Friday, March 8, 2013

တွေးတွေးပြီးရယ် ၂

ကိုယ့်မိန်းမအကြောင်း ကိုယ်အသိဆုံးပါ

“ခင်ဗျားမိန်းမကို လူတစ်ယောက်နမ်းဖို့ကြိုးစာနေတာ ခုနကပဲ ကျွန်တော်တွေ့ခဲ့တယ်ဗျ”
“ဟုတ်လား၊ သူကြိုးစားတာအောင်မြင်သွားလား”
“ဟင့်အင်း”
“အဲဒါဆို ကျွန်တော့်မိန်းမ မဖြစ်နိုင်ဘူး”




ကာကွယ်ရေး ပစ္စည်း

လူရွယ်တစ်ဦး ဆေးဆိုင်သို့ ရောက်လာကာ အရောင်းသမကို တိုးတိုးပြောသည်၊ အမျိုးသမီးက ကျယ်ကျယ် ပြန်ပြောသည်။
“ဘာ ကာကွယ်ရေးပစ္စည်းလဲ၊ ကျွန်မတို့ဆိုင်က ဆေးဆိုင်ရှင့်၊ ကာကွယ်ရေး ၀န်းကြီးဌာန မဟုတ်ဘူး”


သုံးစရာရှိသုံးမှပေါ့

ယောက်ျားအပေါ် သစ္စာဖေါက်ရပုံအကြောင်းကို မိန်းမက ရှင်းပြနေသည်။
“ပိန်ချုံးပြီး ထမင်းဆာနေတဲ့ လူတစ်ယောက် ရောက်လာတယ်၊ ကျွန်မ သူ့ကို သနားသွားတယ်၊ ဒါနဲ့ သူ့ကို ရေချိုးခိုင်းပြီး အစာကျွေးလိုက်တယ်၊ အ၀တ်အစားလည်း ဆင်ပေးလိုက်တယ်။ သူက ကျေးဇူးတင် စကားပြောတယ်၊ တစ်ဆက်တည်းက အစ်မကြီးရဲ့ ယောက်ျား အသုံးမပြုတဲ့ ပစ္စည်းရှိသလားလို့ မေးတယ်။ အဲဒီမှာ ရှင်ကျွန်မရဲ့ ကိုယ်ခန္ဓာကို အသုံးမပြုတာ ကြာပြီပဲလို့ သတိရလိုက်တယ်”


နေကြပ်တဲ့နေ့

“သိပ္ပံပညာရှင်တွေဟာ ဘယ်လိုနည်းနဲ့ နေကြပ်တယ်ဆိုတာကို ကြိုသိကြသလဲ မသိဘူးနော်”
“ဘာလဲ၊ သူတို့ သတင်းစာ မဖတ်ဘူးထင်လို့လား”


ပြောတာကို နားထောင်မှပေါ့

စကားထစ်သူတစ်ဦးသည် ဆိုင်မှ ရေခဲသေတ္တာဝယ်သည်။ ဆိုင်မှ အလုပ်သမားက ရေခဲသေတ္တာကို ငါးထပ် တိုက်ပေါ်သို့ ထမ်းတင်သည်။ လှေခါးတစ်လျှောက်တက်စဉ် စကားထစ်သူက တစ်စုံတစ်ခုပြောရန် ကြိုးစားသည်။ အလုပ်သမားက နားမထောင်ဘဲ ပြန်ပြောသည်။
“အပေါ်ရောက်မှ ပြောဗျာ”
အပေါ်ဆုံးထပ်သို့ ရောက်လာသည်။
“ကိုင်း…..ဘာပြောချင်လို့လဲ၊ ပြော”
ကျွန်တော်တို့ ၀င်ပေါက်မှား…. မှားဝင်မိတယ်ဗျ”
အလုပ်သမားသည် ဆဲရေးတိုင်းထွာပြီး ရေခဲသေတ္တာကို လာခဲ့သော လှေခါးအတိုင်း ထမ်းပြီးပြန်ဆင် သည်၊ အဆင်းလမ်းတွင် စကားထစ်သူက စကားပြောရန် ကြိုးစားသည်၊ အောက်သို့ရောက်လာသည်။
“ဒီတစ်ခါဘာပြောဦးမလို့လဲ”
“ကျွန်တော် ကျီ…..ကျီစားတာပါ ခင်ဗျာ”


ပိန်ဆေး

“ကျွန်မ ဆရာပေးတဲ့ ပိန်ဆေးကို သောက်နေတာ ၂- လရှိပြီ၊ ပိန်လည်းမပိန်ပါလားရှင်”
“တစ်နေ့ကို ခင်ဗျား ဘယ်နှစ်ကြိမ်သောက်သလဲ”
ဆယ်ကြိမ်၊ ထမင်းစားပြီးတိုင်း တစ်ခါသောက်လို့ ဆရာပြောတဲ့အတိုင်းပဲလေ”




ငွေရတု

ပြင်သစ်ကုမ္ပဏီတစ်ခု၏ အုပ်ချုပ်ရေးမှူးသည် ၀န်ထမ်းများအားလုံးကို စုရုံးစေကာ အောက်ပါအတိုင်း ပြောသည်။
“လာမယ့်ရက်အနည်းငယ်အတွင်းမှာ ကျွန်တော်တို့ရဲ့ ကုမ္ပဏီဟာ ၂၅-နှစ် ပြည့်တော့မယ်၊ ဒီနှစ်ပတ် လည်နေ့ကို ကျွန်တော်တို့ ထိုက်ထိုက်တန်တန် ကျင်းပရမှာဖြစ်တယ်။ ဒါကြောင့် ဘယ်လိုကျင်းပရင် ကောင်းမလဲ ဆိုတာနဲ့ ပတ်သက်ပြီး အကြံဉာဏ်ပေးကြစေချင်ပါတယ်၊ ဒါပေမယ့် ဒီငွေရတုပွဲဟာ ပိုက်ဆံ အကုန်အကျ များလို့ မဖြစ်ဘူး၊ တစ်နိုင်ငံလုံးက ကုမ္ပဏီအကြောင်းကို ပြောစမှတ်ဖြစ်ရမယ်၊ ၀န်ထမ်းအားလုံးလည်း ကျေနပ်အားရဖြစ် စေရမယ်၊ ကိုင်း….. အကြံဉာဏ်များပေးကြပါ”
မိနစ်အနည်းငယ်အကြာတွင် အခန်းထောင့်တစ်နေရာမှ ၀န်ထမ်းတစ်ဦး နေရာမှ ထရပ်သည်။
“ကျွန်တော့်ဆီမှာ အကြံဉာဏ်တစ်ခုပေါ်လာပါတယ်”
“ပြောပါ”
“အီဖယ်လ်မျှော်စင်ကနေ အုပ်ချုပ်ရေးမှူးကြီး ခုန်ချပါ၊ ဒီအတွက် မျှော်စင်ပေါ်တက်ခ လက်မှတ်ဖိုးပဲ ကုန်ပါမယ်၊ ပြင်သစ်တစ်နိုင်ငံလုံးကလလည်း ခုန်ချတဲ့အကြောင်းနဲ့ ကျွန်တော်တို့ကုမ္ပဏီအကြောင်းကို ပြောကြ မှာ သေချာတယ်၊ အဲ ၀န်ထမ်းတွေရဲ့ ကျေနပ်အားရမှုကတော့ ဘယ်လိုမှမဖော်ပြတတ်အောင်ပါပဲ”

No comments :

Post a Comment