Saturday, March 9, 2013

LUCIFER (လူစီဖါ စာတန်၏အမှောင်လျို့ဝှက်အကြံအစည်တချို့ ဖေါ်ပြချက် ၄) (အင်္ဂလိပ်နာမည်မှ အသံထွက်ကိုလိုက်ပြီး မြန်မာလိုပြန်ထားသည်)

ဤအဖွဲ့အစည်းရှိကြောင်း သက်သေအထောက်အထားများ
သက်သေ ၁၊ အမေရိကန်ငွေစက္ကူ တစ်ဒေါ်လာထဲရှိ လျှို့ဝှက်ချက်များ
    
     US 1$ ငွေစက္ကူရွက်သည် ကမ္ဘာ့အနှံ့တွင် လူတိုင်းကိုင်တွယ်သုံးစွဲကြသော်လည်း အထဲရှိပုံဆွဲထားမှုတွေကိုတော့ အမှတ်တမဲ့ သာကြည့်ကြသည်။ တချို့တော့ တွေမြင်ခဲ့လိမ့်မည် မထင်၊ ကြည့်မြင်ကြသူများပင် အဓိပ္ပါယ်ကို ဖေါ်ထုတ်သိရှိနိုင်မည်မဟုတ်ပေ။

        ဇီးကွက်ပုံ- အမေရိကန် တဒေါ်လာတန်၏ လက်ယာဘက်အစွန် အပေါ်ဆုံးထောင့်မှာ ဇီးကွက်လေးတစ်ကောင်၏ပုံ လျှို့ဝှက်ချက်တစ်ခုပင်။ ကျွန်ုပ်တို့သူငယ်တန်း စာသင်တုန်း ဇီးကွက်ပညာရှိပုံ၊ သူဋ္ဌေးဖြစ်ပုံများ သင်ကြားခဲ့ရသည်ကို သတိထားမိ သည်။ ဇီးကွက်ပညာရှိ မျက်စီရှင် ကြောင်း မည်သည့်ခေတ်ကစပြီး လေ့လာခဲ့ပုံ သိရှိခဲ့ပုံများကိုသိ ချင်လှပါဘိ။  အဘယ်ကြောင့်ဆိုသော် ဒီဇီးကွက်မျိုးကို လျှို့ဝှက်အဖွဲ့၏ ရှိခိုးနေသောအကောင်တမျိုးဖြစ်သော ကြောင့် ဤအဖွဲ့အကြောင်းမှစ၍အတန်းစာအုပ်တွေ၌ ထည့်ပြီး သင်ကြားလာခဲ့သလားမသိရပေ။ ဇီးကွက် လေးတစ်ကောင်  ထိုနေရာ၌ ထည့်ထားသည့်အဓိပ္ပါယ် ကို အောက်တွင်ဖတ်ကြည့်ပါလေ။
Pyramid (အီဂျစ်ပြည်ကပီရမစ်) မျက်စိ၊ နံပါတ်စဉ် (၁၃)- အမေရိကန်တဒေါ်လာတန်ထဲ၌ ဇီးကွက်လေး တစ်ကောင်သာမက မျက်စိတလုံး၊ ပီရမစ်တခု၊ လျှို့ဝှက်အဖွဲ့၏နံပါတ်စဉ် (၁၃) မိသားစုနှင့် ပတ်သက်သော နံပါတ် (၁၃) လည်းပါဝင်နေသည်။ ထိုနံပါတ်သည် ကြယ် (၁၃) လုံး၊ သစ်ရွက် (၁၃) ရွက်၊မြှား (၁၃) စင်းတို့ဖြစ်သည်။ ပီရမစ်ပါရခြင်းသည် အီဂျစ်ပြည်နှင့်လည်း ပတ်သက်နေမည်ဖြစ်၏။  Lord of the Ring ဇတ် လမ်း၌ တောင်ထိပ်မီးတောက်နေသော မျက်စိလုံးသည် ထိုနေရာ မှဖြစ်၏။ အဓိပ္ပါယ်မှာ ဒီကမ္ဘာ့အခြေအနေအားလုံးကို ငါတို့မြင်ပြီး လက်ဝါး ကြီးအုပ်ချုပ်ရမည်။ ရှေ့အားလုံးကို မြင်နိုင်ပြီး မျက်စိရှင်ကာ အုပ်စိုးသူများဟု ဆိုလိုသည်။
သက်သေ ၂၊ ၀ါရှင်တန်မြို့တော်


        အမေရိကန်နိုင်ငံ၏မြို့တော် ၀ါရှင်တန်မြို့မြေပုံဖြစ် သည်။ ကောင်းမွန်သေချာစွာကြည့်လျှင် အပေါ်၌ဖေါ်ပြထား သော ဇီးကွက်ပုံ (blue print) အထဲ ကွက်တိ ၁၇၉၀ ခုနှစ်လောက်မှာ ၀ါရှင်တန်မြို့တည်ထောင်ခဲ့ပုံကိုကြည့်ပါ။ ဒီအကြောင်းတွေကိုကြည့်ရခြင်းဖြင့် တချို့အဖွဲ့အစည်း တွေက လျှို့ဝှက်စွာမြို့၏ ရပ်ကွက်တချို့တွင် ပုံစံသွင်း တည်ဆောက်ကြ သည်ကိုတွေ့ရသည်။ အခြားသော မြို့ကြီးအချို့အဆောက် အဦးကြီးမျာကိုလည်း ဤနည်း အတိုင်း လျှို့ဝှက်တည်ဆောက်ထားသလား  မည်သူမှ မသိနိုင်ပေ။
သက်သေ ၃၊ BOHEMIA CLUB
            ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့နား Red Wood ခေါ်သော တောတနေရာတွင် Bohemian Grove နာမည်ရှိသော ရပ်ကွက်တနေရာရှိသည်။ ထိုနေရာ၌ယောင်္ကျားများသာစုဝေးသော ကလပ် (Bohemian Grove) ရှိသည်။ မိန်းကလေးလုံး၀၀င်ခွင့်မရှိသော ကြောင့် ဒီမိုကရေစီနှင့်ဘာမှ သက်ဆိုင်မည်မထင်ပါ။ ယင်းကလပ်ကို ၁၈၇၂ ခုနှစ်မှာ တည်ထောင်ခဲ့သည်။ ထိုနေရာ၌ ပေ (၃၀) မြင့်သော ဇီး ကွက်ပုံကြီး တည်ဆောက်ထားသည်။ ယင်းပုံကြီး၏ရှေ့မှာကား  မိန်းကလေးများ ကိုပူဇော်ပြီး နတ်ကိုပသကြသည်။ ရှေးခေတ်ခါနန်နှင့်ဘာဘီလုန်နိုင်ငံများတွင် လူအချို့ကိုးကွယ်ပူဇော်ခဲ့သော ဘုရားဖြစ်ကြောင်း သိရသည်။ နောက်မှ ဥရောပနိုင်ငံများ ကိုးကွယ်ခဲ့ပုံရသည်။ ယခု အမေရိကတွင်လည်း ကိုးကွယ် ကြသည်။ ဤကလပ်ထဲဝင်ရန် သူတို့အဖွဲ့ဝင်ဖြစ်ရမည်။ ဤအသင်း၌ တိုင်းပြည်ခေါင်းဆောင်အချို့၊ပညာတတ်အချို့ပါရှိသည်။ အချို့သောနိုင်ငံများ မှလည်း အဖွဲ့ဝင်အဖြစ်ပါဝင်ကြသည်။ နောက်သမ္မတ မည်သူလုပ်ဆောင်စေဆိုပြီး ထိုနေရာမှပင် ဆုံးဖြတ် လုပ်ဆောင်ကြသည်။ တချို့ မိန်းမ၀တ်စုံဝတ်စားပြီး သောက်စားပျော်ပါးမူးကြသောအခါ တူရိယာသံမျိုးစုံဖြင့် ဖျော်ဖြေသောဒေသတစ်ခု ဖြစ်ပေသည်။ ဒီကရုပ်ပုံများကို ကောင်းမွန်သေချာစွာကြည့်ပါ။ ကမ္ဘာပေါ်တွင် မည်သည့်နေရာ၌ ဘာလုပ်မည် ရှေ့ရေးအတွက် တွက်ချပြီး ပုံစံဆွဲ ထားကြသည်။ ကျွှန်ုပ်တို့၏ငွေများ၊ ပညာရေး၊ စားဝတ်နေရေး၊ TV သတင်း၊ Entertaining တို့၊ စစ်ဘက်ဆိုင်ရာ၊ police တို့၊ယုံကြည်မှု (သာသနာ) အားလုံးသူတို့လက်ထဲ၌သာ ရှိကြသည်။ သူတို့ပြည်သူတွေကိုသိစေချင်သော အချက်တချို့သာလျှင် TV ရေဒီယို၊ သတင်းစာတွေက ကျွှန်ုပ်တို့သိရကြသည်။ မသိစေချင်သော အချက်အလက်များသည် အများပိုင်းဖြစ်သည်။ ထို့ကြောင့်သူတို့၏ ကြေညာချက်များတွင် တခါ တလေ လျှို့ဝှက်ချက်များစွာ ရှိကြောင်းသိရသည်။ ထိုနက်နဲချက်များ သိရှိရန် လျှို့ဝှက်သော စာတန်၏ စရိုက်အဖွဲ့အကြောင်း များများလေ့ လာ ထားသင့်ပေသည်။ သူတို့က ကမ္ဘာသူ ကမ္ဘာသားများကို သူတို့၏ အရာဝတ္ထုတခု၊ တိရစ္ဆာန်၊ ကျွန်လိုသာ တွက်ချက်ပြီး ကိုင်တွယ်အသုံး ပြုကြသည်။ ထိုနေရာ၌ အမေရိကန်သမ္မတဟောင်းများ၊ နောက်နောင်သမ္မတလောင်းများ ပါဝင်ကြသည်။ ထိုသူတို့သည် ဘုရားသခင်ကို အမှန်တကယ် ကိုင်းရှိင်းသူလို အယောင်ဆောင်တတ်ကြပြီး အတွင်းစိတ်များက စာတန်လူစီဖါကို ကိုးကွယ်သော သူများဖြစ်ကြပေသည်။ လူ စီဖါ၏ တပည့်မှန်ကြောင်း အောက် Freemasons နေရာတွင် သေချာဖတ်ရှူပါ။ ၁၉၈၀ ခုနှစ်လောက်သမ္မတ Ronald Reagan နှင့်ဇနီး Nancy တို့  အိမ်ဖြူတော်၌ (Republican) သမ္မတရာထူးထမ်းဆောင်စဉ်အခါ Joan Quinglay (နက္ခတ်တာရာပညာရှင်) ထံမှ ကြယ်နက္ခတ် တာရာတွေမှ တဆင့် မည်သည့်အရာများ လုပ်ဆောင်မည့် အစီအစဉ်များမေးယူပြီး အုပ်ချုပ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ အောက်၌ တယ် လီဖုန်းကိုင်နေသူသည် သူမ (astrologer) ပင်ဖြစ်သည်။ သူမရေးသားထားသော စာအုပ်သည် “How I ran the White House” ဟု နာမည်တပ်ထားသည်။ ကျွှန်မ အိမ်ဖြူတော်ခေါင်းဆောင်အားဖြင့် အမေရိကကို မည်ကဲ့သို့အုပ်ချုပ်ခဲ့ပုံဟု အဓိပ္ပါယ်ဖေါ်သည်။

            Bohemia club ကို ၂၀၀၀ ခုနှစ် ဇူလိုင် ၁၅ ရက်တွင် Alex Jones (ပုံထဲမှ) က အထဲကို တိတ်တဆိပ်ဝင်ရောက်ကာ ဓါတ်ပုံရိုက်နှိပ်ခဲ့ပြီး ကမ္ဘာသို့ နာမည်များကို ဖွင့်လှစ်ခဲ့သည်။ ပုံထဲက ရုပ်ပုံများသည် အမှန်အတိုင်း အရှိတိုင်း ရိုက်ထားခြင်းဖြစ်သည်။ ဤ၀ဘ်ဆိုက်တွင် ဖွင့် ကြည့်နိုင်သည်။
            ထို့နောက် Jesse Ventura (အောက်ပုံအထဲ), Manisota governor ဟောင်းကလည်း လျှို့ဝှက်အဖွဲ့အစည်းကို တဖွဲ့ပြီးတဖွဲ့သေချာ ဆန်းစစ်ထောက်လှမ်းကာကမ္ဘာကိုသိစေခဲ့ သည်။ ၂၀၀၂ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့ ကမ္ဘာ့ကုန်သည်များ တိုက်မြင့်ကြီး Twin tower ကို လေယာဉ်ဖြင့်တိုက်ခဲ့စဉ်၌လည်း ဤလျို့ဝှက်အဖွဲ့ လက်ချက်ပါကြောင်းသိရသည်။ လေယာဉ်တစင်းဖြင့် ထိုမျှော်စင်ကြီးကို မဖျက်ဆီးနိုင်။ သူတို့အဖွဲ့က အောက်ခြေတွင် မိုင်းဗုံးများ ကြိုတင်ထောင် ထားခဲ့သည်ဟုဆို၏။ ထိုနေရာတွင် လေယာဉ်အစမှဟူ၍ တခုတလေမျှရှာလို့မတွေ့ ရပေ။ ဗုံးလိုပေါက်ကွဲသောအရာအမျိုးမျိုးနှင့် ပစ်ဖေါက်ခဲ့သည်ဟုဆို၏။ John F.Kennedy ကိုလည်း သမ္မတက သူရာထူးထမ်းဆောင်သော အခါ ဤလျှို့ဝှက်အဖွဲ့ကို ဖေါ်ထုတ်မည်ဟု ကြိမ်းဝါးခဲ့သောကြောင့် ဤအဖွဲ့မှ လုပ်ကြံခဲ့ခြင်းပင်ဖြစ်သည်ကိုသိရသည်။
သက်သေ ၄။ Skull & Bones
            ဦခေါင်းခွံနှင့်အရိုးများအဖွဲ့သည် အမေရိကန်ပြည် Connecticut ကစလာသည်။ Yale University ကျောင်းကြီး၌ အတော်ဆုံး ကျောင်းသားများကို နောင်၌မည်ကဲ့သို့အလုပ်တွေ လုပ်ဆောင်ရန် ရည်ရွယ်ချက်တွေ ချမှတ်ပြီး ထောက်ပံ့ပေးသောကျောင်းဖြစ်သည်။ သမ္မတ George W.bush နှင့် John Kerry တို့လည်း ဤကျောင်းမှဖြစ်ကြသည်။ Bush ကို ရီပက်ဗလီကန်ပါတီမှ ရပ်တည် စေပြီး Kerry ကို ဒီ မိုကရက်တစ်ပါတီဘက်ရပ်တည်စေပြီး မဲပြိုင်ခိုင်းသည်။ ထိုနှစ်ယောက်စလုံးနောက်နောင်သမ္မတဖြစ်လာစေခဲ့သလို ၂၀၀၂ ခုနှစ်မှပြိုင်ခဲ့ သည်။ TV interview တစ်ခုတွင် Skull & Bones အဖွဲ့ဝင်ဟုတ်မဟုတ် မေးမြန်းသောအခါ မငြင်းပယ်ခဲ့ပေ။ လျှို့ဝှက်အလုပ်ဖြစ်သောကြောင့် ဘာမှ ပတ်သက်ဖို့အကြောင်းမရှိဟု ဖြေခဲ့သည်။ ဤဆိုဒ်တွင်လေ့လာကြည့်ပါ။ http://www.youtube.com/watch?v=mPh7sUvhZ3E  သုတို့နှစ် ယောက် တဘက်စီ မဲပြိုင်ခဲ့ကြပေမဲ့ အမှောင်ထဲမှာ သူတို့အလုပ်က တူနေကြသည်။ မည်သူနိုင်/ရှူံး သူတို့အဖို့ အရှူံးမရှိပါ။

No comments :

Post a Comment