနဲ့လုပ်ပြီး ဘန်ဂလိုအထိ တစ်ချိုးတည်း ပြန်ပြေးလာခဲ့ရတာပေါ့။``


လုံခြုံစိတ်ချရအောင်

ကလေးတစ်ယောက်စတိုးဆိုင်လာပြီးအမျိုးသမီးလစဉ်သုံးဂွမ်းထုပ်ဝယ်တယ်။
အရောင်းတာဝန်ခံကလျှာရှည်ပြီးမေးတယ်။
တာဝန်ခံ-ကလေးရဲ့အမေအတွက်လား။
ကလေး-ဟုတ်ပါဘူး။
တာဝန်ခံ-သြော်ဒါဆိုကလေးရဲ့အစ်မအတွက်ပေါ့။
ကလေး-သူ့အတွက်လည်းဟုတ်ဘူး။
တာဝန်ခံ-ဟင်ဒါဆိုဘယ်သူ့အတွက်လည်း။
ကလေး–ညီလေးအတွက်ပါ။တီဗွီမှာကြော်ငြာတယ်ဒါကိုသုံးထားရင်စက်ဘီးလည်းစီးနိုင်ပါတယ်၊
 ရေလည်းကူးနိုင်ပါတယ်၊
ဒါလေးနဲ့ဆိုလုံခြုံမှုရှိတယ်ဆိုလို့ပါ။

 သည်လိုငါ.
သား ကလေး ၊ ဖေဖေ၊ သားကို ဘယ်လိုမွေးလာတာလဲဟင် ဖခင် ၊ အေး၊ ငါ.သား။ မင်းတစ်နေ.နေ.မှာသည်လိုမေးမှာပဲလို.
ငါတွက်ထားတာကွ၊
ဒီလိုကွာ။ မင်းအမေနဲ.ဖေဖေ chat room မှာ chatting
လုပ်ရင်းသိခဲ့ကြတယ်။
နောက် cyber cafe ဆိုင်တွေကနေ email တွေအပြန်အလှန်ပို.ကြတယ်၊
ဒီလိုနဲ.နောက်ဆုံးမင်းအမေက ဖေဖေ.ကို download လုပ်နိုင်တယ်လို.
ခွင့်ပြူတယ်။ သူကလည်းဖေဖေ.ကို uploaded ပြန်လုပ်တယ်၊
ဖေဖေတို.နှစ်ယောက်လုံး firewall ချမထားမိဖူး၊ ပြီးတော့ delete button
ကိုလည်းမနှိပ်မိဖူး၊ နောက် ကိုးလကြာတော. မင်းကိုရလာတာပေါ.၊
အဲသည်အချိန်ကvirous အကိုက်မခံလိုက်ရတာလည်းပါတာပေါ.၊ current ကလည်းလုံးဝမှန်နေခဲ.တာ၊
မင်းကံကောင်းတယ်ငါ.သား၊
  
 ဆွေမျိုး
       

လင်မယားနှစ်ဦးသည် ကျေးလက်လမ်းတစ်လျောက် စကားတစ်ခွန်းမှမပြောဘဲ
ကားမောင်းလာကြသည်။ စောစောက ဆွေးနွေးပွဲတစ်ခုတွင် အငြင်းအခုံဖြစ်ကြရင်း
မည်သူကမှ မိမိအမြင်ကို အလျှော့မပေးကြချေ။ မြင်း၊ဆိတ်၊ဝက်များမွေးထားသော
မွေးမြူရေးခြံကြီးတစ်ခုနား ဖြတ်သန်းလာစဉ် ခင်ပွန်းဖြစ်သူက
သူ့ဇနီးဘက်လှည့်ကာ ခနဲ့တဲ့တဲ့ဖြင့် "ဒါမင်းဆွေမျိုးတွေလား" ဟု
မေးလိုက်ပါသည်။ ထိုအခါ ဇနီးဖြစ်သူ၏ ပြောစကားကြောင့် ခင်ပွန်းဖြစ်သူမှာ
ဘာမှမပြောနိုင် ဖြစ်သွားရတော့သည်။
       သူ့ဇနီး ပြန်ပြောသည်မှာ" ကျွန်မအမျိုးလို့လည်း ပြောနိုင်ပါတယ်။ ဒါပေမဲ့
ရှင်နဲ့ပတ်သက်ပြီး တော်ရတဲ့ အမျိုးတွေလေ"တဲ့။
  
နည်းလမ်းကောင်း
      
       "နောက်ဆုံးတော့ ငါ့ယောက်ျားဆီကနေ ပိုက်ဆံရပေါက်တစ်ခု တွေ့ထားတယ်" ဟု
အမျိုးသမီးတစ်ဦးက သူမသူငယ်ချင်းကို ပြောသည်။
       "မနေ့ညက ငါတို့ စကားများကြတယ်။ ငါက အမေ့အိမ်ပြန်တော့မယ်လို့
ပြောလိုက်တဲ့အခါ သူက ကားခထုတ်ပေးတယ်လေ"

No comments :

Post a Comment