Friday, March 8, 2013

တွေးတွေးပြီးရယ်


လက်ဖြောင့်တပ်သား

အမေရိကန်ဗိုလ်ချုပ်သည် ရှေ့တန်းစစ်မျက်နှာသို့ ရောက်လာသည်။ ရုတ်တရက် ရန်သူ့ဘက်မှ ပစ်လိုက်သော ကျည်ဆန်သည် ၎င်း၏စစ်ယူနီဖောင်းအကျီ င်္ကြယ်သီးကို ဖြတ်သွားသည်။ ကြောက်ကြောက်ဖြင့် ချက်ချင်းဆိုသ လို မြေကြီးပေါ်လှဲချလိုက်သည်။ ဘေးကိုကြည့်လိုက်သောအခါ စစ်သားများဘာမှမဖြစ်သလို ၀ိုင်းဖွဲ့၍ စကားပြော နေကြကသည်ကို တွေ့လိုက်ရသည်။

ဤအချိန်တွင် ဆာဂျင်တစ်ယောက်ပြေးလာသည်။ ဗိုလ်ချုပ်က အော်ပြောသည်။
“ဟေ့ ဆာဂျင်၊ ရန်သူ့စနိုက်ပါကို မင်းတို့ဘာဖြစ်လို့ မပစ်ချတာလဲ”
“ပစ်စရာမလိုဘူးထင်တယ် ဗိုလ်ချုပ်၊ သူ့ကိုပစ်ချလိုက်ရင် သူ့ထက်လက်ဖြောင့်တဲ့ ငနဲတစ်ယောက် ယောက်ကို ရန်သူက အစားထိုးနေရာချလိုက်ရင် မခက်ပေဘူးလား”


ကျီးစားတာပါ


စိတ်ရောဂါ အထူးကုဆေးရုံဝင်းထဲရှိ ပန်းခြံတွင် လူနာနှစ်ဦးလမ်းလျှောက်နေကြသည်။ ပန်းခြံထဲတွင်တွေ့သော ခွေးတစ်ကောင်အနားသို့ လူနာတစ်ယောက်က ကပ်သွားသည်။ ခွေးကိုပွတ်သက်ပြီး ပြောသည်။
“မင်္ဂလာပါ ဆင်မင်း”
နောက်တစ်ယောက်က ၎င်းကိုလက်တို့ခေါ်ပြီး တိုးတိုးပြောသည်။
“ဟေ့ကောင်၊ မင်းရူးနေသလား၊ ဆင်မှမဟုတ်တာ”
“ငါသိပါတယ်ကွ၊ ဒီမြင်းကို ငါတမင်ကျီစားတာပါ”

2 comments :

  1. တကယ်ကောင်းတယ်

    ReplyDelete
  2. အရမ်းကောင်းပါတယ်

    ReplyDelete